/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေတ်စားလာတဲ့-ရနံ့ကုထုံးနဲ့-အစွမ်းထက်-အမွှေးဆီများအကြောင်း

ခေတ်စားလာတဲ့ ရနံ့ကုထုံးနဲ့ အစွမ်းထက် အမွှေးဆီများအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့လေးတွေပာာ စိတ်ကိုကြည်လင်စေပြီး လူကို အလွန်သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ရနံ့တွေရဲ့ ကြိုင်လှိုင်ပုံ အမျိုးအစား လူဦးနှောက်က ခံယူပုံအနေအထားတွေလည်း ကွာခြားတာကြောင့် သူ့အကြိုက် ကိုယ့်အကြိုက်တွေ ကွာခြားကုန်တာ ဖြစ်ပါတယ်။

 

>>    ရနံ့ကောင်းကောင်းတွေပာာ

●        နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။

●        စိတ်ဖိစီးမှု လျော့ကျစေတယ်။

●        အကြောတွေ ပြေလျော့စေတယ်။

●        အစာကြေပြီး နေလို့ကောင်းစေတယ်။

●        သွေးတိုးကျစေတယ်။

●        မှတ်ဉာဏ်စွမ်းအား တိုးတက်စေပါတယ်။

          လတ်ဆတ်တဲ့ ရနံ့ကောင်းဆိုတာ အမွှေးဆီ တစ်မျိုးတည်းမကဘဲ ဆီမွှေး သုံးလေးမျိုးလောက်ကို ရောစပ်ပြီးမှ အကောင်းဆုံး အနံ့တစ်ခု ရရှိလာတာပါ။ အမွှေးဖယောင်းခွက်လေးနဲ့ပဲ ထွန်းထွန်း၊ ရေချိုးအမွှေးဆီလေးတွေ အနေနဲ့ပဲသုံးသုံး၊ အသားအရေလိမ်းဖို့ သက်သက်ပဲဝယ်ဝယ်၊ ရေမွှေးလေးတွေပဲ စုစု ဒါလေးတွေ သိထားတော့ အိုင်ဒီယာရတာပေါ့။

●        နာကျင်မှုတွေ အကိုက်အခဲတွေကြောင့် စိတ်ညစ်နေရပြီလား။ လာဗင်ဒါ၊ ကာမိုလိုင်း၊ ယူကလစ်ဆီ၊ ရို့မယ်ရီနဲ့ ပက်ပါမင့်အနံ့တွေပာာ ဦးနှောက်လှိုင်းတွေကို ငြိမ်ကျသွားစေပြီး အနာသက်သာစေပါသတဲ့။

●        သံပရာနံ့၊ ပက်ပါမင့်၊ ယူကလစ်နံ့နဲ့ စီနမွန်တွေပာာ ကိုယ်ခံအားကို မြင့်တက်စေပါသတဲ့။

●        လာဗင်ဒါ၊ စံပယ်၊ စန္ဒကူး၊ နှင်းဆီနံ့တွေကတော့ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေပါသတဲ့။ အိပ်မပျော်ဘူးပြောနေတဲ့ ချစ်သူလေးကို ဒီအနံ့လေးတွေပါတဲ့  ရေမွှေးလေးတွေ ဝယ်ပေးလိုက်ပါဦး။

●        ယူကလစ်၊ အယ်လမွန်၊ ထောပတ်ဆီ၊ အုန်းဆီ၊ စန္ဒကူးဆီတွေကတော့ ခေါင်းကိုက်ရောဂါအတွက် အကောင်းဆုံးပါတဲ့။ အသာအယာ လက်ကလေးထဲထည့် ကုတ်ပိုးနဲ့ နားထင်နေရာလေးတွေ ပွတ်လိမ်းကြည့်ပါ။

 

●        လာဗင်ဒါဆီ၊ ဂန္ဓမာဆီတွေက အရေပြားရောဂါတွေမှာလည်း လိမ်းတဲ့ဆီအဖြစ် အသုံးကျသလို အနာကျက် မြန်စေပါတယ်။

●        ငရုတ်ကောင်းနံ့၊ စီနမွန်နံ၊  လေးညှင်းပွင့်တွေက အာရုံကြောလေးတွေကို ပွင့်သွားစေပြီး အားအင်တိုးစေပါတယ်။

●        သံပရာနံ့၊ စံပယ်နံ့၊ ပူစီနံအနံ့တွေကတော့ စိတ်ဖိစီးမှုတွေ မှတ်ဉာဏ်ချို့ယွင်းတာတွေအတွက် အသင့်တော်ဆုံးပါပဲ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)