ချောင်းဆိုးတာမပျောက်ရတဲ့ အကြောင်းရင်းများ
အကြောင်းရင်း ၁ : အအေးမိတုပ်ကွေးမိပြီးနောက် အသက်ရှူလမ်းကြောင်းယားယံနေခြင်း
အအေးမိတုပ်ကွေးမိတာဟာ ရက်ပိုင်းလေးမှာတင် ပျောက်သွားတတ်တယ်။ ဒါပေမယ့် အသက်ရှူ လမ်းကြောင်း ရောင်ရမ်းပြီးကျန်ခဲ့လို့ ချောင်းဆိုးတာကတော့ ပိုးပျောက်ပြီး ရက်သတ္တပတ်ပေါင်းများစွာ ကျန်ရစ်တတ်တယ်။
အကြောင်းရင်း ၂ : ရောဂါအခံရှိနေခြင်း
ဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကြပ်တွေကြောင့် ချောင်းဆိုးတတ်တယ်။
အက်ဆစ်ပြန်ဆန်တက်တာ၊ ညဘက်အိပ်ချိန်အသက်ရှူ ရပ်ရပ်သွားတတ်တဲ့ရောဂါတွေကလည်း နာတာရှည်ချောင်းဆိုးတာတွေကို ဖြစ်စေတတ်တယ်။ ကံကောင်းတာက ဒီရောဂါတွေဟာ ကုလို့ရတဲ့ရောဂါတွေပါ။
အဲဒါကြောင့် အက်ဆစ်ပြန်ဆန်တက်တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့
• လေတက်တက်နေတာ
• ရင်ပူတာ
• ချောင်းဆိုးဆိုးနေတာ
• အစာတွေပြန်ပြန်ဆန်တက်နေတာ မျိုးတွေရှိရင် ဆရာဝန်နဲ့ပြပြီး ကုသဖို့လိုတယ်။
အိပ်နေရင်းအသက်ရှူ ရပ်ရပ်သွားတတ်တဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့
• ညဘက်အိပ်မပျော်ခြင်း
• အကျယ်ကြီးဟောက်ခြင်း
• ညဘက်မှာလည်ချောင်းတစ်ဆို့နေခြင်း
• မကြာခဏလန့်လန့်နိုးနေခြင်း
• နေ့လည်ဘက်မှာအိပ်ငိုက်ခြင်း ဒီလိုလက္ခဏာတွေပေါ်ခဲ့ရင်လည်း ဆရာဝန်နဲ ပြဖြစ်အောင်ပြပါ။
အကြောင်းရင်း ၃ : စိတ်ဖိစီးခြင်း
စိတ်ဖိစီးတာဟာ ကြာလာတဲ့အခါ အအေးမိတာ ပိုပိုကြာလာတတ်တယ်။ ချောင်းဆိုးတာလည်း ပျောက်ဖို့ပိုခက်လာတတ်တယ်။ ဒါကြောင့် ပိုပိုပြီးအနားယူဖို့လိုတယ်။ တစ်နေ့ကို ၇နာရီကနေ၈နာရီလောက်အထိ အိပ်ပေးပါ။
အကြောင်းရင်း ၄ : အရည်များများမသောက်ခြင်း
အအေးမိတုပ်ကွေးဖြစ်တဲ့အခါ အရည်များျများသောက်မှ ချွဲတွေပျော်ပြီးအလွယ်တကူခပ်ထုတ်နိုင်မှာပါ။ ကဖိန်းပါတဲ့ အရည်တွေနဲ့ အရက်ကိုတော့ မသောက်ပါနဲ့။ ပိုပြီးအရည်ဓာတ်ခမ်းခြောက်စေနိုင်လို့ပါ။
အကြောင်းရင်း ၅ : နှာဖြန်းဆေးအသုံးများခြင်း
နှာခေါင်းပိတ်ရင် ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ နှာဖြန်းဆေးကို အသုံးများရင်လည်း ရုတ်တရက်ရပ်လိုက်တဲ့အခါ ရောဂါလက္ခဏာတွေပိုဆိုးလာတတ်တယ်။
အကြောငး်ရင်း ၆ : လေထုအခြောက်လွန်၊ အစိုလွန်ခြင်း
လေအရမ်းခြောက်ရင် ဒါမှမဟုတ် အရမ်းစိုထိုင်းနေရင် ပန်းနာရင်ကြပ်ထတာ၊ မှိုပိုးတွေ၊ အမှုန်အမှိုက်တွေကြောင့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် စိုထိုင်းစကို ၄၀-၅၀%လောက်မှာ ထိန်းထားဖို့လိုတယ်။
အကြောင်းရင်း ၇ : ဘတ်တီးရီးယားပိုးဝင်ခြင်း
အအေးမိပြီးချိန်မှာ လည်ချောင်းဟာ ဘတ်တီးရီးယားပိုးဝင်ဖို့ ပိုလွယ်ကူလာတယ်။ ဘတ်တီးရီးယားပိုးဝင်တဲ့အခါ ထိပ်ကပ်နာ၊ အဆုတ်ပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဖျားနာပြီးတော့ တောက်လျောက်ချောင်းဆိုးနေရင် ဆရာဝန်နဲ့ပြပြီး ပိုးသတ်ဆေးသောက်ဖို့ လိုနိုင်တယ်။
အကြောင်းရင်း ၈ : သွေးတိုးကျဆေး
သွေးတိုးနေလို့ ACEIဆေးသောက်နေသလား? ဒါဆိုရင်တော့ ချောင်းဆိုးမပျောက်တာ ဒါကြောင့်ဖြစ်နို်င်တယ်။ ဒီဆေးသောက်သူ၅ယောက်မှာ ၁ယောက်လောက်ဟာ နာတာရှည်ချောင်းဆိုးတတ်တယ်။ ACEIဆေးတွေကတော့ Aceon(perindopril), Accupril(quinapril), Altace(ramipril), Capoten(captopril), Lotensin, Lotrel(benazepril), Mavik, Tarka(trandolapril), Monopril(fosinopril), Prinivil, Zestril(lisinopril), Uniretic, Univasc(moexipril), Vasotec(enalapril) ဒီနာမည်တွေနဲ့ လာတတ်တယ်။
ဒါကြောင့် ချောင်းဆိုးတာတစ်ပတ်ကျော်လာပြီး မပျောက်နိုင်ရင် ဆရာဝန်နဲ့ပြဖို့လိုတယ်နော်။ အတူတူအဖြေရှာရင် အဖြေကိုရှာတွေ့မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
အိပျနရေငျးအသကျရှူ ရပျရပျသှားတတျတဲ့ ရောဂါလက်ခဏာတှဖွေဈတဲ့
Dr. Mya Phoo Ngon (www.drmyanmar.com)






























