/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ချွဲသလိပ်တွေကပ်နေပါသလား

ချွဲသလိပ်တွေကပ်နေပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ချွဲကျိကျိကပ်​​စေ​း​စေးချွဲသလိပ်​​တွေဟာ အသက်​ရှုလမ်​း​ကြောင်​းကို အ​ထောက်​အကူပြုပါတယ်​။ အဆုတ်​နဲ့အသက်​ရှူလမ်​း​ကြောင်​းတလျောက်​ရှိ ချွဲ​တွေဟာ ဖုန်​မှုန်​့​တွေ၊ ဘတ်​တီးရီးယားနဲ့ ဗိုင်​းရပ်​စ်​ပိုးမွာ​း​တွေ၊ အခြားအမှုန်​အမွှား​တွေကို ဖမ်​းယူ​ပေးပြီး အသက်​ရှူလမ်​း​ကြောင်​းတစ်​​လျောက်​ ကပ်​​နေတဲ့Cilia အမျှင်​​လေး​တွေကတစ်​ဆင်​့ လည်​​ချောင်​းထဲကို ပြန်​လည်​ပို့​ဆောင်​​ပေးပါတယ်​။ အသက်​ရှူလမ်​း​ကြောင်​းကို ကာကွယ်​ဖို့ အချွဲ​တွေက ကူညီလုပ်​​ဆောင်​​ပေးတယ်​ဆို​ပေမယ်​့ ချွဲသလိပ်​​တွေ ပုံမှန်​ထက်​များလာပါက သတိထားသင်​့ပါတယ်​။ အချွဲတွေဟာ လည်​​ချောင်​းယားယံ​စေတတ်​တဲ့အရာ​တွေ၊ ပြင်​ပ​လေထုညစ်​ညမ်​းမှု​တွေ၊ ဓာတ်​မတည်​့မှု​တွေနဲ့ ပိုးဝင်​ခြင်​း​တွေ​ကြောင်​့ ထွက်​တတ်​ပါတယ်​။ ချွဲသလိပ်​​တွေ အများကြီးထွက်​​နေခြင်​းဟာ ​ရောဂါတစ်​မျိုးမျိုးဖြစ်​​နေနိုင်​တဲ့အတွက်​ ဆရာဝန်​နဲ့ တိုင်​ပင်​ပြသပြီး ​ရောဂါရှာ​ဖွေကုသသင်​့ပါတယ်​။

 

>> ဓာတ်​မတည်​့မှုများ၊ ပိုးမွားများနဲ့ ​လေထုညစ်​ညမ်​းမှုများ

 

     ချွဲသံနဲ့​ချောင်​းဆိုး​နေတာ၊ ရင်​ကြပ်​​နေတာ​တွေဟာ ချွဲသလိပ်​​တွေများ​နေလို့ပါ။ ချွဲ​တွေအရမ်​းများလာတဲ့အခါ အသက်​ရှုလမ်​း​ကြောင်​းမှာရှိတဲ့ အမျှင်​​လေး​တွေ အရမ်​းအလုပ်​လုပ်​ရပြီး မနိုင်​​တော့တဲ့အခါ ပိုလျံ​နေတဲ့ချွဲသလိပ်​​တွေကို ဟပ်​ထုတ်​ပြစ်​နိုင်​ဖို့ ​ချောင်​းဆိုးရပါတယ်​။ ဖုန်​မှုန်​့​တွေ၊ ပန်​းဝတ်​မှုန်​​တွေ၊ မှို​တွေနဲ​့ ဓာတ်​မတည်​့တဲ့အခါ ချွဲထနိုင်​သလို ဗိုင်​းရပ်​စ်​​တွေ၊ ဘတ်​တီးရီးယားပိုး​တွေ ဝင်​​ရောက်​လာတဲ့အခါ ရှင်​းထုတ်​ပစ်​နိုင်​ဖို့လည်​း ချွဲ​တွေအများကြီးထွက်​လာတတ်​ပါတယ်​။ မီးခိုး​ငွေ​့တွေ၊ မှို​တွေ၊ ကားအိတ်​​ဇော​ငွေ့တွေ၊ ဓာတုပစ္စည်​း​တွေအားလုံးဟာလည်​း ချွဲသလိပ်​​တွေ ထွက်​​စေနိုင်​တဲ့ တရားခံထဲမှာ ပါပါတယ်​။

>> ​ဆေးလိပ်​

 

      ​ဆေးလိပ်​​သောက်သူ​တွေဟာ အမှုန်​အမွား​တွေကို ထိ​တွေ့မိဖို့ ​သာမန်​ထက် ၂ဆပိုလွယ်​တယ်​လို့ ဆိုပါတယ်​။ ဒီလိုဝင်​လာတဲ့အမှုန်​​တွေကို ရှင်​းထုတ်​ဖို့အတွက်​ အချွဲ​တွေပိုထုတ်​ရပြီး အဆုတ်​ကအလုပ်​ပိုလုပ်​ရပါ​တော့တယ်​။ ဒါ့အပြင်​ ​ဆေးလိပ်​​ငွေ့​တွေက အသက်​ရှုလမ်​း​ကြောင်​းရှိ အမျှင်​​လေး​တွေကို ဖျက်​စီးပစ်​နိုင်​တဲ့အတွက်​ ချွဲသလိပ်​​တွေပုံလာပြီး နာတာရှည်​​ချောင်​းဆိုးခြင်​းကို ဖြစ်​​စေလာနိုင်​ပါတယ်​။ ဒီလို နာတာရှည်​​ချောင်​းဆိုးခြင်​းနဲ့ ​ဆေးလိပ်​​တောက်​​လျောက်​​သောက်ခြင်​းတို့​ကြောင်​့ အဆုတ်​လမ်​း​ကြောင်​းပျက်​စီးသွားပြီး အချွဲ​တွေပိုပိုပြီး ထုတ်​လုပ်​ပါတယ်​။

 

>> အဆုတ်​​ရောဂါ

 

     အဆုတ်​​ရောဂါတွေ​ကြောင်​့လည်​း cilia အမျှင်​​လေး​တွေက ရှင်​းမနိုင်​လောက်​​အောင်​  ချွဲပျစ်​ပျစ်​တွေအများအပြားထွက်​လာနိုင်​ပါတယ်​။ ဒီလိုဖြစ်​​စေနိုင်​တဲ့ အဆုတ်​​ရောဂါတစ်​မျိုးက​တော့ အဆုတ်​ထဲ​လေအဝင်​အထွက်​ကို နည်​း​စေတတ်​ပြီး အသက်​ရှုကြပ်​​စေတတ်​တဲ့ နာတာရှည်​အဆုတ်​လမ်​း​ကြောင်​းကျဉ်​း​ရောဂါ (COPD) ပဲဖြစ်​ပါတယ်​။ ဒီ​ရောဂါအခွဲနှစ်​မျိုးက​တော့ အဆုတ်​ပွ​ရောဂါ(Emphysema) နဲ့ နာတာရှည်​ ​လေပြွန်​​ရောင်​​ရောဂါ(chronic bronchitis) တို့ပဲဖြစ်​ပါတယ်​။ ဒီ​ရောဂါမှာ ချွဲသလိပ်​​တွေအများအပြားထွက်ရတာဟာ ​ရောင်​ရမ်​းမှု​တွေ၊ ဘတ်​တီးရီးယားပိုးမွား​တွေနဲ့ ခန္ဓာကိုယ်​ရဲ့ တုန်​ပြန်​တိုက်​ခိုက်​မှု​တွေ​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။ အခြား​ချွဲကြပ်​တတ်​တဲ့ ​ရောဂါ​တစ်​မျိုးက​တော့ cystic fibrosis လို့​ခေါ်တဲ့ ​​မျိုးရိုးလိုက်​​ရောဂါတစ်​မျိုးဖြစ်​ပြီး ပုံမှန်​ထက်​ချွဲပြစ်​ပြီး ကပ်​​စေ​းနေတဲ့​ ချွဲသလိပ်​​တွေ အဆုတ်​ထဲမှာ စုပြုံလာတတ်​တဲ့ ​ရောဂါပဲဖြစ်​ပါတယ်​။

 

>> သတိပြုရန်​

 

      အဆုတ်​ချွဲကြပ်​တဲ့လက္ခဏာ​တွေဖြစ်​တဲ့ ချွဲသလိပ်​​တွေကပ်​ပြီး ​ချောင်​းဆိုးတာ၊ ဖျားနာပြီး ရင်​ဘတ်​ထဲကတစ်​ရွှီရွှီမြည်​​နေတာ၊ ၂ပတ်​​ကျော်​​အောင်​​ချောင်​းဆိုး​နေတာမျိုး​တွေ ရှိပါက ဆရာဝန်​နဲ့ ပြသကြည်​့ပါ။ ဒါ့အပြင်​ ရုတ်​တရက်​ ကိုယ်​အ​လေးချိန်​ကျသွားရင်​၊ ရင်​ဘတ်​​အောင်​့လာခဲ့ရင်​၊ ​ချောင်​းဆိုးတဲ့အခါ ​သွေး​တွေပါလာခဲ့ရင်​လည်​း ဆရာဝန်​နဲ့ ချက်​ချင်​း​ဆွေး​နွေးတိုင်​ပင်​ပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)


 


 


 


 


 


 


 


 


 

Dr. Mya Phoo Ngon (www.drmyanmar.com)