/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချစ်ရတဲ့ခွေးလေးကြောင့်-ခြေထောက်-ဖြတ်တောက်ခဲ့ရသူ

ချစ်ရတဲ့ခွေးလေးကြောင့် ခြေထောက် ဖြတ်တောက်ခဲ့ရသူ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိမ်မွေးတိရစာၦန်များဖြစ်တဲ့ ခွေးတွေ၊ ကြောင်တွေဟာ သင့်ကို ဆိုးဆိုးဝါးဝါး အန္တရာယ်ဖြစ်စေမယ့် ရောဂါဆန်းတွေ ပေးနိုင်မယ့်အလားအလာ ရှိနေပါတယ်။

          ခွေးတွေနဲ့ အတူနေသူ ခွေးချစ်သူ အန်ကယ်ကြီးတစ်ယောက်ကတော့ ခွေးတွေကတစ်ဆင့် ရောဂါဆန်းတစ်မျိုး ကူးစက်ခံခဲ့ရပြီး ခြေတွေ၊ လက်တွေ ဖြတ်တောက်ကုသခဲ့ရပါတယ်။

          ကပ်ပတိုဆိုင်နိုဗီးဂါးလို့ခေါ်တဲ့ ခွေးသွားရည်က ကူးတဲ့ရောဂါဆန်းဟာ ပုံမှန်ဆိုရင် ဘာမှမဆိုးသွားတတ်ပါဘူး။ ကူးလည်း ကူးခဲပါတယ်။

          ကံဆိုးသူ အန်ကယ်ကတော့ ညောင်းတာ၊ ဖျားတာ၊ သွေးယိုတာတွေ ကြုံအပြီး ဆေးရုံ အရေးပေါ် တက်ရောက်ကုသခဲ့ရတဲ့အပြင် ခြေထောက်ကိုလည်း ဒူးအောက်ကနေ ဖြတ်ခဲ့ရသလို လက်တွေလည်း သွေးမလျှောက်ဘဲ ပုပ်သွားခဲ့လို ့ဖြတ်တောက် ကုသခဲ့ရပါတယ်။

          အခုချိန်မှာ သွေးဆိပ်ဟာ နှာခေါင်းကိုပါ ပြန့်လာလို့ နှာခေါင်းကိုပါ ဖြတ်တောက်ကုသပြီး ပြန်လည်တည်ဆောက်ပေးရမယ့် ပလတ်စတစ်ဆာဂျရီ လိုအပ်နေတဲ့အခြေအနေကို ရောက်ရှိနေပါတယ်။

          အန်ကယ့်ခမျာ သူ့ကိုယ်သူ အသက်ရှင်တာပဲ ကျေးဇူးတင်ရမလိုပါပဲ။ ခွေးချစ်သူဟာ ခွေးကြောင့် ဒုက္ခရောက်ခဲ့ရပေမယ့် သူကတော့ ကြိုးစားစိတ်ဖြေနေပါတယ်။

          တကယ်တော့ ဒီရောဂါဟာ အင်မတန်ရှားပါးပြီး အဖြစ်အလွန်နည်းပါတယ်။ ခွေးသွားရည်က ပိုးမွှားဟာ ပုံမှန်ဆိုရင် ရောဂါအဆင့် ကူးပြောင်းသွားတာ သိပ်ရှားပါးပါတယ်။

          ဘယ်လိုပဲပြောပြော ခွေး၊ ကြောင်များကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးဖို့ ဒဏ်ရာ၊ ကုတ်ရာ၊ ခြစ်ရာကို လျှာနဲ့ မလျက်စေဖို့ လူတစ်သောင်းမှာ တစ်ယောက်ဖြစ်ရင်တောင် ကိုယ်ဖြစ်နေခဲ့ရင်ဆိုတာလေး တွေးပြီး ခွေးတွေ၊ ကြောင်တွေကို သတိရှိရှိ ချစ်နိုင်ကြဖို့ ဇာတ်လမ်းလေး မျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)