/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စပျစ်သီး၏-ကျန်းမာရေးအကျိုးကျေးဇူးများ

စပျစ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  အင်တီအောက်ဆီးဒင့် ကြွယ်ဝခြင်း
စပျစ်သီးမှာ resveratrol နဲ့ flavonoids အပါအဝင် အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပါတယ်။ စပျစ်သီးမှာ စပျစ်ဖျော်ရည်နဲ့ ဝိုင်ထဲမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ပမာဏ တူညီစွာ ပါဝင်ရုံသာမက အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။

2.  နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်။
စပျစ်သီးမှာ ပါဝင်တဲ့ polyphenol ဆိုတဲ့ ဓာတ်တစ်မျိုးက သွေးစီးဆင်းမှုနှင့် နှလုံးလုပ်ငန်းတွေ ကောင်းမွန်စေဖို့အတွက် အထောက်အကူ ပြုခြင်းအားဖြင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

3.  ကိုယ်အလေးချိန် ကျစေတယ်။
ကိုယ်အလေးချိန် ကျလိုပါက ကယ်လိုရီ ပါဝင်မှုနည်းတဲ့ စပျစ်သီးလိုမျိုး အစားအစာတွေ စားပေးပါ။ ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်စေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးထားပါတယ်။

4.  မျက်စိကို ကျန်းမာစေတယ်။
စပျစ်သီး ပုံမှန်စားပေးခြင်းအားဖြင့် မြင်လွှာပျက်စီးခြင်းမှ ကာကွယ်ပေးပြီး မျက်လုံးကျန်းမာရေးအတွက် အရေးပါ,ပါတယ်။ မြင်လွှာတည်ဆောက်ပုံနဲ့ လုပ်ငန်းတွေကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေ စပျစ်သီးမှာ ပါဝင်ပါတယ်။

5.  သွေးတိုးကျစေပါတယ်။
သွေးတိုးရှိသူတွေအတွက် စပျစ်သီးစားဖို့ သင့်တော်ပါတယ်။ အစေ့မပါတဲ့ စပျစ်သီးအစိမ်းတစ်ခွက်မှာ ပိုတက်ဆီယမ် 175mg, စပျစ်သီးအနီမှာ 290mg နဲ့ စပျစ်သီးအနက်မှာ 200mg ပါဝင်ပါတယ်။

6.  သွေးတွင်းသကြားဓာတ်နဲ့ ဆီးချို
စပျစ်သီးက ချိုပေမယ့် သွေးတွင်းသကြားဓာတ် မတက်စေဘဲ အင်ဆူလင်ပမာဏ တက်လာစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ စပျစ်သီး စားလို့ရပါတယ်။ အလွန်အကျွံမဖြစ်အောင်တော့ ဂရုပြုရမှာပေါ့။

7.  အူမကြီးကို ကျန်းမာစေတယ်။
လေ့လာမှုအရ စပျစ်သီးက ကင်ဆာရောဂါ ကြီးထွားစေတဲ့ မျိုးရိုးဗီဇအချို့ကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ စပျစ်သီးက အူမကြီး ကျန်းမာရေးအတွက် အရေးပါ,ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)