စိတ်ဖိစီးပါက နှလုံးရောဂါဖြစ်သောမျိုးရိုးဗီဇကို သုတေသီများတွေ့ရှိ
စိတ်ဖိစီးမှုများခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားရခြင်းသည် EBF1 မျိုးရိုးဗီဇကြောင့်ဖြစ်ရခြင်းဖြစ်တယ် လို့ လေ့လာမှုအသစ်များအရသိရပါတယ်။
လေ့လာသူများက လူပေါင်း 6000 ကျော်၏ မျိုးရိုးဗီဇများကိုလေ့လာခဲ့ကြရာ EBF1 မျိုးရိုးဗီဇနှင့် အ၀လွန်ခြင်းတို့ ဆက်စပ်မှုရှိနေသည်ကိုတွေ့ရှိခဲ့ပါတယ်။ ၎င်းမျိုးရိုးဗီဇရှိသူများတွင် စိတ်ဖိစီးမှုခံစားရသောအခါ တင်ပါးအရွယ်အစား ပိုမိုကြီးထွားလာကာ ကိုယ်အလေးချိန်တက်လာကြပါတယ်။ အ၀လွန်လာတာနဲ့ အမျှ နှလုံးသွေးကြောများတွင် အဆီများစုလာပြီး နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ထို့အပြင် သွေးအတွင်း အချိုဓာတ် မြင့်မားကာ ဆီးချိုရောဂါနဲ့လည်း ဆက်စပ်မှုရှိနေတာကို တွေ့ရပါတယ်။
ဒီတွေ့ရှိချက်အရ စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားနှုန်း ကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ Duke’s Behavioral Medicine Research Center မှ ဒါရိုက်တာ Dr.Redford Willians မှ ဆိုပါတယ်။
Dr.Htet Htet Aung






























