/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြင်ကိုက်ခြင်းကြောင့်ဖြစ်သော-အမာရွတ်တွေကို-ဘယ်လိုဖယ်ရှားမလဲ

ခြင်ကိုက်ခြင်းကြောင့်ဖြစ်သော အမာရွတ်တွေကို ဘယ်လိုဖယ်ရှားမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယခုလို မိုးတွင်းမှာ ခြင်များ သိသိသာသာ ပေါများလာပါတယ်။ ခြင်များ ပေါများလာသည်နှင့်အမျှ ကျွန်မတို့ ခြေသလုံးနှင့် လက်များတွင်လည်း ခြင်ကိုက်ရာများကြောင့် ကြည့်ရတာ ရုပ်ဆိုးလာပါတယ်။ ခြင်ကိုက်ပြီးကျန်ခဲ့သော အမာရွတ်တွေကြောင့် စကတ်တိုတွေတောင် မ၀တ်ရတာ ကြာနေပြီလေ။ အထူးသဖြင့် sensitive ဖြစ်သော အရေပြားပိုင်ရှင်များတွင် ခြင်ကိုက်လိုက်တာနဲ့ နီရဲပြီး အမာရွတ်များ အလွယ်တကူ ဖြစ်တတ်ကြပါတယ်။ အမာရွတ်တွေကြောင့် စိတ်ညစ်ရပေမယ့်လည်း အောက်ပါ နည်းလမ်းလေးများနှင့် အမြန်ဆုံးမှိန်အောင် ပြုလုပ်နိုင်တာမို့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ကြည့်ပါဦးနော်။

 

(၁)    အနာကျက်ကျက်ခြင်းမှာ အမာရွတ်မကျန်အောင် ဂရုစိုက်ပါ။

          အနာကျက်ပြီးတာနှင့် တစ်ပြိုင်နက်တည်း အမာရွတ်ပျောက်အောင် ပြုလုပ်ခြင်းက အမာရွတ်ကို မြန်မြန်မှိန်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဘယ်လို အမာရွတ်ပျောက်ဆေးကိုသုံးသုံး အနာကျက်ပြီးတာနှင့် စတင်အသုံးပြုပါ။

 

(၂)    အစိုထိန်းခရင်မ်ကို နေ့စဉ်လိမ်းပါ။

          အမာရွတ်ကိုမှိန်စေဖို့ နည်းလမ်းကောင်းတစ်ခုကတော့ အစိုဓာတ်များစွာပါသည့် ခရင်မ်တစ်ခုခုကို လိမ်းပေးဖို့ပါပဲ။ Vitamin E,cocoa butter,shea butterစသော အစိုဓာတ်ကြွယ်၀သည့်ခရင်မ်များကို လိမ်းနိုင်သလို ရှားစောင်းလက်ပတ်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

 

(၃)    Scrub or Exfoliate

          နေ့စဉ် exfoliate ပြုလုပ်ခြင်းဖြင့် အမာရွတ်ရဲ့အပေါ်ယံမျက်နှာပြင် ကွာကျပြီး အရေပြားသစ် ပြန်လည်ဖြစ်ပေါ်စေမှာပါ။ သင့်တော်သော scrub cream သို့မဟုတ် ဘရပ်ရှ်တစ်ခုဖြင့် စက်၀ိုင်းပုံလှည့်ပြီး ပွတ်တိုက်ပါ။ ထို့နောက် အစိုထိန်းခရင််မ်တစ်ခုခု လိမ်းပါ။

 

(၄)    အမာရွတ်ပျောက်ဆေးလိမ်းဖို့ မမေ့ပါနဲ့။

          ဈေးကွက်ထဲရောင်းနေသော အမာရွတ်ပျောက်ဆေးများကို အသုံးပြုနိုင်သလို Vitamin C အဆီများနှင့် alpha hydroxyl acid ပါသော ဆေးများကို လိမ်းပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ဖြင့် ၄ လလောက် စွဲလိမ်းဖို့ လိုပါတယ်။

 

(၅)    အိမ်တွင်းနည်းလမ်းများကို အသုံးပြုမယ်။

●        အမာရွတ်ပေါ်သို့ သံပုရာအရည်ကို တစ်နေ့တစ်ကြိမ် လိမ်းပေးခြင်း

●        သံလွင်ဆီ လိမ်းပေးခြင်း

●        သခွားသီးအနှစ် လိမ်းပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

(၆)    နှိပ်နယ်ခြင်း

          အမာရွတ်ပေါ်သို့ အစိုထိန်းခရင်မ် သို့မဟုတ် အမာရွတ်ပျောက်ဆေး လိမ်းပြီးတိုင်း ညင်သာစွာ နှိပ်ပေးသင့်ပါတယ်။ သွေးလည်ပတ်မှု ကောင်းစေပြီး ဆဲလ်သစ်များ ပြန်လည်ဖြစ်စေနိုင်ပါတယ်။

 

(၇)    Suncreen လိမ်းဖို့ မမေ့ပါနဲ့။

          အမာရွတ်တွေဟာ နေရောင်နဲ့ ထိတွေ့ပါက ညိုမည်းလွယ်တာမို့ နေရောင်ကာ ခရင်မ် မဖြစ်မနေ လူးပေးပါ။

 

(၈)    အရေပြားဆရာ၀န်နှင့် ပြသပါ။

          အမာရွတ်များဟာ အလွန်ကြည့်ရဆိုးခြင်း၊ ပိုဆိုးလာခြင်းဖြစ်ပါက အရေပြားဆရာ၀န်နှင့် ပြသတိုင်ပင်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)