ခွေးချေးကနေ ကူးတဲ့ သန်ပြားကောင်
ခွေးချစ်သူတွေ သတိပြုကြဖို့ အရေးကြီး ကျန်းမာရေးသတင်းလေးပါနော်။ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ပာာ ခြေထောက်တွေ မကြာခဏ ပျော့ခွေလာတာ လမ်းလျှောက်ဖို့ အားမရှိတာ ဓာတ်လိုက်သလို စူးခနဲ၊ အောင့်ခနဲ နာကျင်တာတွေ ခဏခဏ ခံစားနေရပါသတဲ့။ ဒါနဲ့ ဆရာဝန်နဲ့ ပြသဆွေးနွေးလိုက်ပြီး အာရုံကြောတွေကို ဓာတ်မှန် ရိုက်ကူးစစ်ဆေးဖို့ စီစဉ်ခဲ့ကြပါတယ်။ သံလိုက်ဓာတ်မှန် MRI ကို အသုံးပြုပြီး ဦးနှောက်နဲ့ အာရုံကြောကို ရိုက်ကူးစစ်ဆေးလိုက်တဲ့အခါ အာရုံကြောမကြီးမှာ တွယ်ကပ်နေတဲ့ သံပြားကောင် အထွေးလိုက်ကို တအံ့တသြ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
သန်ပြားကောင်ပာာ အိတ်လေးသဖွယ် ခွေနေပြီး ဆက်စပ်အာရုံကြောတွေကို ပြဿနာပေးနေတာ ဖြစ်နေပါတယ်။ " Echinococcus Granulocus " လို့ခေါ်တဲ့ သန်ပြားကောင်ပာာ ဘယ်လိုနေရာတွေကို ကြိုက်သလဲ ...
● ဦးနှောက်တွင်း
● အသည်း
● အဆုတ်
● ကြွက်သားအပြင် တခြားအင်္ဂါတွေ အတော်များများမှာ ခွေနေတတ်ပါတယ်။
အတော် အကောင်းကြိုက်ပြီး သွေးအာပာာရကို စားသုံးကာ ကိုယ်တွင်း သူ ့စိတ်ကြိုက် တစ်နေရာရာမှာ နှစ်အကြာကြီး တည်နေနိုင်ပါတယ်။
မသန့်ရှင်းတဲ့ရေ၊ အစားအသောက်၊ ဖုန်မှုန့်တွေ အညစ်အကြေးတွေကနေ ကူးစက်နိုင်သလို အများဆုံး ကူးစက်နိုင်တာကတော့ ခွေးမစင် ဖြစ်ပါတယ်။
>> သန်ပြားကောင် ကူးစက်ခံရတဲ့အခါ -
● မကြာခဏ ဗိုက်နာမယ်။
● ပျို့ချင်၊ အန်ချင်မယ်။
● အစာမကြေ ရင်ပြည့်မယ်။
● စားနေပါလျက် ပိန်လာမယ်။
ဒါကြောင့် ခွေးမစင်ကို သတိထားပြီး စနစ်တကျ စွန့်ပစ်ကြဖို့ ခွေးချစ်သူတွေအတွက် ရေးသားလိုက်ရပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























