/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်-နာကျင်-ကိုက်ခဲခြင်းအတွက်-အစွမ်းထက်သော-သဘာဝကုထုံးများ

ခြေထောက် နာကျင် ကိုက်ခဲခြင်းအတွက် အစွမ်းထက်သော သဘာဝကုထုံးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခြေထောက် နာကျင် ကိုက်ခဲခြင်းက အသက်အရွယ်အမျိုးမျိုးမှာ ဖြစ်တတ်တဲ့ အဖြစ်များတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုက နည်းနည်းကနေ ပြင်းထန်နို်င်သလို ခြေထောက်တစ်ဖက် (သို့) နှစ်ဖက်စလုံးမှာ ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ နာကျင်မှုကြောင့် နေထိုင်ရတာ သက်သောင့်သက်သာမဖြစ်ဘဲ စိတ်ဒုက္ခ ဖြစ်စေနိုင်သလို တစ်ခါတလေတော့လည်း ခြေထောက်ကိုတောင် ကောင်းကောင်း မလှုပ်ရှားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ထုံကျဉ်ခြင်းနဲ့ အားနည်းခြင်း စတဲ့ လက္ခဏာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ခြေထောက် နာကျင်ကိုက်ခဲခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေ သောက်နို်င်ပေမယ့် အန္တရာယ်ကင်းတဲ့ အခြားနည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင် အောက်ပါသဘာဝကုထုံးတွေကို ကြိုးစားကြည့်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

•       ရေနွေးအိတ် ကပ်ခြင်း

        ခြေထောက် နာကျင်ကိုက်ခဲတဲ့နေရာပေါ်မှာ ရေနွေးအိတ်တင်ပြီး 15 - 20 မိနစ်ခန့် ထားပါ။ ဒါကို ခြေထောက်ကိုက်တာ သက်သာတဲ့အထိ တစ်နေ့ 2 ကြိမ်မှ 3 ကြိမ်အထိ လုပ်ပေးပါ။ အပူက ကြွက်သားရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အပူအိတ် ကပ်တဲ့အခါမှာ အပူကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပါက အပူလောင်နိုင်တဲ့အတွက် ရေနွေးအိတ်နဲ့ အသားကြားမှာ အဝတ်စ (သို့) ပဝါစလေး ခံပေးပါ။

 

•       နှိပ်နယ်ခြင်း

          နောက်တစ်နည်းကတော့ ကြွက်သားများကို ထိရောက်စွာ နှိပ်နယ်ပေးခြင်း ဖြစ်ပါတယ်။ ကြွက်သားတွေကို နှိပ်နယ်ပေးတဲ့အခါမှာ သွေးလှည့်ပတ်မှု ကောင်းလာစေတဲ့အတွက် ကြွက်သား တောင့်တင်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။

 

•       ပန်းသီးရှာလကာရည် (Apple Cider Vinegar)

          ရေနွေးတစ်ပုံးထဲကို ပန်းသီးရှာလကာရည် တစ်ခွက် (သို့) နှစ်ခွက် ထည့်ပြီး ဒီရေထဲမှာ မိနစ် အနည်းငယ်ခန့် ခြေထောက်ထည့်ပြီး စိမ်ပေးပါ။ အတွင်းပိုင်း နာကျင်မှုတွေ သက်သာစေဖို့အတွက် ပန်းသီးရှာလကာရည်ကို သောက်သုံးလည်း သောက်သုံးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်စွမ်းနဲ့ အနာ သက်သာစေနိုင်စွမ်းတို့ကြောင့် အစွမ်းထက်တဲ့ မီးဖိုချောင်သုံး ဆေးနည်းတစ်ခုပဲ ဖြစ်ပါတယ်။

 

•       နနွင်း

          နနွင်းမှာ ပါဝင်တဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်စွမ်းနဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုတွေကြောင့် ခြေထောက် နာကျင်ကိုက်ခဲခြင်းအတွက် အရမ်းကို ကောင်းပါတယ်။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း 1 ဇွန်းကို နှမ်းဆီနွေးနွေး အနည်းငယ်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောစပ်ပါ။ ဒီအရောကို  နာကျင်ကိုက်ခဲတဲ့နေရာမှာ လိမ်းပြီး မိနစ် 30 ခန့်ကြာမှ ရေနွေးနဲ့ ဆေးချပါ။ တစ်နေ့ကို 2 ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

 

•       သံပရာရည်နှင့် ကြက်ဆူဆီ

          လတ်ဆတ်သော သံပရာရည် စားပွဲတင်ဇွန်း 2 ဇွန်းကို ကြက်ဆူဆီ စားပွဲတင်ဇွန်း 2 ဇွန်းနဲ့ ရောစပ်ပါ။ ဒီအရောကို ခြေထောက်မှာ လိမ်းပြီး 5 မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးနောက် 2 နာရီခန့်ကြာမှ ရေနွေးနွေးနဲ့ ခြေထောက် ဆေးချပြီး ခြေသွေ့အောင် သုတ်ပေးပါ။ သံပရာရည်မှာ ပါဝင်တဲ့ ဗီတာမင် C ဓာတ်က ရောင်ရမ်းခြင်းကို သက်သာစေပြီး ကြက်ဆူဆီကတော့ သံပရာရည်ရဲ့အစွမ်းသတ္တိကို ပိုမိုထိရောက်စေပါတယ်။

          အထက်ပါ အိမ်တွင်းနည်းလမ်းတွေက စမ်းသပ်ပြုလုပ်ကြည့်တဲ့အခါမှာ ခြေထောက် နာကျင် ကိုက်ခဲခြင်းတွေအတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိကြောင်းကို တွေ့ရှိရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)