/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုကင်းဝေးစေတဲ့-ဗီတာမင်နဲ့-သတ္တုဓာတ်များ

စိတ်ဖိစီးမှုကင်းဝေးစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်ဖိစီးတဲ့အခါ ကြွက်သားတွေတင်းပြီး နာကျင်ကိုက်ခဲတာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ အိပ်ရေးပျက်တာတွေ ဖြစ်နိုင်သလို အချိန်ကြာလာတဲ့အခါ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အဝလွန်ရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေတွေပါ မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့က အရေးကြီးရတာပါ။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ အာဟာရမျှတစုံလင်အောင် စားသောက်တာပါပဲ။

2023 Enervon-C IA 1

စိတ်ဖိစီးမှု ကင်းဝေးစေတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ။ ဒီအာဟာရဓာတ်တွေရဖို့ ဘယ်လိုအစားအသောက်တွေကို စားပေးရမလဲ။

●    ဗီတာမင် B5 - အမဲသား၊ ကြက်သား၊ အသည်း၊ မှို၊ ထောပတ်သီး

●    ဗီတာမင် B6 - ကြက်သား၊ ဝက်သား၊ မြေပဲ၊ ပဲပိစပ်၊ ငှက်ပျောသီး

●    ဗီတာမင် B12 -အမဲသား၊ ဥအမျိုးမျိုး၊ ချိစ်

●    ဗီတာမင် C - ချဥ်တဲ့အသီးများ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ

●    ဗီတာမင် A - နို့၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်၊ မုန်လာဥနီ

●    ဗီတာမင် E - ဗာဒံစေ့၊ သရက်သီး၊ ပန်းဂေါ်ဖီစိမ်း

●    အိုမီဂါသရီး - အဆီများသောငါးအမျိုးမျိုး

●    ဇင့် - အမဲသား၊ ကြက်သား၊ ပင်လယ်စာ

2023 Enervon-C IA 2

ခုဖော်ပြခဲ့တာကတော့ စိတ်ဖိစီးမှုကင်းဝေးအောင် ကူညီပေးနိုင်တဲ့ အာဟာရဓာတ်တွေနဲ့ အဲ့ဒီအာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဥ်စားမယ့်အထဲမှာ ဒီအစားအသောက်တွေ မျှမျှတတပါဝင်အောင် စားပေးကြဖို့ မမေ့ပါနဲ့နော်။

www.drmyanmar.com