/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းတစ်ခြမ်း-ကိုက်တတ်သူတွေ-ဖတ်ဖို့

ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေ ဖတ်ဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခေါင်းတစ်ခြမ်း ကိုက်တဲ့သူဆိုရင် ... ဟောဒီမေးခွန်းလေးတွေကို ဖြေကြည့်နော်။

●        ခေါင်းတစ်ခြမ်းကိုက်ဝေဒနာက ဒုက္ခအပေးဆုံးအရာ?

●        ပတ်ဝန်းကျင်မှာ ကိုယ်လို ခေါင်းကိုက်တတ်သူ အဖော်ရှိလား?

●        ဘယ်လိုဆို ခေါင်းကိုက်လာတတ်သလဲ?

●        ခေါင်းကိုက်တာကို အာရုံလွှဲဖို့ အကောင်းဆုံးအလုပ်က ဘာလဲ?

 

          ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရသူတစ်ဦးကတော့ ဒီလိုလေးတွေ ဖြေထားပါတယ်။

●        ဒုက္ခအပေးဆုံးအရာဆိုရင် အာရုံစူးစိုက်အား ကျဆင်းလာပြီး စကားထစ်လာတာပါ။

●        မိခင်က ခေါင်းကိုက်ရောဂါ ခံစားနေရသူပါ။

●        ရာသီဥတုပြောင်းရင် ခေါင်းကိုက်ပါတယ်။

●        ရေနွေးလေးနဲ့ ရေစိမ်ချိုးလိုက်ရင် သက်သာသွားတတ်ပါတယ်။­

 

==========================================================

 

          ငယ်ရွယ်စဉ်ကတည်းက သူမဟာ ခေါင်းကိုက်ရောဂါခံစားခဲ့ပြီး မကြာခဏ အန်ခဲ့ပါတယ်။ မွေးနေ့မှာတောင် ဘာမှမလုပ်နိုင်ဘဲ အိပ်ရာထဲ လှဲနေခဲ့ရတာပါ။

          အသက် ၃၀ နှစ်အရောက်မှာတော့ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ အသားကျ အကျင့်ဖြစ်နေခဲ့ပါပြီ။ သူမ ဘာတွေ ရှောင်ကြဉ်နေသလဲ ...

●        သကြား

●        အချိုကဲတဲ့မုန့်တွေ

●        ငှက်ပျောသီး

●        အချိုမှုန့်

●        အရက်

●        ကြက်သွန်နီစိမ်း

Bio Adult 2

          အိပ်ရေးဝဝအိပ်ပြီး နည်းနည်းလေးမူးလာပြီး မျက်လုံးထဲ ဝင်းခနဲမြင်လာတာနဲ့ ခေါင်းကိုက်တော့မယ်ဆိုတာ သိရှိလာပြီး ချက်ချင်း နားလိုက်ပါတယ်။

          သူမဟာ ကြီးပြင်းအရွယ်ရောက်လာတာနဲ့အမျှ ခေါင်းတစ်ခြမ်းရောဂါကို ပေါ့မနေဘဲ ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်ပါတယ်။ သူမရဲ့ခေါင်းကိုက်တာက သွေးရိုးသားရိုးမဟုတ်ဘဲ ရောဂါဆန်းတွေကြောင့် ဖြစ်နေခဲ့ရင် ကုနိုင်အောင်လို့ပါ။

●        ဓာတ်မတည့် စမ်းသပ်စစ်ဆေးတာတွေ

●        အိပ်စက်ခြင်း စမ်းသပ်မှုတွေ

●        ဦးနှောက်လှိုင်း စမ်းတာတွေ

●        သံလိုက်ဓာတ်မှန်တွေ အကုန်ရိုက်ကူးစစ်ဆေးလိုက်ပါတယ်။

 

          ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေတိုင်းဟာ ရိုးရိုးမဟုတ်ဘဲ တခြားရောဂါတွေကြောင့် ဖြစ်နေတတ်ပေမယ့် ဘာအတွင်းရောဂါမှ မရှိဘူးဆိုတော့ စိတ်အေးသွားရပါတယ်။

          ဒါပေမဲ့ ဆရာဝန်က အရေးကြီးဆုံးတစ်ခုလေးကို ဒီလိုသတိပေးထားပါတယ်။

          " ခင်ဗျားအနေနဲ့ အရမ်းမူးလာပြီး ... နောက်မှ ခေါင်းတွေ ထိုးကိုက်လာတာမျိုး မျက်လုံးတွေထဲမှာ လက်လက်တွေ မြင်တာမျိုးဆိုရင် လေဖြတ်တတ်မယ့် အလားအလာရှိတာမို့ သတိထားရမယ် "

          တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သူမဟာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ပေါ့ပေါ့ဆဆ သဘောမထားဘဲ လုပ်နိုင်တာ အကုန်လုပ် စမ်းသပ်စစ်ဆေးတဲ့အပြင် ဘာတွေရှောင်၊ ဘာတွေဆောင်ရမလဲ ဆိုတာတွေကိုပါ မှတ်တမ်းတစ်ခုထားပြီး ရေးမှတ်သူပါ။ သူမဟာ ခေါင်းကိုက်ဝေဒနာရှိပေမယ့် မိမိဘာသာ ဆင်ခြင်သတိထားပြီး ကြိုးစားအသက်ရှင်မယ့်သူ ဖြစ်ပါတယ်။ သင်သာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရသူဆိုရင် ... သူမကို အတုယူပြီး ကိုယ် ဘာတွေလုပ်ဖို့လိုနေလဲ စဉ်းစားကြည့်ပါဦး ...

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 1

(Unicode)



==========================================================



