ခြေဖမိုးလေးတွေ ရောင်နေတာ ဘာလို့များပါလိမ့်
ခြေဖဖိုးလေးတွေ ကြည့်နေရင်း မို့နေဖောင်းနေတဲ့အခါ ဘာကြောင့်များလဲလို့ စဉ်းစားနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။
၁။ ခြေသလုံးတွင် သွေးခဲ့ပိတ်ဆို့ခြင်းဟာ ရှားပါးပေမယ့် မဖြစ်တတ်ဘူးလို့ ပြောလို့မရပါဘူး။ ခြေထောက် တစ်ဖက်တည်းသာ ဖြစ်တတ်ပြီး ခြေကျင်းဝတ်နဲ့ ခြေဖမိုးလေးတွေ အန်းလာပါတယ်။
၂။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေဖမိုးလေးတွေက အမ်းတတ်တာ ပုံမှန်ဆိုပေမယ့် သွေးပေါင်လေးတော့ ချိန်ကြည့်ပါဦး။ ကိုယ်ဝန် ဆိပ်တက်၊ သွေးတိုးရောဂါ ဖြစ်နေတတ်လို့ပါ။
၃။ အမောတွေ၊ အဖျားတွေ၊ မျက်နှာတွေ အမ်းတာတွေပါ ဆိုရင်တော့ ကျောက်ကပ်ရောဂါ နှလုံးရောဂါတွေ ဖြစ်နိုင်သေးတာပါပဲ။
>> ခြေဖမိုးမှာမှ ဘာလို့အမ်းရသလဲ?
ကမ်ဘာ့့ဆွဲအားကြောင့် ရေဓာတ်တွေဟာ ခြေဖမိုးနဲ့ ခြေဖဝါးတွေမှာ အများဆုံး လာစုပါတယ်။ ကိုယ်ဝန်သည်လေးတွေမှာ သွေးကြောလေးတွေ ဆုံလာတဲ့အခါ နှလုံးကို သွေးအရောက် နည်းသွားပြီး မူးေ၀တာ၊ ခြေထောက် အမ်းတာတွေ ဖြစ်တတ်ပါတယ်။
>> ပျောက်နိုင်ပါ့မလား?
အငန်ကို သိသာစွာ လျှော့စားပြီး သွေးပေါင်ကို ထိန်းညှိကုသလိုက်တာနဲ့ ကောင်းသွားနိုင်ပါသတဲ့။ ခြေဖဝါး ရောင်တတ်တာတွေကလည်း မနည်းမနောပါပဲ။
>> ရေ လျှော့သောက်ရမလား?
ခြေဖဝါးလေးတွေ အမ်းနေလို့ ရေ လျှော့သောက်ဖို့ မလိုပါဘူး။ ရေဓာတ်ပြည့်၀ ကျန်းမာနေဖို့ကလည်း အရေးကြီးနေတယ်လေ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























