/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေဖဝါးလေးတွေကို-ဘယ်လို-ကျန်းမာအောင်-ထားကြမလဲ

ခြေဖဝါးလေးတွေကို ဘယ်လို ကျန်းမာအောင် ထားကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    အရိုးပေါင်း ၂၆ ရိုး၊ အဆစ်ပေါင်း ၃၃ ဆစ်၊ ကြွက်သားပေါင်း ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ခြေဖဝါး လေးတွေ ကျန်းမာမှသာ နေလို့ကောင်းပြီး တက်ကြွနေမှာပါ။ ဆိုတော့ သူတို့ကို ဘယ်လို ဂရုစိုက်မလဲဆိုတာ ခြေထောက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ပြောပြထားတဲ့ အချက်တွေကို ပြန်ပြီး မျှဝေပေးလိုက်ပါတယ်နော်။

>>    ခြောက်သွေ့အောင် သုတ်ပါ။
    ရေချိုးပြီးတိုင်း ခြေဖဝါးလေးတွေကို ခြောက်အောင် သုတ်ဖို့ မေ့နေကြတယ်မှတ်လား။ စိုနေတဲ့ ခြေချောင်းလေးတွေဟာ မှိုရောဂါ လွယ်လွယ်နဲ့ စွဲကပ်နိုင်ပါတယ်တဲ့။

>>    ခြေသည်း မှန်မှန် ညှပ်ပါ။
    ခြေသည်းလေးတွေကို အသားနဲ့ နည်းနည်းခွာပြီး အဖြောင့်ညှပ်ပေးတာက ခြေစွယ်ငုပ်တာကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်တဲ့။

>>    ခြေထောက်နဲ့ တော်တဲ့ဖိနပ်ကို စီးပါ။
    ချောင်လွန်း၊ ကျပ်လွန်းတဲ့ ဖိနပ်တွေက အရေပြားပွန်းတာ၊ အရည်ကြည်ဖုထတာနဲ့ ခြေသည်းလေးတွေကို ထိခိုက်စေပါတယ်တဲ့။ ထိပ်ပိတ်ဖိနပ်လေးတွေ စီးတဲ့အခါမှာ အကြံပေးချင်တာကတော့ အရှည်ဆုံး ခြေချောင်းနဲ့ လက်မဝက် ကွာတဲ့ဖိနပ်ကို ရွေးပါ။

>>    ကိုယ့်ရဲ့ ခြေထောက်ကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့ဖိနပ်ကို ရွေးပါ။
    ကိုယ့်ခြေလှမ်းတွေရယ် ခန္ဓာကိုယ်ရယ်ကို ဟန်ချက်ညီညီ ထိန်းထားနိုင်တဲ့ ဖိနပ်မှသာလျှင် မတော်တဆ ချော်လဲတာမျိုးကို ကာကွယ်ပေးနိုင်မယ့်အပြင် နာကျင်တာမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ သွားလာနိုင်စေမှာပါတဲ့။

>>    ဆရာဝန်ကို ပြရမယ့်အချိန်ကို သိထားပါ။
    နာကျင်၊ နီရဲ၊ ရောင်ရမ်းတာမျိုး ရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါတဲ့။ ဒါမှသာ သေးတဲ့ရောဂါကနေ ရောဂါကြီး ဖြစ်လာတာကို ကာကွယ်နိုင်မှာပါတဲ့။
    ခေါင်းအစ ခြေအဆုံး ကျန်းမာလှပကြပါစေ။

Htar (www.drmyanmar.com)