/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ကြွစိတ်ကျရောဂါကို-ဘယ်လိုကုသရတာလဲ

စိတ်ကြွစိတ်ကျရောဂါကို ဘယ်လိုကုသရတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အခု ပြုံးလိုက်၊ ခဏနေ မဲ့လိုက်၊ ပျော်လိုက်၊ ခုန်လိုက်၊ ဝမ်းနည်းလိုက်နဲ့ စိတ်အပြောင်းအလဲ မြန်တတ်သူဆိုရင် ဒါလေးဖတ်ထားလို့ အကျိုးမယုတ်ဘူးနော်။ စိတ်ကြွစိတ်ကျရောဂါဆိုတာ တကယ်ရှိပါသတဲ့။ လူတစ်ယောက်တည်းမှာ စိတ်ခံစားမှု အစွန်းနှစ်ဖက်ကို တစ်လှည့်စီ ကူးနေတာ ဖြစ်ပါတယ်။

 

>>    ဒီလို မမျှတမညီညွတ်တဲ့ စိတ်ကြွစိတ်ကျရောဂါ ဘာကြောင့်ဖြစ်တာလဲ?

●        စိတ်ဖိစီးမှု များလွန်းတာ

●        စိတ်လှုပ်ရှား တက်ကြွလွန်းတာ

●        ကာလရှည်ကြာ အိပ်မပျော်တာ

●        မူးယစ်ဆေး သုံးစွဲတာတွေကြောင့်

          ဖြစ်နိုင်ပါတယ်။

 

>>    စိတ်ကျတဲ့ လက္ခဏာတွေက -

●        ဝမ်းနည်းငိုယိုနေတတ်တာ

●        အသုံးမဝင်တော့ဘူးလို့ ခံစားနေရတာ

●        အလွန်အကျွံ ပင်ပန်းနွမ်းနယ်နေတာ

●        အစားအသောက်ပျက်တာ

●        အိပ်မပျော်တာ

●        နေ့စဉ်အလုပ်တွေမှာ စိတ်မဝင်စားတော့တာ

●        အာရုံမစိုက်နိုင်တာတွေ

          ဖြစ်ပါတယ်။

 

>>    တခြားတစ်ဖက်မှာလည်း ဒီလိုအခြေအနေတွေ တစ်လှည့်စီ ထပ်ဖြစ်နေပြန်ပါတယ်။

●        စကားပြော မြန်မယ်။

●        အထိမခံနိုင် တုံ့ပြန်မယ်။

●        ဒေါသကြီးမယ်။

●        မအိပ်ဘဲ တက်ကြွလွန်နေမယ်။

●        ဆုံးဖြတ်နိုင််စွမ်း လျော့နည်း ကျဆင်းနေမယ်။

●        စိတ်လှုပ်ရှား ခုန်ပေါက်နေတတ်မယ်။

          ဒီလိုအခြေအနေနှစ်ရပ်လုံးကို စိတ်ကျစိတ်ကြွရောဂါ ဖြစ်နေသူတွေမှာ တွေ့ရှိနိုင်ပြီး အတော် နားလည်ရခက်သူတွေအနေနဲ့ ပတ်ဝန်းကျင်က မြင်နေနိုင်ပါတယ်။ ရောဂါရှိသူတွေကလည်း မိမိကိုယ်မိမိ ရောဂါရှိနေမှန်း သိပ်လက်မခံကြ မသိကြပါဘူးတဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာရှင်နဲ့ အမြန်ဆုံး ကုသမှုယူခြင်းဖြင့် သက်သာကောင်းမွန်နိုင်ခြေရှိပါတယ်။

 

>>    ဆေးဝါးကုသမှုယူသလို ဒီလိုအချက်တွေလည်း လိုက်နာသင့်ပါတယ်။

●        အိပ်ရေးဝဝ အိပ်ပါ။

●        တရားထိုင်ပါ။

●        ဆေးလိပ်၊ အရက်ဖြတ်ပါ။

●        အာပာာရ ပြည့်ဝမျှတစွာ စားသုံးပါ။

●        နေ့စဉ်မှတ်တမ်း ရေးပါ။ မှတ်တမ်းကို ဆရာဝန်ကိုပြသခြင်းဖြင့် ပိုကောင်းတဲ့ ကုသမှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)