/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ငါးတွေကရတဲ့-အဆီဓာတ်

ငါးတွေကရတဲ့ အဆီဓာတ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ဆယ်မွန်ငါး၊ ဆာဒင်းငါး၊ Pilchard လို့ခေါ်တဲ့ ပင်လယ်ငါး၊ ငါးခြောက်၊ ငါးရှဥ့်၊ ငါးဇင်ရိုင်း၊ မက်ကရယ်ငါး၊ ငါးသလောက်၊ တူနာ ဒီလိုငါးတွေဟာ အိုမီဂါသရီး အဆီဓာတ်တွေ ပြည့်ပြည့်ဝဝ ပါကြပါတယ်။

          ဒီလိုငါးတွေမှာပါတဲ့ အဆီဓာတ်ဟာ နှလုံးရောဂါဖြစ်နှုန်းကို ကျစေနိုင်သလို စိတ်အခြေအနေကိုလည်း တိုးတက်စေနိုင်ပါတယ်။ ဒါတင် ဘယ်ကမလဲ။ ကင်ဆာ၊ အရက်ကြောင့် သတိမေ့တာတွေနဲ့ သွေးလေးဖက်နာတွေကိုလည်း ကာကွယ်ပေးနိုင်သေးတယ်။

          ဒါကြောင့် အမေရိကန် နှလုံးအဖွဲ့အစည်းက တစ်ပတ်ကို အဆီများတဲ့ငါး ၂ ကြိမ်လောက် စားပေးရမယ်လို့ ဆိုထားပါတယ်။

 

>>    အကျဉ်းချုပ်ပြီး ပြောပြရမယ်ဆိုရင် -

          အဆီများတဲ့ငါးတွေဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်နော်။

          ဒီလိုငါးတွေမှာ ပရိုတင်းတွေ၊ အိုမီဂါသရီး အဆီဓာတ်တွေ အများကြီးပါတယ်။

          ပင်လယ်ငါးကြီးတွေကိုတော့ မာကျူရီတွေပါနေလို့ ခဏခဏ မစားတာ ကောင်းပါတယ်။

          အဆီများတဲ့ငါးတွေ စားပေးတာက ကင်ဆာနဲ့ သတိမေ့ရောဂါကို ကာကွယ်ပေးနိုင်တယ်။

 

>>    အဆီများငါးရဲ့ကောင်းကျိုးတွေကတော့ -

          အဆီများငါးတွေမှာပါတဲ့ အိုမီဂါသရီး အဆီဓာတ်ဟာ ရောင်ရမ်းတာတွေကို ကျစေနိုင်လို့ နှလုံးရောဂါတွေ၊ ကင်ဆာတွေနဲ့ အဆစ်အမြစ် ရောင်ရမ်းတာတွေကို ကာကွယ်ပေးနိုင်တာပေါ့။ ပြီးတော့ ဒီငါးတွေမှာ ပရိုတင်းတွေ အများကြီးပါတယ်။ အဖြူရောင်ငါးတွေမှာလည်း ကျန်းမာရေးအတွက် ကောင်းတဲ့အဆီဓာတ်ပါပေမယ့် အသည်းမှာပဲ အနည်းအကျဉ်းပါတာပါ။

          စိတ်ဖိစီးမှု များတဲ့အချိန်တွေမှာ နှလုံးကို ကာကွယ်ပေးနိုင်လို့ နှလုံးရောဂါမဖြစ်အောင် တားဆီးပေးနိုင်တယ်။

          တစ်နေ့ကို အိုမီဂါ၃ ၂၁၀ မီလီဂရမ်လောက်ပဲ စားပေးတာတောင် သွေးလေးဖက်နာကို ၅၂% ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

          အရက် အရမ်းသောက်တတ်တဲ့လူတွေမှာ ငါးအဆီဓာတ်က ဦးနှောက်ဆဲလ်တွေ ရောင်ရမ်းခြင်းနဲ့ အာရုံကြောတွေ ပျက်စီးခြင်းကို ၉၅% လောက် ကာကွယ်ပေးနိုင်တယ်လု့ိ သိရပါတယ်။

          အိုမီဂါအဆီဓာတ်ဟာ ကင်ဆာဆဲလ်တွေ ဖြစ်ပွားတာကိုလည်း တားဆီးပေးနို်င်တယ်။

          ကိုယ်ဝန်ရင့်ချိန်မှာ ငါးအဆီ စားပေးတာဟာ ကလေးရဲ့အာရုံကြောနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတယ်လို့ သိရပါတယ်။

          ကိုယ်ဝန်ဆောင်စဉ် ငါးကြီးဆီ စားပေးတာဟာ ကလေးမှာ ပန်းနာရင်ကြပ်ဖြစ်နှုန်းကို ကျစေတယ်။

          ငါးကြိးဆီမှာပါတဲ့ DHAဟာ အမြင်ဆုံးရှုံးမှုကို တားဆီးပေးတယ်။ ဒါ့အပြင် မှတ်ဉာဏ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

          အမျိုးသမီးတွေမှာ ငါးကြီးဆီ များများစားပေးတာက ရင်သားကင်ဆာကို တားဆီးနိုင်ပေမယ့် အမျိုးသားတွေမှာတော့ ဆီးကျိတ်ကင်ဆာဖြစ်နှုန်း ပိုများလာတာကို တွေ့ရတယ်။

 

>>    ကျန်းမာရေးအတွက် ငါးကြီးဆီကို ဘယ်လောက် စားပေးသင့်သလဲ?

          ငါးကြီးဆီဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုတာလည်း ရှိသေးတာပေါ့။ ခန္ဓာကိုယ်အတွက်ကောင်းတဲ့ အဆီဓာတ် HDLဟာ နည်းလွန်းများလွန်းရင် နှလုံးရောဂါနဲ့ စောစောသေဆုံးနိုင်တာကို တွေ့ရပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)