စမတ်ဖုန်းခေတ်မှာ အဖြစ်များလာတဲ့ ဇက်ကြောတက်ခြင်း
ယေဘုယျအားဖြင့်တော့ ဇက်ကြောတက်တာဟာ အသက်ကြီးမှ ဖြစ်လေ့ရှိတဲ့ပြဿနာပါ။ ဒါပေမဲ့ နည်းပညာတိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ လူကြီးတွေသာမက လူငယ်တွေနဲ့ ကလေးတွေပါ ဇက်ကြောတက်လာတာကို တွေ့နေရပါတယ်။ ဒီလိုဖြစ်ရတဲ့ တရားခံက စမတ်ဖုန်းကြောင့်ဆိုရင် မမှားနိုင်ပါဘူးနော်။
>> စမတ်ဖုန်းသုံးတဲ့အခါ ဘာကြောင့် ဇက်ကြောတက်ရတာလဲ?
စမတ်ဖုန်းသုံးတိုင်းတော့ ဇက်ကြော မတက်ပါဘူး။ အဓိကကတော့ သုံးပုံသုံးနည်း မမှန်ကန်လို့ပါ။ အများစုဟာ ဖုန်းသုံးတဲ့အခါ ခေါင်းကိုငုံ့ပြီး သုံးလေ့ရှိကြပါတယ်။ ခေါင်းငုံ့တဲ့အခါ လည်ပင်းရဲ့သဘာဝကောက်ကြောင်း ပြောင်းသွားပြီးတော့ လည်ပင်းကြွက်သားတွေကို ဒဏ်ဖြစ်စေပါတယ်။
Alaxan IA (1)
လည်ပင်းနဲ့ဦးခေါင်း တစ်တန်းတည်း မတ်မတ်ရှိနေချိန်ဆိုရင် ဦးခေါင်းဟာ လည်ပင်းကြွက်သားတွေအပေါ် (၁၀-၁၂) ပေါင် အလေးချိန် သက်ရောက်နေပါတယ်။ ခေါင်းငုံ့လိုက်လို့ ဦးခေါင်းဟာ လည်ပင်းရှေ့ကို တစ်လက်မတိုးသွားတိုင်း ကြွက်သားပေါ်ကို အလေးချိန်နှစ်ဆပိုပြီး သက်ရောက်စေပါတယ်။ ဒါကြောင့် စမတ်ဖုန်းကို ပုံစံမမှန်ဘဲ အချိန်ကြာကြာ အသုံးပြုတဲ့အခါ ဇက်ကြောတက်ရတာပါ။
>> ဇက်ကြောတက်တဲ့အခါ သက်သာအောင် ဘယ်လိုလုပ်ရမလဲ?
● လည်ပင်းတစ်ဝိုက် နာကျင်တဲ့နေရာကို ရေခဲ၊ ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပေးပါ။
● လည်ပင်းကြွက်သားတွေကို အကြောလျှော့ပေးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။
● နာကျင်မှုသက်သာအောင် အကိုက်အခဲပျောက်ဆေးကို ဆေးညွှန်းအတိုင်း သောက်သုံးပါ။
Alaxan IA (2)
>> စမတ်ဖုန်းသုံးနေသူတွေမှာ ဇက်ကြောမတက်အောင် ဘယ်လိုကာကွယ်ရမလဲ?
ယနေ့ခေတ်ကြီးမှာ စမတ်ဖုန်းတွေဟာ အလုပ်အကိုင်၊ ပညာရေးနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေမှာ အရေးပါလာတာကြောင့် ဖုန်းကို လုံးဝမသုံးဘဲနေဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ ဒါကြောင့် ဘေးကင်းကင်းနဲ့ ဖုန်းသုံးဖို့ဆိုရင် -
● အချိန်အကြာကြီး ဆက်တိုက်သုံးတာမျိုး မလုပ်ဘဲ ခဏသုံးပြီးတိုင်း ခဏနားပေးပါ။
● ခေါင်းငုံ့ကြည့်မယ့်အစား ဖုန်းကို မျက်လုံးနဲ့ တစ်ပြေးညီထားပြီး ကြည့်ပေးပါ။
● ဖုန်းသုံးချိန်မှာသာမက ကျန်တဲ့အချိန်တွေမှာလည်း ခေါင်းကို မတ်မတ်ထားပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























