/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေဖနောင့်နာခြင်း

ခြေဖနောင့်နာခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခြေဖနောင့်နာတာက အများအားဖြင်တော့ ခြေဖဝါးမှာရှိတဲ့ အရွတ်ကို အသုံးပြုတာများပြီး ဒဏ်ဖြစ်ခြင်းကြောင့် အဖြစ်များပါတယ်။

 

>>    လက္ခဏာများ

        မနက်ပိုင်းထထခြင်း ခြေစလှမ်းလိုက်တဲ့အချိန်မှာ အဆိုးဆုံးဖြစ်ပြီးတော့ လှုပ်ရှားမှုလုပ်လိုက်ရင် ဖြည်းဖြည်းချင်း သက်သာသွားတတ်ပါတယ်။ ငြိမ်နေလို်က်ရင်လည်း ပြန်နာလာတတ်ပါတယ်။

 

>>    အကြောင်းအရင်းများ

          ခြေဖဝါးပေါ်မှာ သက်ရောက်တဲ့ ထပ်ခါထပ်ခါလှုပ်ရှားမှုတွေကြောင့် အရွတ်တွေ တင်းလာ၊ ရောင်လာပြီးတော့ နာကျင်လာစေနိုင်ပါတယ်။ ခြေထောက်ကို အတွင်းကို လိန်စေတဲ့အပြုအမူတွေ၊ ခြေသလုံးကြွက်သားတေ တင်းပြီးတော့ အားနည်းခြင်း၊ ခြေမအပေါ်မှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေကြောင့်လည်း အရွတ်ကို ရောင်စေနိုင်ပါတယ်။

 

>>    ခြေဖနောင့်အတက်

          တစ်ခါတလေ အရွတ်က ဖနောင့်ကို တွယ်တဲ့နေရာမှာ အရိုးတက်လေး ထွက်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် ဒီအတက်တွေက မနာတတ်ဘဲနဲ့ ဓာတ်မှန်ရိုက်ကြည့်မှသာ တွေ့နိုင်ပါတယ်။

 

>>    ကုထုံးများ

          လမ်းအကြာကြီး လျှောက်တာ၊ ပြေးတာ၊ ခြေသလုံးကြွက်သားတွေကို ဆွဲဆန့်တာ၊ ရေခဲကပ်တာ၊ အရောင်ကျဆေးတွေ သောက်တာစတဲ့ ခြေဖနောင့်နာတာကို ပိုဆိုးစေတဲ့လုပ်ရပ်တွေကို ရှောင်ပါ။ ဖိနပ်ကိုလည်း အောက်ခံပျော့ပြီးတော့ ကိုယ်နဲ့သင့်တော်တဲ့ဖိနပ်ကို ရွေးစီးပါ။ အရမ်းဆိုးလာရင်တော့ လမ်းလျှောက်ဖိနပ်တွေကိုစီးဖို့ လိုပါတယ်။ ထိုးဆေးတွေနဲ့ထိုးပြီး ကုသတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ အထက်ပါနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုမှသာ ခွဲစိတ်ဖို့လိုပြီးတော့ ခွဲရတာကတော့ ရှားပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)