/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်မပျောက်တာဘာလို့လဲ-အဖြေရှာကြမလား

ခေါင်းကိုက်မပျောက်တာဘာလို့လဲ အဖြေရှာကြမလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦ တောက်လျှောက်စိတ်ဖိစီးနေလို့ပါ။ သက်သာပါတယ်ပြောမယ်ကြံလိုက် တခုခုစိတ်ညစ်စရာကြုံလိုက်ဖြစ်နေလို့ဖြစ်ပါတယ်။

♦ ရေဓာတ်ခန်းခြောက်တာက ကိုယ်မသိလိုက်ဘဲ ခေါင်းဆက်တိုက်ကိုက်နေတတ်တဲ့အကြောင်းဖြစ်ပါတယ်။ ရေသောက်တာနည်းနေရင်တော့ခေါင်းကိုက်တော်ရုံပျောက်ဖို့မရှိပါဘူး။ ဆီးအဝါရောင်သွားတာ၊ ရေဆာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း အသားအရေ ခြောက်ခန်းတာတွေခံစားရရင်သေချာပေါက်ရေဓာတ်ခန်းခြောက်ပါပြီ။

♦ သွေးအားနည်းနေတာကလည်း ခေါင်းဆက်တိုက်ကိုက်စေတဲ့အကြောင်းပါပဲ။ လူလည်းဖြူဖတ်ပြီးနေလို့မကောင်း အမူးအမော်လေးပါတွဲနေရင်သတိတရ သွေးအားလေးစစ်ကြည့်ပါဦး။

Bio Adult 1

♦ ဆီးချိုလိုမျိုး ကိုယ်ခံအားဖောက်ပြန်ရောဂါတွေလိုမျိုး နာတာရှည် ရောဂါတွေကလည်းခေါင်းကိုက်မပျောက်စေပါဘူး။

♦ ရာသီလာခါနီးတာ သွေးဆုံးချိန်တွေဟော်မုန်းပြောင်းလဲချိန်ဆိုရင်လည်း တော်ရုံမပျောက်တတ်ပါဘူး။

♦ လေအခေါင်းပွတွေရောင်ရမ်းတဲ့ထိပ်ကပ်နာနဲ့တွဲဖက်တဲ့ခေါင်းကိုက်ရောဂါဟာ တော်ရုံပျောက်ဖို့မရှိပါဘူး။ 

♦ ကော်ဖီသိပ်သောက်လွန်းရင်လည်း ခေါင်းကိုက်မပျောက်ပါဘူး။ 

♦ ခေါင်းကိုက်ပျောက်ဆေးတွေအလွယ်တကူသောက်နေကျဖြစ်သွားတဲ့အခါ ဆေးတော်ရုံမတိုးတော့ဘဲခေါင်းကိုက်ပျောက်ဖို့ခက်ခဲလာပါတယ်။

♦ ဆက်တိုက်ခံစားနေရပြီး မရပ်တဲ့ခေါင်းကိုက်ရောဂါဟာ ရှားရှားပါးပါးဦးနှောက်အကျိတ်ရောဂါတွေကြောင့်ဖြစ်နေတတ်ပါသေးတယ်။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)

♦ တောကျလြှောကျစိတျဖိစီးနလေို့ပါ။ သကျသာပါတယျပွောမယျကွံလိုကျ တခုခုစိတျညဈစရာကွုံလိုကျဖွဈနလေို့ဖွဈပါတယျ။








