/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းကိုက်မြန်မြန်ပျောက်ချင်သူများအတွက်-အရေးကြီးမှတ်စု

ခေါင်းကိုက်မြန်မြန်ပျောက်ချင်သူများအတွက် အရေးကြီးမှတ်စု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းကိုက်တဲ့အခါ အလွယ်တကူရနိုင်တဲ့အကိုက်အခဲပျောက်ဆေးတွေက ထိရောက်တဲ့ကုထုံးလို့ အများလက်ခံထားကြပါတယ်။

 

• ပါရာစီတမော

• Ibuprofen

• Naproxen

• Aspirin တွေလိုဆေးတွေဟာ ခေါင်းကိုက်တာကိုမြန်မြန်သက်သာစေပါတယ်။

 

မကြာခဏ ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ရောဂါအတွက်ကတော့ နည်းနည်းပြင်းတဲ့ဆေးလေးတွေ ပေးရပါတယ်။ 

အိပ်ဆေးတချို့ အာရုံကြောထုံထိုင်းစေတဲ့ဆေးတွေလိုမျိုးပါ။ ပြသနာက ဒီဆေးတွေကလည်း ရေရှည်သောက်တဲ့အခါ သောက်သုံးသူကိုစွဲလမ်းလေပြီး ခေါင်းကိုက်မပျောက်ခင် ဆေးစွဲတာဆေးယဉ်တာတွေနဲ့ ကုသူ လက်မှိုင်ချရတဲ့အခြေအနေရောက်ချင်ရောက်သွားတတ်ပါသေးတယ်။

Bio Adult 1

ဒီတော့ သောက်ဆေးနဲ့ ကုသသလို ခေါင်းကိုက်ရောဂါအတွက် ဒါလေးတွေစမ်းကြည့်ပါလား။

 

• မျက်လုံးမှိတ်ပြီး နားလိုက်ပါ။ ငြိမ်သက်အေးဆေးတဲ့အခန်းလေးထဲမှာ အမှောင်ချပြီး အေးအေးချမ်းချမ်း နေ့စဉ်နာရီဝက်ခန့်အနားယူကြည့်ပါလား။ အိပ်ချင်လာပြီး ပြန်နိုးလာတဲ့အခါ အတော်လေးလန်းဆန်းနေမှာ အသေအချာပဲပေါ့။

 

• ပခုံးနဲ့ဇက်နေရာတွေကိုနှိပ်နယ်ပေးတာကလည်း ဦးနှောက်နဲ့အာရုံကြောတွေကိုသွေးစီးဆင်းမှုကောင်းစေပြီး ခေါင်းကိုက်ဝေဒနာသက်သာစေပါသတဲ့။

 

• နေ့စဉ်တရားထိုင်ပါ။ စိတ်ရော ကိုယ်ပါဖြေလျှော့ပါ။ အကြောဆန့်ထုတ်လေကျင့်ခန်း အတော်များများက တကယ်ထိရောက်ပါတယ်။ ခြေထောက်တွေကိုဆန့်ထုတ် လက်ကိုဆန့်တန်းပြီး အားရပါးရ နေ့စဉ်အကြောဆန့်ပစ်ပါ။

 

• စိတ်ဖိစီးလေဆိုးလေမို့ အလုပ်နားသင့်နားလိုက်ပြီး ဆူဆူညံညံအသံတွေမရှိရာနေရာတခုကို ခနလောက်ခရီးထွက်ကြည့်ပါဦး။ စိမ်းလန်းတဲ့သဘာဝရယ် သိမ်မွေ့တဲ့အလှတရားရယ် တောတောင်ရေမြေအသစ်တွေက သင့်ဦးနှောက်နဲ့အာရုံကြောကို အားပြည့်ဖြိုးစေမှာပါ။

 

• မနက်စာစားဖြစ်အောင်စားပါ။ မနက်စာမစားသူများမှာ ခေါင်းကိုက်ရောဂါဖြစ်ဖို့ရာနှုန်းပြည့်ပါပဲ။အချိုနည်းပြီး ပရိုတင်း ပြည့်ဝကောင်းမွန်တဲ့အစားအစာတွေ လတ်ဆတ်တဲ့သစ်သီးဝလံတွေပါဝင်တဲ့ မနက်စာစားပါ။ ဆီကြော်မုန့်တွေရှောင်ပါ။ အချိုကဲတဲ့လက်ဖက်ရည်ရှောင်ပါ။ မြန်မာတွေစားနေကျ ထမင်းဆီဆမ်းနဲ့ပဲပြုတ် အငွေ့တထောင်းထောင်းထနေတဲ့စွပ်ပြုတ်တွေ ဆန်ပြုတ်တွေက ကျန်းမာရေးနဲ့အလွန်ညီညွတ်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)


 


• Ibuprofen

• Naproxen


 



 


 


 


 


 


 


 
