/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ကျန်းမာရေးနှင့်-ဆက်စပ်နေသည့်-နှလုံးရောဂါ

စိတ်ကျန်းမာရေးနှင့် ဆက်စပ်နေသည့် နှလုံးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင့်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခု ရှိနေပြီဆိုရင် နေ့စဉ်ဘဝမှာ အခက်အခဲတွေနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ဒါတင်မကပဲ နှလုံးရောဂါဖြစ်နှုန်းပါ မြင့်တက်စေနိုင်တာမို့ သတိထားသင့်ပါတယ်။
ယူကေနိုင်ငံသား လေးယောက်အနက် တစ်ယောက်ဟာ သူတို့ဘဝတစ်သက်တာမှာ တစ်ခါတော့ စိတ်ကျန်းမာရေးပြဿနာ ရင်ဆိုင်နေကြရပါတယ်။

စိတ်ကျန်းမာရေးပြဿနာအချို့ကတော့ -
(၁)  စိတ်ကျခြင်း
(၂)  လိုတာထက်ပိုပြီး စိုးရိမ်သောကများခြင်း၊ ကြောက်လန့်စရာအဖြစ်ဆိုးတစ်ခုခုကြောင့် စိတ်ဒဏ်ရာရခြင်း၊ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်သောရောဂါ (Phobia)
(၃)  ကိုယ်ရည်ကိုယ်သွေးဆိုင်ရာရောဂါများဖြစ်တဲ့ စိတ်ကြီးဝင်ခြင်း၊ အစွဲအလမ်းကြီးသောရောဂါ
(၄)  စိတ်တက်လိုက်ကျလိုက်ဖြစ်သောရောဂါ
(၅)  စိတ်ကစဉ့်ကလျားရောဂါ စသည်တို့ ဖြစ်ပါတယ်။

>>  စိတ်ကျန်းမာရေးပြဿနာတွေဟာ နှလုံးကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ?
သင့်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု ရှိမယ်ဆိုရင် နှလုံးရောဂါဖြစ်ဖို့ အလားအလာ ပိုများလှပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။
(၁)  ဆေးလိပ်ဖြတ်ပါ။
(၂)  ကိုယ်အလေးချိန်ကို ပုံမှန်ရှိသင့်သောအနေအထားတွင် ထိန်းသိမ်းပါ။
(၃)  ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။
(၄)  ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုကို ကျင့်သုံးပါ။
(၅)  သွေးတိုးမဖြစ်စေဖို့ ကာကွယ်ပါ။ သွေးတိုးရှိသူများ ဆေး ပုံမှန်သောက်ပါ။
(၆)  ဆီးချိုမဖြစ်စေဖို့ ကာကွယ်ပါ။ ဆီးချိုရှိသူများ ဆေး ပုံမှန်သောက်ပါ။
(၇)  ကိုလက်စထရောမများအောင် ကာကွယ်ပါ။
(၈)  အရက် လျှော့သောက်ပါ။
အခုလိုကိုဗစ်ကာလမှာ စားဝတ်နေရေးနှင့်ကျန်းမာရေးကို အလွန်အမင်း စိုးရိမ်ပူပန်နေသူများအနေနှင့်လည်း စိတ်အေးအေးထားပြီး စိတ်နှင့်ကိုယ်ကို ကျန်းမာပျော်ရွှင်အောင် ထားသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)