/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခံတွင်းနံ့ကင်း-လျှာသန့်ရှင်းအောင်

ခံတွင်းနံ့ကင်း လျှာသန့်ရှင်းအောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လျှာဟာ အနံ့ဆိုးထွက်စေတဲ့ အရင်းအမြစ် ဖြစ်နေတတ်တာကို သတိပြုပါ။ လျှာအဖုတွေကြားက အစာ ကြွင်းကျန်တွေ ဘက်တီးရီးယားတွေဟာ သင့်ခံတွင်းကို အလွန်အနံ့ဆိုးစေပါတယ်။

>>     ကြက်သွန်ဖြူကို ခံတွင်းအနံဆိုးတဲ့အတွက် အတော်များများက မနှစ်သက်ပါဘူး။ ဒါပေမဲ့ ကြက်သွန်ဖြူ လတ်လတ်ဆတ်ဆတ် တစ်တက်မှာ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ အာနိသင် မြင့်မားစွာ ပါ၀င်နေပါတယ်။ ကြက်သွန်ဖြူ  တစ်စိတ်လောက်ကို ကိုက်ဝါးလိုက်ခြင်းဖြင့် လျှာကို သန့်သွားစေပါတယ်။ အာလုတ်ကျင်းပေးဖို့တော့ လိုပါတယ်၊

>>     ရှားစောင်းလက်ပတ် ညှစ်ရည်စစ်စစ်နဲ့ အာလုတ်ကျင်းပေးပါ။ တစ်ရက်ကို နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

>>     ဆားနည်းနည်းကို လျှာပေါ်ပုံလိုက်ပြီး သွားပွတ်တံနဲ့ အသာအယာ ပွတ်တိုက်ပေးပါ။ သွားတိုက်တိုင်း လျှာကို ခြစ်ပါ။ ညင်သာစွာ ပွတ်တိုက်ပေးရမှာဖြစ်ပြီး ကြမ်းတမ်းစွာ အားနဲ့ တိုက်သောအခါ အရသာဖုငယ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ မှန်မှန်သန့်ပေးခြင်းဖြင့် အရသာခံနိုင်စွမ်း ပိုကောင်းလာစေတာ တွေ့လာမှာပါ။

>>     ဆေးလိပ်ရှောင်ပါ။ ဆေးလိပ်မှာ ပါ၀င်တဲ့ ဓာတုပစ္စည်းတွေဟာ လျှာပေါ်က အရသာဖုလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အရက်နဲ့ ဆေးလိပ်ရှောင်ပြီး ရေများများ သောက်ပါ။ ရေဓာတ်နည်းရင် အာတွေ၊ လျှာတွေ ခြောက်စေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေ ပိုမိုပွားများစေပါတယ်။ အစာ စားပြီးတိုင်း အာလုတ်ကျင်းပါ။ သကြားမပါတဲ့ ပီကယ် ဝါးပါ။ ပီကယ် ဝါးခြင်းဖြင့် တံတွေးများများ ထွက်လာပြီး ခံတွင်းကို ဆေးကြောပြီး ဖြစ်စေပါတယ်။

ခံတွင်းသန့်စင်ဆေးရည်တွေ သုံးတာထက် လျှာနဲ့ ခံတွင်း သန့်ရှင်းရေးအတွက် တစ်ရက်ကို နှစ်ကြိမ် သွားတိုက်ပြီး သန့်စင်စေတာ အကောင်းဆုံး ဖြစ်ပါတယ်။ ခံတွင်းထဲမှာ အရာရာဟာ ဆက်စပ်နေတာမို့ သွားကိုလည်းတိုက် ပလုတ်လည်းကျင်း လျှာကိုလည်း မမေ့မလျော့ ပွတ်တိုက်သန့်ရှင်းပေးတာ အမှန်ကန်ဆုံးလို့ အကြံပြုပါရစေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)