ချောင်းဆိုးနေသူတွေ သိထားသင့်တဲ့ လက္ခဏာများ
အခုကာလမှာ မိုးမိပြီး အအေးပတ်လို့ ချောင်းဆိုးနေတဲ့သူတွေ၊ ကိုဗစ်ကြောင့် ချောင်းဆိုးနေတဲ့သူတွေ ရှိနေတာကြောင့် သိထားသင့်တဲ့ ချောင်းဆိုးခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> ချောင်းဆိုးတယ်ဆိုတာ လည်ပြွန်ရှင်းစေနိုင်ဖို့ ခန္ဓာကိုယ်ရဲ့ သဘာဝကြိုးပမ်းမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ ချောင်းဆိုးတာကို ကုသဖို့အတွက် အကောင်းဆုံးကတော့ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို ဖယ်ရှားဖို့ပဲ ဖြစ်ပါတယ်။
>> ဥပမာအားဖြင့် အဆုတ်ရောင်နေပါက ပဋိဇီဝဆေးဝါးများ သောက်သုံးရန် လိုအပ်ပြီး ဓာတ်မတည့်မှုကြောင့် ဖြစ်ပွားတဲ့ ချောင်းဆိုးခြင်းဆိုပါက ထိုကဲ့သို့ ဖြစ်စေနိုင်တဲ့အရာတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။
Solmux Adult IA 1 2023
>> နောက်ပြီး ချောင်းဆိုးခြင်း တော်တော်များများဟာ ဗိုင်းရပ်စ်ရောဂါပိုးနဲ့ ဆက်စပ်နေတတ်ပါတယ်။ ထိုကဲ့သို့ ချောင်းဆိုးခြင်းမျိုးကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဆေးဝါးများနဲ့ ကုသကြည့်ပြီး ပျောက်ကင်းမှု ရှိ/မရှိကို တစ်ပတ်ခန့်တော့ စောင့်ကြည့်ဖို့ လိုပါတယ်။
>> နှာစီးချောင်းဆိုးတာမျိုး တစ်ပြိုင်နက် ဖြစ်ပွားတာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်ခြေများပြီး သက်သာဖို့အတွက် အချိန်ယူရနိုင်ပါတယ်။
>> ဒါကြောင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ချောင်းဆိုးခြင်းမျိုးဆိုရင် ရောဂါလက္ခဏာတွေကို သက်သာအောင် ပြုလုပ်ရုံကလွဲပြီး တခြားလုပ်လို့တော့ မရပါဘူး။
Solmux Adult IA 2
>> ဆရာဝန်ထံ ချက်ချင်းသွားရောက်သင့်တဲ့ အကြောင်းအရင်းတွေကတော့ -
1. ချောင်းဆိုးခြင်းနှင့်အတူ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ တရွှီရွှီ အသံမြည်ခြင်း
2. သွေး (သို့) သွေးရောင်လွှမ်းသော ချွဲများထွက်ခြင်း
3. ချောင်းဆိုးချိန်တွင် အဝါ (သို့) အစိမ်းရောင်သလိပ်များ ထွက်ခြင်း
4. အဖျား 101 ဒီဂရီဖာရင်ဟိုက်ထက် များခြင်း
5. ချောင်းဆိုးတာ ပိုပိုဆိုးလာခြင်း
6. အကြောင်းအရင်းရှာမရဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
7. ညအချိန်တွင် ချွေးစေးများထွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























