ခေါင်းကိုက်ခြင်းနဲ့ နားထင်နာခြင်း
စိတ်ဖိစီးမှုတွေ၊ ဟော်မုန်းတွေ၊ ရာသီဥတု၊ ဆေးဝါးတွေနဲ့ ဦးခေါင်းခွံတွင်း လေလမ်းကြောင်း ဖိအားများတာတွေ စသဖြင့် အကြောင်းကြောင်းကြောင့် ခေါင်းကိုက်တတ်ကြတယ်။ နားထင်သွေးကြောရောင်တဲ့အခါ နားထင်နားက နာလာတတ်တယ်။ နားထင်သွေးကြော ရောင်ရမ်းခြင်းရဲ့ အဓိကလက္ခဏာတစ်ရပ်ကတော့ ခေါင်းကိုက်တာပါပဲ။ နားထင်ဝန်းကျင်မှာ ထိုးထိုးပြီးတော့ အရမ်းနာလာပြီဆိုရင် နားထင်သွေးကြောရောင်ရမ်း ခြင်းကို စဉ်းစားသင့်တယ်။
>> ရောဂါလက္ခဏာတွေကတော့ -
နားထင်သွေးကြော ရောင်ရမ်းခြင်းဟာ ဆိုးရွားပြီး မခံမရပ်နိုင်လောက်တဲ့ လက္ခဏာတွေကို ဖြစ်စေတတ်တယ်။ နားထင်သွေးကြောဟာ နားထင်တစ်လျှောက်နဲ့ မျက်လုံးတစ်ဝိုက်နားမှာ ပတ်ပြီးတော့သွားတယ်။ လည်ပင်း၊ ခေါင်း၊ ကိုယ်ခန္ဓာအပေါ်ပိုင်းနဲ့ လက်မောင်းတွေကို ထိတတ်တယ်။ ခေါင်းကိုက်တာဟာ တစ်ခြမ်းကိုက်တတ်ပြီး တစ်နေရာထဲမှာ ကိုက်တတ်တယ်။ မေးရိုးနာခြင်း၊ နုံးနေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ချွေးထွက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း စတဲ့လက္ခဏာတွေနဲ့လည်း လာတတ်တယ်။ အသက် ၅၀ နဲ့အထက် အမျိုးသမီးတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။
Bio Adult 1

>> ရောဂါရှာဖွေဖို့အတွက် -
အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ပြပြီး စစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်။ အသက် ၅၀ အထက်လူတွေမှာ နားထင်နားတစ်ဝိုက် နာကျင်နေတယ်၊ ခေါင်းတစ်နေရာက ကိုက်နေတယ်ဆိုရင် နားထင်သွေးကြော ရောင်နေတာ ဖြစ်နိုင်တယ်။ နားထင်သွေးကြောကို အာထရာစောင်းရိုက်ပြီး မြင်လွှာစစ်ဆေးတာ၊ သွေးစစ်တာတွေ လုပ်ဖို့လိုတယ်။
>> ဘယ်လိုကုသကြမလဲ?
နားထင်သွေးကြော ရောင်ပြီး ခေါင်းကိုက်တာအတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စစ်ဆေးကုသမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကြွက်သားဖြေလျော့တဲ့ နည်းလမ်းတွေကိုလည်း လုပ်ကြည့်လို့ရပါတယ်။ ယောဂ၊ အသက်ရှူလေ့ကျင့်ခန်း၊ အပ်စိုက်ကုထုံး စတာတွေကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်။ ကိုယ်ဖြစ်တဲ့လက္ခဏာတွေပေါ် မူတည်ပြီး ကုသမှုတွေ ကွာခြားတတ်ကြတယ်။ ဒါကြောင့် ခေါင်းကိုက်တာ ကြာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့ တိုက်တွန်းပါရစေနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Zawgyi)
စိတ္ဖိစီးမႈေတြ၊ ေဟာ္မုန္းေတြ၊ ရာသီဥတု၊ ေဆးဝါးေတြနဲ႔ ဦးေခါင္းခြံတြင္း ေလလမ္းေၾကာင္း ဖိအားမ်ားတာေတြ စသျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ ေခါင္းကိုက္တတ္ၾကတယ္။ နားထင္ေသြးေၾကာေရာင္တဲ့အခါ နားထင္နားက နာလာတတ္တယ္။ နားထင္ေသြးေၾကာ ေရာင္ရမ္းျခင္းရဲ႕ အဓိကလကၡဏာတစ္ရပ္ကေတာ့ ေခါင္းကိုက္တာပါပဲ။ နားထင္၀န္းက်င္မွာ ထိုးထိုးၿပီးေတာ့ အရမ္းနာလာၿပီဆိုရင္ နားထင္ေသြးေၾကာေရာင္ရမ္း ျခင္းကို စဥ္းစားသင့္တယ္။
>> ေရာဂါလကၡဏာေတြကေတာ့ -
နားထင္ေသြးေၾကာ ေရာင္ရမ္းျခင္းဟာ ဆိုး႐ြားၿပီး မခံမရပ္နိုင္ေလာက္တဲ့ လကၡဏာေတြကို ျဖစ္ေစတတ္တယ္။ နားထင္ေသြးေၾကာဟာ နားထင္တစ္ေလွ်ာက္နဲ႔ မ်က္လံုးတစ္ဝိုက္နားမွာ ပတ္ၿပီးေတာ့သြားတယ္။ လည္ပင္း၊ ေခါင္း၊ ကိုယ္ခႏၶာအေပၚပိုင္းနဲ႔ လက္ေမာင္းေတြကို ထိတတ္တယ္။ ေခါင္းကိုက္တာဟာ တစ္ျခမ္းကိုက္တတ္ၿပီး တစ္ေနရာထဲမွာ ကိုက္တတ္တယ္။ ေမး႐ိုးနာျခင္း၊ ႏံုးေနျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ေခြၽးထြက္ျခင္း၊ အျမင္အာ႐ံု ေဝဝါးျခင္း စတဲ့လကၡဏာေတြနဲ႔လည္း လာတတ္တယ္။ အသက္ ၅၀ နဲ႔အထက္ အမ်ိဳးသမီးေတြနဲ႔ ေဆးလိပ္ေသာက္သူေတြမွာ အျဖစ္မ်ားပါတယ္။
>> ေရာဂါရွာေဖြဖို႔အတြက္ -
အေပၚမွာေျပာခဲ့တဲ့ လကၡဏာေတြျဖစ္လာခဲ့ရင္ ဆရာဝန္နဲ႔ျပၿပီး စစ္ေဆးမႈေတြ လုပ္ဖို႔လိုတယ္။ အသက္ ၅၀ အထက္လူေတြမွာ နားထင္နားတစ္ဝိုက္ နာက်င္ေနတယ္၊ ေခါင္းတစ္ေနရာက ကိုက္ေနတယ္ဆိုရင္ နားထင္ေသြးေၾကာ ေရာင္ေနတာ ျဖစ္နိုင္တယ္။ နားထင္ေသြးေၾကာကို အာထရာေစာင္း႐ိုက္ၿပီး ျမင္လႊာစစ္ေဆးတာ၊ ေသြးစစ္တာေတြ လုပ္ဖို႔လိုတယ္။
>> ဘယ္လိုကုသၾကမလဲ?
နားထင္ေသြးေၾကာ ေရာင္ၿပီး ေခါင္းကိုက္တာအတြက္ ဆရာ၀န္နဲ႔ ေသခ်ာတိုင္ပင္ၿပီး စစ္ေဆးကုသမႈေတြလုပ္ဖို႔ လုိအပ္ပါတယ္။ ဒါ့အျပင္ ႂကြက္သားေျဖေလ်ာ့တဲ့ နည္းလမ္းေတြကိုလည္း လုပ္ၾကည့္လို႔ရပါတယ္။ ေယာဂ၊ အသက္ရွဴေလ့က်င့္ခန္း၊ အပ္စိုက္ကုထံုး စတာေတြကလည္း ေခါင္းကိုက္တာကို သက္သာေစႏိုင္တယ္။ ကိုယ္ျဖစ္တဲ့လကၡဏာေတြေပၚ မူတည္ၿပီး ကုသမႈေတြ ကြာျခားတတ္ၾကတယ္။ ဒါေၾကာင့္ ေခါင္းကိုက္တာ ၾကာေနၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပၾကည့္ဖို႔ တိုက္တြန္းပါရေစေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)




























