/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခွဲစိတ်ပြီးသူတွေမှာ-အနာကျက်မြန်စေဖို့အတွက်-ဗီတာမင်-c

ခွဲစိတ်ပြီးသူတွေမှာ အနာကျက်မြန်စေဖို့အတွက် ဗီတာမင် C

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဘယ်လိုပဲအသေးစားခွဲစိတ်မှုဖြစ်ဖြစ် ခွဲစိတ်မှုခံရမယ်ဆိုရင်ကို စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုတွေကရှိနေပါပြီ။ စိတ်လှုပ်ရှားတာအပြင် ခွဲပြီးနောက်မှာ ခံစားရတဲ့နာကျင်မှုတွေ၊ အနာကျက်ဖို့တွေကလည်း ရှိပါသေးတယ်။

ဗီတာမင် C ဆိုတာကတော့ အအေးမိတာတွေကိုသက်သာစေဖို့နဲ့ နှလုံးရောဂါအတွက် အထောက်အကူပြုရုံသာမကဘဲ ခွဲစိတ်ပြီးနောက်အနာကျက်ချိန်ကိုမြန်စေဖို့အတွက်လည်း အထောက်အကူဖြစ်စေတဲ့ စွမ်းအားပြည့် အင်တီအောက်ဆီးဒင့်တစ်မျိုးပါ။

လေ့လာမှုတွေအမျိုးမျိုးလုပ်ကြည့်တဲ့အခါမှာ ဗီတာမင် C က အနာကျက်တာအတွက် အထောက်အကူဖြစ်စေတယ်လို့တွေ့ရပါတယ်။ ခွဲစိတ်မှုမျိုးစုံလုပ်ပြီးတဲ့လူနာတွေကို ခွဲစိတ်ပြီးနောက်မှာ နေ့စဉ်လိုအပ်တဲ့ဗီတာမင် C ပမာဏရဲ့ အကြမ်းဖျဉ်း ၈ဆကနေ အဆ၅၀ လောက်အထိပမာဏရှိတဲ့ ဗီတာမင် C 500-3000 mg နေ့စဉ်တိုက်ပါတယ်။ ဒီလူနာတွေမှာ collagen အသစ်ဖြစ်ပေါ်မှုပိုကောင်းလာပြီးတော့ ခွဲစိတ်တဲ့အနာတွေလည်းအနာကျက်ပိုမြန်လာတာကိုတွေ့ရပါတယ်။

နောက်ဆရာဝန်တစ်ယောက်ကလည်း ခွဲစိတ်မှုမလုပ်ခင်မှာ ဗီတာမင် C သွင်းပေးတာ၊ ပါးစပ်ကနေတိုက်တာတွေကလည်း အနာကျက်မြန်စေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဗီတာမင် C က ခွဲစိတ်ပြီးခံံစားရတဲ့နာကျင်မှုတွေကိုသက်သာစေပြီးတော့ အကိုက်အခဲပျောက်ဆေးသုံးရတာနည်းစေပြီးတော့ ရလဒ်တွေကိုကောင်းစေပါတယ်။

နောက်ထပ်ကောင်းကျိုးအနေနဲ့ University of Michigan ရဲ့အဆိုအရ ဗီတာမင် C ကခွဲစိတ်မှုလုပ်နေစဉ်အတွင်းသွေးထွက်လွန်တာကို လျော့နည်းစေတယ်လို့ဆိုထားပါတယ်။

ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင်နဲ့ ခွဲစိတ်ပြီးအချိန်တွေမှာ ဗီတာမင် C ကိုနေ့စဉ်လိုအပ်တဲ့ပမာဏထက်ပိုပြီးများများသောက်ခြင်းက အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။ ကိုယ့်ခွဲစိတ်မှုလုပ်ရမယ့်အပေါ်မူတည်ပြိးတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ဗီတာမင် C များများသောက်ပေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)







Dr. Mya Myo Myo Swe (www.drmyanmar.com)