/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေကုန်လက်ပန်းကျခြင်း-overexertion-ဆိုတာ

ခြေကုန်လက်ပန်းကျခြင်း (Overexertion) ဆိုတာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုယ်ခန္ဓာအင်အားပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရရော လုပ်နိုင်တာထက် ပိုလုပ်မိတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။

>>  သူက -
●  အသက်
●  အရင်ကျန်းမာရေးအခြေအနေ
●  ပတ်ဝန်းကျင်၊ အလုပ်
●  ကိုယ်လုပ်နေကျ လှုပ်ရှားမှုတွေအပေါ် မူတည်ပါတယ်။
ဒီလိုအချက်အလက်တွေ မတူတာကြောင့် လူတစ်ယောက်နဲ့ တစ်ယောက် overexertion ဖြစ်ကြတဲ့ အခြေအနေ၊ အချိန်ချင်း မတူကြပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ကိုယ်ခန္ဓာအရရော၊ စိတ်ပိုင်းဆိုင်ရာအရရော ခံနိုင်ရည်၊ လုပ်နိုင်ရည်ချင်းလည်း မတူညီကြပါဘူး။

>>  Overexertion ဖြစ်ရာကနေ -
ကြွက်သား၊ အဆစ်အမြစ် ဒဏ်ရာတွေ၊ အရိုးကျိုးတာ၊ အက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ လှုပ်ရှားမှု ပြုလုပ်ရာမှာလည်း အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

>>  ဘာတွေကြောင့်ဖြစ်နိုင်လဲ?
**  ထပ်ခါထပ်ခါလုပ်ရတဲ့ လှုပ်ရှားမှုတွေ
အဆစ်ကိုပဲဖြစ်ဖြစ်၊ ကြွက်သားကိုပဲ ဖြစ်ဖြစ် ထပ်ခါထပ်ခါ လှုပ်ရှားမှုတစ်ခုထဲကို ပြုလုပ်နေတာ ကြာရင် ဒဏ်ဖြစ်လာပြီး နာကျင်တာတွေ ဖြစ်လာစေပါတယ်။
ဘယ်လိုလှုပ်ရှားမှုတွေလဲဆိုရင် -
●  ကွန်ပျူတာ mouse ကို အသုံးပြုတာ
●  စာရိုက်တာ၊ စာရေးတာ
●  ဘောလုံးကန်တာ၊ ရိုက်တာ၊ ပစ်တာ
●  အားကစားတစ်ခုခု လေ့ကျင့်တာ
●  ဂီတတူရိယာတစ်ခုခု တီးခတ်တာ
●  အပ်ချုပ်တာ၊ သိုးမွှေးထိုးတာ တို့ ဖြစ်ပါတယ်။

>>  ပုံသဏ္ဌာန်မမှန်ဘဲ လှုပ်ရှားတာ
●  ပစ္စည်းမတာမှာ ကိုယ်ခန္ဓာပုံစံမမှန်ဘဲ မမိတာ
●  ပုံသဏ္ဌာန်မမှန်ဘဲ ထိုင်တာ
●  လေ့ကျင့်ခန်းလုပ်ရာမှာ နည်းလမ်းမမှန်တာ
●  လေ့ကျင့်ခန်းလုပ်ရာမှာ အကူကိရိယာ မှန်မှန်မသုံးတာ
●  ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားတာ
**  လှည့်တာ
**  ကုန်းတာ
**  တွန်းတာ
**  ဆွဲတာ
●  လှုပ်ရှားမှုတစ်ခုခုကို မနားဘဲ အကြာကြီးလုပ်နေတာ
●  လေ့ကျင့်ခန်း/အားကစားတစ်ခုခုကို အကြာကြီး လုပ်နေတာ
●  ပူလွန်း၊ အေးလွန်းတဲ့အခြေအနေမှာ လှုပ်ရှားမှု လုပ်တာ

>>  သူ့ရဲ့ လက္ခဏာတွေကရော
**  နာကျင်တာ
ဒါကတော့ တွေ့ရအများဆုံး လက္ခဏာတစ်ခုပါ။ စူးပြီးနာတာမျိုး ဒါမှမဟုတ် ကိုက်ခဲနာကျင်တာမျိုးကို ခံစားရတတ်ပါတယ်။ နာတာနဲ့ တစ်ပြိုင်တည်း လုပ်နေတာကို ရပ်လိုက်ပါ။ အနားယူပါ။ ပိုဆိုးလာရင် ဆရာဝန်နဲ့ ပြပါ။

**  ပင်ပန်းနွမ်းနယ်တာ
ဒါကတော့ ကိုယ်ခန္ဓာရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ခံစားရတတ်ပါတယ်။
●  ခြေလက်တွေကို မသယ်ချင်ဖြစ်တာ
●  နာကျင်ကိုက်ခဲတာ ဆက်တိုက်ဖြစ်နေတာ
●  ခေါင်းက မကြည်မလင်ဖြစ်တာ
●  အာရုံစူးစိုက်လို့ မရတာ
●  စိတ်ဖိစီးမှုတွေ မြင့်တက်လာတာ
●  စိတ်ခံစားချက်တွေ ပြင်းထန်တာ
●  စိတ်ဓာတ်ကျတာ တို့ ခံစားရတတ်ပါတယ်။

>>  ဒါမျိုးတွေ ခံစားရရင် -
●  အားရှိတာတွေ စားပါ။
●  ရေများများသောက်ပါ။
●  အိပ်ရေးဝဝ အိပ်ပါ။
Overexertion ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကျဆင်းစေလို့ ဖျားနာစေပါတယ်။ ထိခိုက်ဒဏ်ရာလည်း ရလွယ်ပါတယ်။
●  မောတာ၊ အသက်ရှုရခက်တာ
ဒါမျိုးဖြစ်လာရင် အသက်ကို ပြင်းပြင်းရှူပါ။

>>  မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?
●  ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင် သွေးပူလေ့ကျင့်ခန်း လုပ်ပါ။
●  မိနစ် ၃၀ တစ်ခါ ပုံစံပြောင်းပါ၊ အနားယူပါ။
●  လေ့ကျင့်ခန်းလုပ်ရင် နည်းမှန်လမ်းမှန် လုပ်ပါ။
●  လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ ရှောင်ပါ။
●  စိတ်ကို ပြေလျော့စေမဲ့ တရားထိုင်တာ၊ ယောဂကျင့်တာ စတဲ့ နည်းလမ်းတွေ လုပ်ပါ။
●  အိပ်ရေးဝဝအိပ်ပါ။
●  စိတ်ဓာတ်ကျတာမျိုးရှိရင် ဆရာဝန်နဲ့ ပြပါ။

Dr. Htar (www.drmyanmar.com)