ချက်မှာ အုန််းဆီ လိမ်းပေးသင့်သလား?
အုန်းဆီဆိုတာက အုန်းသီး အသားကနေပြီး ညှစ်လို့ရတဲ့ စားလို့ရတဲ့ အဆီတစ်မျိုးဖြစ်ပြီး ကမ်ဘာတစ်ဝှမ်းလုံး အထူးသဖြင့် အာဖရိက၊ အာရှနဲ့ တောင်အမေရိကတွေမှာ အချိန်အတော်ကြာ အသုံးပြုခဲ့ကြပါတယ်။ ပြည့်ဝဆီတွေ မြင့်မားစွာ ပါဝင်ပြီး သူ့ရဲ့ အာဟာရပါဝင်မှု မြင့်မားခြင်း၊ အနာကျက်နိုင်စွမ်းနဲ့ စိတ်လန်းဆန်းစေနိုင်စွမ်းတို့ကြောင့် ထင်ရှားသူတွေ အများစုက တော်တော်ညွှန်းကြပါတယ်။ ပြည့်ဝဆီ ပါဝင်မှုများတဲ့အတွက် ကိုလက်စထရော များစေနိုင်ပေမယ့် လိမ်းဆေးအဖြစ်နဲ့တော့ တိုင်းရင်းဆေး တော်တော်များများမှာ သုံးပါတယ်။ ချက်ကို အုန်းဆီလိမ်းပေးခြင်းက နှစ်ထောင်ပေါင်း များစွာကတည်းက အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ပေးနိုင်ပါတယ်။
ချက်မှာ ညတိုင်း အုန်းဆီလိမ်းပေးခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးအချို့ကို ဖော်ပြပေးချင်ပါတယ်။
1. သနေ္ဓအောင်နိုင်စွမ်းကို မြင့်မားစေတယ်။
ချက်မှာ အုန်းဆီလိမ်းပေးခြင်းက ကိုယ်ဝန်ရဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ အုန်းဆီက အထဲကို စိမ့်ဝင်တဲ့အခါမှာ ဝမ်းဗိုက်အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။
2. အအေးမိခြင်းအတွက် ကုထုံး
အားကစားသမားတွေရဲ့ ကိုယ်ကာယပိုင်းဆိုင်ရာ အခြေအနေတွေ ကောင်းမွန်စေဖို့၊ အားအင်တွေ မြှင့်တင်ပေးဖို့နဲ့ အအေးမိခြင်းတွေကို ကာကွယ်ပြီး ခံနိုင်ရည်ရှိစေဖို့ အသုံးများပါတယ်။
3. ဗိုက်ရစ်ပြီး နာခြင်းနှင့် ရာသီလာစဉ် နာကျင်ခြင်း ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
အုန်းဆီမှာ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက် ဦးနှောက်ကို အားကောင်းစေတဲ့အပြင် ဗိုက်နာခြင်းတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
4. အမြင်အာရုံ အားကောင်းစေတယ်။
နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ မျက်လုံးခြောက်သွေ့ခြင်းနဲ့ အမြင်အာရုံ အားနည်းခြင်းတွေကို ကုသပေးနိုင်ပါတယ်။
>> အခြားအကျိုးကျေးဇူးများ
အုန်းဆီကို အသုံးပြုခြင်းရဲ့ အခြားကောင်းကျိုးတွေကတော့ -
• စိတ်ကို လှုံ့ဆော်ပေးတယ်။
• ဆံပင် ကောင်းစေတယ်။
• အိပ်မပျော်ခြင်းကို ပျောက်ကင်းစေတယ်။
• ရင်ပူခြင်း
• အနာကျက်ခြင်း
• ဝက်ခြံ
• လိပ်ခေါင်း
• ခြင်ကိုက်နာနှင့် နေလောင်ခြင်းများ စသည်တို့ ဖြစ်ကြပါတယ်။
>> အုန်းဆီကို ချက်မှာ ဘယ်လိုလိမ်းမလဲ?
ဂွမ်းကို အုန်းဆီထဲမှာ နှစ်ပြီးနောက် ချက်ထဲတွင် ခဏထား,ထားပါ။ 15 မိနစ်ခန့်ကြာအောင် ပွတ်သပ်နှိပ်နယ်ပေးပါ။
ချက်ဆိုတာက ကလေးတွေ အမေဆီကနေ အာဟာရဓာတ်ကို ချက်ကြိုးကနေတစ်ဆင့် ရခဲ့တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။ ချက်ကို ဆက်သွယ်ထားတဲ့ အာရုံကြောပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ ဒါကြောင့် ချက်ကို အုန်းဆီလိမ်းခြင်းက အတွင်းအင်္ဂါတွေအတွက် အကျိုးကျေးဇူးရစေခြင်း ဖြစ်ပါတယ်။
အုန်းဆီကို ဆံပင်၊ ကိုယ်ခန္ဓာ၊ နှုတ်ခမ်း၊ မျက်လုံးအောက်တွေမှာ လိမ်းနိုင်သလို မိတ်ကပ်ဖျက်ဆေး၊ အစာကြေစေဖို့၊ သွားအတွက်၊ မှိုစွဲခြင်းကို ကာကွယ်ရန်၊ အမွေးရိတ်ခရင်မ်အဖြစ်နဲ့လည်း သုံးနိုင်ပါတယ်။ အုန်းဆီကို scrub အဖြစ် အသုံးပြုခြင်းက ယခုခေတ်မှာ အသိများတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























