/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခေါင်းတဆစ်ဆစ်ကိုက်နေသူများ-မဖြစ်မနေသိထားဖို့

ခေါင်းတဆစ်ဆစ်ကိုက်နေသူများ မဖြစ်မနေသိထားဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းကိုက်တတ်နေပြီလား စိတ်ညစ်စရာတွေများပြီး ခေါင်းတွေ ထွေလာပြီလား။ ခေါင်းကိုက်တာ လချီကြာနေပြီလား။ ဒါလေးတွေ ဖတ်ထားနော်။

 

>> ဒီမေးခွန်းလေးတွေဖြေကည့်ပါဦး… 

• တဆစ်ဆစ်ကိုက်တာလား အပ်နဲ့ထိုးသလိုကိုက်တာလား?

• အိပ်မရတဲ့အထိကိုက်တာလား?

• တခါကိုက်ရင် အိပ်ရာထဲကမထနိုင်တော့တဲ့အထိခံစားနေရပြီလား?

• နောက်စေ့လား နဖူးလား ငယ်ထိပ်လား။ တခြမ်းတည်းကိုက်တာလား?

 

>> ဒါလေးတွေ ဖြေကည့်ပီးရင်ဘာဆက်လုပ်မလဲ… 

ဆရာဝန်နဲ့ပြသပြီး ပထမဆုံးအနေနဲ့ ခေါင်းကိုက်ပျောက်ဆေးသောက်ကြည့်ရမှာပါ။ တမျိုးတည်းထက် နှစ်မျိုးပေါင်းပြီး ဆယ်ရက်တပတ်သောက်ကြည့်ရမှာဖြစ်ပါတယ်။ 

Bio Adult 1

>> ခေါင်းကိုက်တာ မဖြစ်အောင်ကာကွယ်လိုရပါတယ်… 

TCA လို့ခေါ်တဲ့ စိတ်ကျရောဂါပျောက်ဆေးတွေကိုလည်း စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ရောဂါမှာ သုံးပါတယ်။

အတက်ရောဂါပျောက်ဆေးတွေ ကြွက်သားပြေလျော့ဆေးတွေကလည်း အစွမ်းထက်ပါသတဲ့။ 

လိုအပ်ရင်….MRI သံလိုက်ဓာတ်မှန်၊ CT ဓာတ်မှန်တွေ ရိုက်ပြီး ဦးနှောက်တွင်း အကျိတ်တည်တာတွေ ရောဂါတွေရှိ၊ မရှိ ရှာဖွေလို့ရပါတယ်။ 

စိတ်ဖိစီးလို့ဖြစ်တဲ့ ခေါင်းကိုက်ရောဂါက သေချာလချီပြီးကုရတာဖြစ်ပါတယ်။ ရေတိုနဲ့မပျောက်သလို စိတ်ရှည်လက်ရှည်ကုသမှုခံယူမှ တဖြည်းဖြည်းသက်သာလာမှာဖြစ်ပါတယ်။  

ခေါင်းကိုက်ရောဂါအတွက် ဆေးအပြင်ကိုယ်တိုင်လုပ်ြကည့်လိုရတဲ့ကုထုံးတွေရှိပါတယ်နော်

• စိတ်ဖိစီးမှုအတွက် ဘာသာရေးလုပ်ပါ။ တရားထိုင်ပါ။ ယောဂကျင့်ပါ။

• မိသားစု (သို့) သူငယ်ချင်းတွေနဲ့ ခရီးအတူ ထွက်ပါ။

• ထိုင်ရင် ရင်ကိုဖွင့်ပြီး မတ်မတ်ထိုင်ပါ။ မတ်ဆန့်နေတဲ့ ကိုယ်နေဟန်ထားဟာ အာရုံကြောတွေကို ကောင်းမွန်စေပြီး စိတ်တက်ကြွစေပါတယ်။

• ဆီနွေးနွေးလေးနဲ့ အသာအယာအနှိပ်ခံပါ။ ဒီလိုအနှိပ်ခံတာဟာ သွေးလည်ပတ်မှုကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။

• ရေချိုးရင် ရေနွေးနွေးလေးနဲ့ ချိုးပါ။ ရေနွေးနွေးနဲ့ရေချိုးတာက အကြောတွေ ပြေလျော့သွားစေပါတယ်။

• အသက်ဝဝရှုပါ။ ပန်းခြံထဲမှာ လမ်းလျှောက်ပါ။

• လေ့ကျင့်ခန်းလုပ်ပါ။ တောင်တက်ပါ။

• စိတ်ညစ်စရာရှိရင် ကိုယ်ယုံကြည်ရမယ့်သူကို ရင်ဖွင့်ပါ။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Bio Adult 2

(Unicode)









 


 













