ဂေါက်အဆစ်နာရောဂါနဲ့ သွေးလေးဖက်နာအဆစ်အမြစ်ရောင်ရောဂါရဲ့ ကွာခြားချက်ကဘာလဲ
ဂေါက်ရောဂါနဲ့ သွေးလေးဖက်နာရောဂါနှစ်မျိ်ုးလုံးဟာ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါတွေဖြစ်ပြီး အဆစ်တွေမှာ နီရဲရောင်ရမ်းပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဒါကြောင့်လည်း ဒီရောဂါနှစ်မျိ်ုးကို မကြာခဏဆိုသလိုမှားလေ့ရှိကြပါတယ်။
ဂေါက်ရောဂါဟာ အဆစ်အမြစ်တွေကို ရုတ်တရက်ပြင်းပြင်းထန်ထန်နာကျင်စေ၍ တစ်ခါတစ်ရံမှာဆိုလျှင် အိပ်နေရာမှပင် လန့်နိုးစေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ အများအားဖြင့် ခြေမမှာစတင်လေ့ရှိပြီး အခြားအဆစ်အမြစ်တွေကို ပျံ့နှံ့သွားကာ ကုသမှုမခံယူသည့်တိုင်အောင် အချိန်ကြာလာသည်နှင့်အမျှ သက်သာသွားနိုင်ပါတယ်။ ပုံဆောင်ခဲ (uric acid) တွေ စုပုံလာရခြင်းမှာ အရက်အလွန်အကျွံသောက်ခြင်း၊ ပျူရင်းဓာတ်မြင့်မားစွာပါဝင်သော အစားအစာများစားခြင်း၊ အချို့သောဆေးဝါးများနှင့် ကျောက်ကပ်ရောဂါတို့ကြောင့် ဖြစ်ပါတယ်။ အချို့သူများတွင်မူ မျိ်ုးရိုးဗီဇကြောင့် ပုံဆောင်ခဲများ များပြားလာရခြင်းဖြစ်ပါတယ်။ ဂေါက်အဆစ်ရောဂါဟာ ကုသရလွယ်ကူသော်လည်း မကုဘဲထားပါက ပိုမိုဆိုးရွားလာနိုင်ပါတယ်။
သွေးလေးဘက်နာရောဂါကမူ ဝေဒနာစတင်ခံစားရချိန်မှစ၍ နာကျင်နေတတ်ပါတယ် (သို့) တဖြည်းဖြည်းနဲ့ ပို၍နာကျင်လာကာ အဆစ်တွေတင်းလာတတ်ပါတယ်။ ပုံမှန်အားဖြင့် လက်၊ လက်ကောက်ဝတ်နဲ့ ခြေချောင်းလေးများမှ စတင်လေ့ရှိပါတယ်။ သွေးလေးဘက်နာရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သေချာမသိသော်လည်း မျိုးရိုးဗီဇနှင့်ဆိုင်သည်ဟု ယူဆကြပါတယ်။ ထို့ပြင် ဗိုင်းရပ်စ်ရောဂါပိုးများကြောင့်လည်း ဖြစ်နိုင်သည်ဟု အထင်ရှိကြပါတယ်။ သွေးလေးဖက်နာရောဂါဟာ ပိုမဆိုးလာအောင် ထိန်းလို့ရသော်လည်း လုံးဝပျောက်ကင်းအောင်တော့ ကုသလို့မရနိုင်ပေ။
Dr. Thinzar Wynn






























