/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စားသုံးသင့်သော-အစေ့အဆန်များ

စားသုံးသင့်သော အစေ့အဆန်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ရွှေဖရုံစေ့

         ရွှေဖရုံစေ့မှာ နှလုံးကျန်းမာစေရန်၊ အင်အားပြည့်ဝစေရန်နှင့် ကြွက်သားတွေကိုသန်စွမ်းစေရန်အတွက် အရေးပါသောသတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့ကို အစေ့ အတိုင်းဖြစ်စေ၊ စွပ်ပြုတ်၊ အသုပ်တွေထဲမှာဖြစ်စေ ထည့်ပြီးတော့ စားသုံးနိုင်ပါတယ်။

2. နှမ်းကြတ်စေ့

       နှမ်းကြတ်စေ့ကို 9000 ဘီစီလောက်ကတည်းက ကျန်းမာရေးအတွက် စားသုံးကြပါတယ်။ omega-3 fatty acid ကြွယ်ဝတဲ့အတွက် ငါးလုံလောက်စွာမစားတဲ့သူတွေမှာ ဒီနှမ်းကြတ်စေ့ကနေ omega-3 ကိုရရှိနိုင်ပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝစွာ ပါဝင်တဲ့အပြင် သွေးပေါင်ချိန်ကျစေနိုင်တဲ့အစွမ်း ရှိပါတယ်။ နှမ်းကြတ်စေ့က စိမ့်စိမ့်လေးနဲ့စားကောင်းတဲ့အတွက် အသုတ်တွေ၊ ပန်ကိတ်တွေထဲမှာ ထည့်စားရင် အရသာပိုကောင်းပါတယ်။

3. နေကြာစေ့

      နေကြာစေ့ကတော့ အရသာရှိတဲ့အတွက် လူတိုင်းအိတ်ထဲမှာထည့်ထားပြီး သွားရည်စာအဖြစ် စားသုံးကြပါတယ်။ နေကြာစေ့တစ်အောင်စ စားသုံးခြင်းဖြင့် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် E ပမာဏ တစ်ဝက်ရရှိစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်ကြွယ်ဝပါတယ်။

4. နှမ်းစေ့

      နှမ်းစေ့ဟာ ဟင်းပွဲအမျိုးမျိုးမှာထည့်သွင်းအသုံးပြုနိုင်တဲ့ အသုံးများဆုံးပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသုပ်တွေထဲမှာ အမြဲထည့်လေ့ရှိတဲ့ နှမ်းဆီမှာဆိုရင် မကောင်းတဲ့ ကိုလက်စရောကို လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com