/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်-ရောင်လာရင်-သတိထားပါ-အဆုတ်သွေးကြော-ပိတ်ဆို့နိုင်ပါတယ်

ခြေထောက် ရောင်လာရင် သတိထားပါ ... အဆုတ်သွေးကြော ပိတ်ဆို့နိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        အဆုတ်သွေးခဲဆိုတာ ဘယ်ကလာသလဲ?

●        သွေးခဲက ဘယ်ကရောက်လာပြီး ပိတ်သွားတာလဲ?

          ကလေးမွေးပြီး သွေးသွန်ခဲ့တဲ့ မိခင်တစ်ယောက်ဟာ သွေးသွန်တာအတွက် အနည်းဆုံး သွေးငါးပုလင်းခန့် သွင်းပြီး ကုသလို့ အသက်ရှင်လာခဲ့ရပါတယ်။ ကံကောင်းလို့ နေပြန်ကောင်းလာခဲ့ပေမယ့် ပြသနာက ခုမှစတာပါ။ အီစရိုဂျင်ပါတဲ့ဆေးတွေ သောက်ရထိုးရပြီး အကြာကြီး အိပ်ရာထဲမှာ နားဖို့ ဖြစ်လာခဲ့ပါတယ်။

          ခြေသလုံးတစ်ဖက် ဆိုးဆိုးဝါးဝါး ရောင်လာခဲ့ပြီး အထိမခံနိုင်အောင် စတင်နာကျင်လာပါတယ်။ ဓာတ်မှန်ရိုက်ကူး၊ အာထရာဆောင်း ရိုက်လိုက်တဲ့အခါ သူ့ရဲ့ ခြေသလုံးသွေးကြောထဲမှာ သွေးခဲနေတာ တွေ့ခဲ့ရပါတယ်။ သွေးကျဲဆေးတွေ ထိုးရသောက်ရပြီး ဆေးရုံကနေ ဆင်းခဲ့ပါတယ်။

          သိပ်မကြာခင် သူမဟာ ရင်ဘတ်အောင့်တာ၊ မောတာ၊ မူးဝေတာတွေ ခံစားရပြီး ရုတ်တရက် သတိလစ်သွားခဲ့ပါတယ်။  ဆေးရုံ ပြန်တက်ရပြန်ပါပြီ၊ သူမ အဆုတ်ထဲမှာ သွေးခဲတွေ ပိတ်နေပါတယ်။ ခြေသလုံးက သွေးခဲဟာ သူမရဲ့အဆုတ်ထဲကို ရောက်ရှိပိတ်ဆို့သွားတာပါ။

          ဆေးတွေထိုး အကြာကြီး စောင့်ကြည့်ပြီး ဆေးရုံက ပြန်ဆင်းရပြန်ပါတယ်။ သူမဟာ နောက်တစ်ခေါက်ဖြစ်မှာ ကြောက်နေမိပါပြီ။ ဒီသွေးခဲ ဘာလဲ ဘယ်လဲ။

          သူမရဲ့ နှလုံးအထူးကုဆရာဝန်နဲ့ ပုံမှန်ပြသ စစ်ဆေးမှုခံယူနေခဲ့ပြီး ဆေးသောက်နေပေမယ့် ကျန်းမာတဲ့ဘဝကို ဖြတ်သန်းနေပါတယ်။

●        ခြေသလုံး ရောင်မယ်၊ နာမယ်

●        ရုတ်တရက် မောမယ်

●        ဆေးရုံ ကြာကြာတက်ရပြီး အမြဲလှဲလျောင်းနေရသူဖြစ်မယ်ဆိုရင် ခြေသလုံး သွေးခဲတွေနဲ့ နောက်ဆက်တွဲ အဆုတ် သွေးကြောပိတ်မယ့် အန္တရာယ်တွေကို အလေးထား သတိမူမိပြီး မိမိကိုယ်မိမိ ဂရုစိုက်နိုင်ဖို့ ရေးသားလိုက်ရပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)