ခံတွင်းချဉ်နေလား ... ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်
သင်ဟာ အစာ တစ်နပ်နှင့်တစ်နပ်ကြားတွင် ခံတွင်းချဉ်သလို ခံစားနေရပါသလား။ အစားအစာများဟာ အရင်လောက် အရသာ မကောင်းတော့ဘူးဟု ခံစားနေရပါသလား။ ဒါဆိုရင်တော့ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းတွေကို လေ့လာနိုင်ဖို့ ယခုဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုပေးပါ။
(၁) ရေဓာတ်နည်းပါးခြင်း
ရေ လုံလောက်စွာ မသောက်ခြင်းကလည်း ပါးစပ်ချဉ်ခြင်းကို ဖြစ်စေပါသည်။ ရေဓာတ် နည်းပါးခြင်းကြောင့် သင့်ခံတွင်းတစ်ခုလုံးကို ခြောက်သွေ့စေပြီး လျှာ၏ အရသာခံနိုင်စွမ်းရည်ကို ပြောင်းလဲစေပါလိ်မ့်မယ်။
** လိုက်နာရန် - တစ်နေ့ကို ရေ ၆ ဖန်ခွက်ကနေ ၈ ဖန်ခွက်ထိ သောက်သုံးပါ။
(၂) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေမယ့်အပြင် အရသာခံနိုင်စွမ်းရည်ကိုလည်း ပျက်ပြားစေပါတယ်။
** လိုက်နာရန် - ဆေးလိပ်မသောက်မိအောင် အကြောင်းပြချက် အမျိုးမျိုးထားရှိပြီး လိုက်နာပေးပါ။
(၃) သွားကို သေချာစွာမတိုက်ခြင်း၊ ကြိုးအသုံးပြုပြီး သွားကြားမထိုးခြင်း
ခံတွင်းသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်း ပါးစပ်ကို ချဉ်စေပါတယ်။
** လိုက်နာရန် - တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။ တစ်နေ့လျှင် တစ်ကြိမ် အနည်းဆုံး ကြိုးဖြင့် သွားကြားထိုးပါ။ သွားစစ်ဆေးမှုကို ၆ လတစ်ကြိမ် ပြုလုပ်ပါ။
(၄) ပိုး၀င်ခြင်းနှင့် ဖျားနာခြင်းများ
သင် နေမကောင်းသောအခါ လျှာက အရသာခံဖုများကိုလည်း သက်ရောက်မှု ရှိစေပါသည်။ သင် နေပြန်ကောင်းလာသောအခါ ထိုသို့ ပါးစပ်ပျက်ခြင်းလည်း ပြန်ကောင်းမွန်လာတာ သတိထားမိပါလိမ့်မယ်။
** လိုက်နာရန် - နေမကောင်းစဉ်တွင် ဆေးကုသမှု ခံယူပါ။ မသန့်သောအရာများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆေးပါ။ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။ နေမကောင်းသူများနှင့် ေ၀းေ၀းနေပါ။
(၅) ဆေးဝါးများ သောက်သုံးခြင်းနှင့် ကင်ဆာကုသမှုများ ခံယူနေခြင်း
အချို့သော ပိုးသတ်ဆေးများကြောင့် သင့်ပါးစပ်ကို ချဉ်စေပါတယ်။ ဓာတ်ကင်ကုသနည်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ပါးစပ်ချဉ်စေပါတယ်။
** လိုက်နာရန် - antihistamine ပါသော ဆေးများကို သောက်ပါ။
(၆) စားချဥ့်ပြန်ခြင်း
အစာရေမျိုနှင့် အစာအိမ်ကို အဖွင့်အပိတ် ပြုလုပ်ပေးသော ကြွက်သားဟာ ယခင်ကလို ကောင်းစွာ အလုပ်မလုပ်ပါက သင် အစာစားပြီးတိုင်း ပြန်လည်ပိတ်ပေးခြင်း မရှိတော့ဘဲ အစာအိမ်တွင်းမှ အက်ဆစ်နှင့် အစာများဟာ အထက်သို့ ပြန်ဆန်တက်လာသော ရောဂါဖြစ်ပါသည်။ အစာအိမ်အက်ဆစ်များကြောင့် ပါးစပ်တွင်း ချဉ်စူးသော အရသာကို ခံစားရမှာပါ။
** လိုက်နာရန် - အစာအိမ်ဆေးဝါးများ သောက်သုံးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အစာ လျှော့စားခြင်း၊ ခေါင်းအုံးမြင့်မြင့်ဖြင့် အိပ်ခြင်း။
(၇) အသက်ကြီးလာခြင်း
အသက်အရွယ် ကြီးလာတာနှင့်အမျှ လျှာပေါ်ရှိ အရသာဖုများဟာ ကျုံ့လာပြီး အရသာခံနိုင်စွမ်း အားနည်းလာပါတယ်။ ဒါကြောင့် သင့်ခံတွင်းချဉ်နေခြင်းကို ခံစားလာရတာ ဖြစ်ပါတယ်။
Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























