စမြင်းတုံးတစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ
စမြင်းတုံးဆိုတာ အူလမ်းကြောင်းထဲမှာ ပိတ်နေတဲ့ မာမာခဲခဲအတုံးပေါ့။ ဝမ်းချုပ်တာကြာရင် ရေသောက်နည်းရင် အမျှင်ဓာတ် အစားနည်းရင် ဖြစ်တတ်တယ်။ စမြင်းတစ်တာက သူ့ဟာ့သူ ထွက်ရင်ထွက် မထွက်ရင် ပိတ်နေပြီး ဒုက္ခအကြီးအကျယ် ရောက်ရပါတယ်။
စမြင်းတစ်တဲ့အခါ ...
● စအိုကနေ အရည်တွေ စိမ့်ထွက်မယ်။
● ဗိုက်ရစ်နာမယ်။
● ဗိုက်လေပွမယ်။
● ပျို့မယ်၊ အန်မယ်။
● ဝမ်းညှစ်ရခက်မယ်။
● ခေါင်းကိုက်မယ်။
● ပိန်လာမယ်။
● အစားမစားနိုင်တော့ဘဲ အစားပျက်လာတာတွေ ဖြစ်စေပါတယ်။
>> စမြင်းတုံးလို့ခေါ်တဲ့ ဝမ်းအမာတုံး ပိတ်ဆို့နေတာ ဘာတွေကြောင့် ဖြစ်စေပါသလဲ?
● အမျှင်ဓာတ် အစားနည်းမယ်။
● ရေသောက် နည်းမယ်။
● ကိုယ်လက်လှုပ်ရှားမှု မရှိဘူး။
● ဝမ်းသွားချင်ရင် အောင့်ထားတတ်မယ်။
● လိပ်ခေါင်းရှိတဲ့အတွက် ဝမ်းသွားကြောက်လို့ အောင့်ထားရင်း စမြင်းတုံး တည်လာမယ်။
ဝမ်းပျော့ဆေးတွေ စွဲသုံးရင်လည်း အကျင့်ပါသွားပြီး ဆေး မသောက်တဲ့အခါ ဝမ်းအလွန်အကျွံ မာလာပါတယ်။
ဒါ့အပြင် တချို့ဆေးတွေကြောင့်လည်း ဝမ်းမာစေပါတယ်။
● သွေးကျဆေးတချို့
● အစာအိမ်ဆေးများ
● သံဓာတ်အားဆေးတွေကြောင့် ဝမ်းအကြီးအကျယ် ချုပ်စေပါတယ်။
စမြင်းတစ်တဲ့အခါ လိုအပ်လျှင် ဓာတ်မှန်ရိုက်တာ ဝမ်းဗိုက်စမ်းသပ်တာတွေ ပြုလုပ်ပြီး ရောဂါရှာဖွေရပါတယ်။
ကုသတဲ့အခါ ဝမ်းချုလုံးထည့်ပြီး ချောဆီ တစ်ခုခုသုံးကာ ဝမ်းကို ပျော့ပြောင်းစေပြီး သွားစေတာ ဖြစ်ပါတယ်။
ဆရာဝန်က ဝမ်းပျော့ဆေး သောက်ဆေးတွေ ပေးပါလိမ့်မယ်။ အူမကြီးက အရည်တွေ ပိုမိုထွက်စေပြီး ဝမ်းတုံးပိတ်နေတဲ့နေရာကို ပျော့ပြောင်းချောမွေ့စေတာ ဖြစ်ပါတယ်။
ကောင်းတာကတော့ သိပ်ဝမ်းချုပ်နေတဲ့အခါ မိမိသာဘာ ကျိတ်မကုဘဲ လက္ခဏာတွေ ပေါ်လာတဲ့အခါ ဆရာဝန်ကိုသာ ပြသကုသကြဖို့ အကြံပြုပါတယ်နော်။
ဝမ်းချုပ်တာ ကြာသွားတဲ့အခါ ...
● အူနံရံ စုတ်ပြဲတာ
● စအိုဝ စုတ်ပြဲတာ
● လိပ်ခေါင်းဖြစ်တာ
● စအိုကနေ သွေးယိုတာတွေ ဖြစ်စေလို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)




























