/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခါး-နာတာလား-တင်ပါး-နာတာလား

ခါး နာတာလား ... တင်ပါး နာတာလား ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခါး နာတာနဲ့ တင်ပါး နာတာဟာ ထပ်နေလေ့ရှိကြတယ်။

 

>>    ဘယ်အချိန်မှာ တင်ပါး နာတတ်သလဲ?

          တကယ်တော့ တင်ပါးဆုံပြဿနာတွေဟာ ပေါင်ခြံနာပြီး လာကြတာ များတယ်။

          ဒါကြောင့် ပေါင်ခြံနာတာအများစုကို တခြားအကြောင်းအရင်း ရှာမတွေ့ရင် တင်ပါးဆုံပြဿနာလို့ပဲ ယူဆလို့ရပါတယ်။

          တင်ပါးဆုံကျီးပေါင်းဟာ တင်ပါးဆုံနာစေတဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။

●        ပေါင်ခြံနာတာ

●        နာလိုက် ပျောက်လိုက်ဖြစ်ပြီး နောက်ပိုင်း ပိုပိုဆိုးလာတာ

●        မတ်တတ်ရပ်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ ပိုနာပြီး နားလိုက်ရင် သက်သာသွားတာ

●        တောင့်တင်းနေတာ

●        ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရတာတွေ ဖြစ်တတ်ပါတယ်။

          နောက်တစ်ခုက တင်ပါးဆုံ အဆစ်ပုတ်သွားတဲ့ပြဿနာပါ။ နာတာ ပိုဆိုးပြီး တောက်လျှောက် နာနေတတ်တယ်။

 

>>    ဘယ်အချိန်မှာ ခါးရိုးနာတတ်သလဲ?

          ခါးရိုးဆစ်အောက်ပိုင်းပြဿနာ အများစုဟာ အဆစ်ကျွံတာကြောင့် ဖြစ်တတ်တယ်။ ဒီလိုအဆစ်ကျွံတဲ့အခါ အာရုံကြောကို ဖိမိပြီး ပေါင်တစ်လျှောက် နာလာတတ်တယ်။

●        ခါး၊ တင်ပါး၊ တင်ပါးဆုံ နာနေတယ်ဆိုရင်

●        ခြေထောက်တစ်လျှောက်ကို ပြန့်သွားရင်

●        ထိုင်တဲ့အချိန်၊ ကုန်းလိုက်တဲ့အချိန်မျိုးမှာ ပိုနာနေရင်

●        မတ်တတ်ရပ်တဲ့အချိန်၊ လမ်းလျှောက်တဲ့အချိန်မှာ သက်သာသွားရင် အဆစ်ကျွံတာပါပဲ။

          ဒါ့အပြင် ညဘက် ချွေးစေးတွေ ပြန်တယ်၊ ကင်ဆာရာဇဝင် ရှိဖူးတယ်၊ လှဲလိုက်ရင်တောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြပါ။ ပြဿနာ ပိုဆိုးနေတတ်တယ်။

>>    တင်ပါးဆုံနာတာ သက်သာဖို့ ...

●        ဆရာဝန်နဲ့ပြပါ။ အကိုက်အခဲပျောက်ဆေးကို ညွှန်းတဲ့အတိုင်း သောက်ပါ။

●        ကိုယ်အလေးချိန် ချပါ။ တင်ပါးဆုံနာတာကို သက်သာစေပါလိမ့်မယ်။

 

>>    ခါးနာတာပျောက်ဖို့ ...

●        ဆရာဝန်နဲ့ပြပါ။ အကိုက်အခဲပျောက်ဆေးကို ညွှန်းတဲ့အတိုင်း သောက်ပါ။ ဒီကြားထဲမှာ လှုပ်လှုပ်ရှားရှားနေပါ။ အကြာကြီး အိပ်ရာထဲလှဲနေတာ မကောင်းပါဘူး။

●        ၂ ပတ်ကြာလို့ မသက်သာရင် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဆရာဝန်နဲ့ ပြကြည့်ပါ။ နောက်ကြောကြွက်သားတွေ ပြန်ပြီးကြံ့ခိုင်လာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။

●        ဝိတ်လျှော့ပါ။ ဆေးလိပ်ဖြတ်ပါ။

          ဘယ်ကနာမှန်းမသိ နာနေရင်တော့ အရိုးအကြောအထူးကုနဲ့ ပြဖို့ လိုလာပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)






Dr. Mya Phoo Ngon (www.drmyanmar.com)