ခါးအတိုင်းအတာက ဘာကြောင့် အရေးကြီးတာလဲ?
ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေတွေက ကိုယ်အလေးချိန်ပေါ်မှာကော ခန္ဓာကိုယ်မှာ အဆီတွေကို ဘယ်နေရာတွေမှာ သိုလှောင်ထားလဲ ဆိုတာပေါ်မှာပါ မူတည်ပါတယ်။ ခန္ဓာကိုယ်အလယ်ပိုင်းဖြစ်တဲ့ ခါးနေရာမှာ အဆီတွေ စုနေပါက နှလုံးရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ ကင်ဆာရောဂါ စတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။
>> ခါးအတိုင်းအတာကို ဘယ်လိုမှန်မှန်ကန်ကန် တိုင်းကြမလဲ?
• နံရိုးအောက်ခြေနဲ့ တင်ပါးထိပ်တွေကို ရှာပါ။
• ဒီနှစ်မှတ်ရဲ့ အလယ်တည့်တည့်ကနေပြီးတော့ ပေကြိုးနဲ့ ခါးကို ပတ်တိုင်းပါ။
• မတိုင်းမခင်မှာ ပုံမှန်အတိုင်း အသက်ရှူပါ။
အရပ်တွေ၊ BMI တွေကို အသာထားပြီး ကိုယ့်ရဲ့ခါးအတိုင်းအတာ ဒီလောက်ဖြစ်နေပြီဆိုရင် ဝိတ်လျှော့ဖို့ လိုပါပြီ။
• အမျိုးသားတွေမှာ ခါးအတိုင်း 94 cm (37 လက်မ) နှင့် အထက်
• အမျိုးသမီးတွေမှာ ခါးအတိုင်း 80 cm (31.5 လက်မ) နှင့် အထက်
ခါးအတိုင်းတွေက အောက်ပါလောက် ဖြစ်နေပြီဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေ အရမ်းများတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါပြီ။
• အမျိုးသားများတွင် 102 cm (40 လက်မ) နှင့် အထက်
• အမျိုးသမီးများတွင် 88 cm (34 လက်မ) နှင့် အထက်
>> ဝမ်းဗိုက်ပတ်လည်က အဆီများ
ကျွန်ုပ်တို့ခန္ဓာကိုယ်က သုံးနိုင်ထက် ကယ်လိုရီပမာဏထက် ပိုပြီးအမြဲစားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တက်လာရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီပိုတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ် သိုလှောင်ထားပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန် ချချင်တယ်ဆိုရင် အကောင်းဆုံး နည်းလမ်းးကတော့ နည်းနည်းစားပြီး လှုပ်ရှားမှု များများလုပ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























