/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာကို-ဘယ်လိုရှောင်ရှားကြမလဲ

စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာကို ဘယ်လိုရှောင်ရှားကြမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်​ပူပန်​လွန်​ခြင်​းရဲ့ လက္ခဏာရပ်​​တွေကို လူတော်တေ်ာများများ ခံစားဖူးကြပါတယ်​။ ဗိုက်​က​လေး​အောင်​့​တောင်​့​​အောင်​့​တောင်​့ဖြစ်​တာ၊ ကြွက်​သား​တွေနည်​းနည်​းပါးပါးတက်​တာ၊ ​ချွေး​စေးပြန်​တာ​လောက်​ကို ခံနိုင်​​လေ့ရှိ​ပေမယ်​့ သိပ်​​တော့အဆင်ပြေတဲ့အ​တွေ့အကြုံမျိုး​တော့ မဟုတ်​ဘူး​နော်​။

တစ်​ချို့လက္ခဏာ​တွေက​တော့ ခံစားရခက်​တတ်​တယ်​။ ဒီထဲမှာ ပူပန်​မှု​ကြောင်​့​ခေါင်​းကိုက်​တာက ထိပ်​ဆုံးက​​ပေါ့။ အင်​မတန်​အဖြစ်​များပြီး အင်​မတန်​ခံရခက်​တတ်​တယ်​လေ။

 

>> ဘယ်​လိုသိနိုင်မလဲဆိုရင်​…

လူအများစုမှာ တစ်​စစ်​စစ်​ကိုက်​​နေတာမျိုးနဲ့ လာတတ်​တယ်​။ ထိုးထိုးကိုက်​​နေတာမျိုးမဟုတ်​ဘဲ အုံခဲကျပ်​​နေတာမျိုးပါ။ ဖြည်​းဖြည်​းချင်​းစီစတတ်​ပြီး အချိန်​ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်​တယ်​။ ​ခေါင်​းနှစ်​ခြမ်​းလုံး၊ နဖူး၊ ​နောက်​​စေ့နဲ့ နားထင်​​တွေမှာ​ကိုက်​တတ်​တယ်​။

Biogesic Adult IA 1

>> ဘာ​တွေ​ကြောင်​့ဖြစ်​တတ်​သလဲ?

လည်​ပင်​းနဲ့​ခေါင်​းမှာရှိတဲ့ ကြွက်​သားညှစ်​အား​တွေ များလာတာ​ကြောင်​့ ဖြစ်​နိုင်​တယ်​။ ဒီလို ညှစ်​အားများတာဟာ လှုပ်​ရှားမှု​တွေ၊ ဖိစီးမှုများ​စေတဲ့အ​ခြေအ​နေ​တွေနဲ့ အစားအ​သောက်​​တွေ​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။ တစ်​ချို့​တွေမှာ ကားအကြာကြီး​မောင်​းရတာ၊ ကွန်​ပြူတာမျက်​နှာပြင်​ကို အကြာကြီးထိုင်​ကြည်​့​နေရတာ​တွေက ​ခေါင်​းကိုက်​​စေနိုင်​တဲ့ အ​ကြောင်​းရင်​း​တွေဖြစ်​​နေနိုင်​သလို တစ်​ချို့​တွေကျ​တော့ အရမး​်​အေးတာ​ကြောင်​့ ဖြစ်​နိုင်​ပါတယ်​။

 

တစ်​ခြားဖိစီးမှုများ​စေတဲ့​ခေါင်​းကိုက်​ခြင်​း​တွေက​တော့

• အရက်​

• နေထိုင်မကောင်းခြင်း

• စိတ်​ခံစားမှုပြင်​းထန်​ခြင်​း

• ကဖိန်​းဓာတ်​များနေခြင်း

• အ​အေးမိ၊ တုပ်​​ကွေးဖြစ်ခြင်း

• ​ဆေးလိပ်​သောက်ခြင်း

• ထိပ်​ကပ်​နာပိုးဝင်​ခြင်​း

• မျက်​လုံးအားစိုက်​ရခြင်​း​တွေ​ကြောင်​့ ဖြစ်​တတ်​တယ်​။

 

ဖိစီးမှု​ကြောင်​့​ခေါင်​းကိုက်​တာကို သက်​သာ​စေဖို့…

​၁။ ခေါင်​းကိုက်​ခြင်​းအတွက်​သုံး​လေ့ရှိတဲ့ နည်​းလမ်​း​တွေကပဲ စိတ်ဖိစီးမှု​ကြောင်​့​ခေါင်​းကိုက်​တာကို အမြန်​ဆုံး သက်​သ​ာ​စေနိုင်​တယ်​။ ​

၂။ ရေဓာတ်​ခမ်​း​ခြောက်​ရင်​လည်​း ​ခေါင်​းကိုက်​တတ်​တဲ့အတွက်​ ​ရေ​သောက်​ခြင်​းကလည်​း ​ခေါင်​းကိုက်​တာကို သက်​သာ​စေနိုင်​တယ်​။

၃။ စိတ်​ဖိစိးမှုများခြင်​း၊ ဖုန်​းမျက်​နှာပြင်​​တွေကို အကြာကြီးစိုက်​ကြည်​့ခြင်​း၊ အလင်​း​မှောင်​ခြင်​း​တွေကလည်​း ဖိစိးမှု​ကြောင်​့​ခေါင်​းကိုက်​​စေတတ်​တယ်​။ ဒါ​ကြောင်​့ အလင်​းမှိန်​​လိုက်​ပြီး မျက်​လုံးကိုခဏအနား​ပေးတာက ဖိစီးမှု​ကြောင်​့​ခေါင်​းကိုက်​တာကို သက်​သာ​စေနိုင်​မှာပါ။

Bio Adult 2

စိတ်​ဖိစီးမှု​ကြောင်​့ဖြစ်​တဲ့ တစ်​ခြားလက္ခဏာ​တွေထက်​စာရင်​ ဖိစီးမှု​ကြောင်​့​ခေါင်​းကိုက်​တာကို ချက်​ချင်​းသက်​သ​ာ​စေဖို့က သိပ်​​တော့မလွယ်​ကူဘူး။ အနားယူအပန်​းဖြေပြီး စိတ်​ဖိစီးမှု​တွေကို ​လျော့ချရင်​​တောင်​မှ ​ချက်ချင်းပျောက်​ချင်​မှ​ပျောက်​တာ။ ဒီနည်​းလမ်​း​လေး​တွေကို ကြိုးစားကြည့်​ပါ။

 

• မိနစ်​အနည်​းငယ်​မျှ မျက်​လုံးမှိတ်​ပြီး နားထင်​​လေးကို ပွတ်​​ပေးပါ။ ဖိအားကို အနည်​းနဲ့အများ သက်​သာ​စေတယ်​။

• ​ေ​ရ​နွေး​နွေး​လေးချိုး​ပေးတာကလည်​း ​ကောင်​းတယ်​။ ​ရေ​နွေး​လေးက ကြွက်​သား​တွေကို ​ပြေ​လျော့​စေလို့ ​ခေါင်​းကိုက်​တာကို သက်​သာ​စေလိမ်​့မယ်​။

• အနင်​းအနှိပ်​ခံပါ။ နှိပ်​လိုက်​တဲ့အခါ ကြွက်​သား​တွေ​ပြေ​လျော့သွားလို့ ​ပေါ့ပါးသွားလိမ်​့မယ်​။

 

တစ်​ခြားနည်​းလမ်​း​တွေအ​နေနဲ့

• ယောဂလေ့ကျင့်ကြည့်ပါ။

• စိတ်​ဖိစီးမှုနဲ့ နာတာကျင်​တာကိုသက်​သာ​စေမယ်​့ အပန်​း​ဖြေနည်​းလမ်​းကိုသုံးပါ။

• ဘာ​ကြောင်​့စိတ်​ဖိစီး​နေရတယ်​ဆိုတာကို ရှာ​ဖွေဖို့ ​အရင်းနှီးဆုံးသူ (သို့) ဆရာ၀န်နဲ့ ဆွေး​နွေးတိုင်​ပင်​ပါ။

 

ဒီနည်​လမ်းတွေဟာ လုံးဝ​ပျောက်​​သွားမယ်​လို့ အာမ မခံနိုင်ပေမယ်​့ အနည်​းနဲ့အများ​တော့ သက်​သာ​စေနိုင်​တယ်​။

 

>> ဒီလို​ခေါင်​းမကိုက်​​အောင်​ကာကွယ်​ဖို့ …

 

​ခေါင်​းကိုက်​​စေတဲ့အချက်​​တွေကို သိထားခြင်​းက ​နောက်​ပိုင်​းစိတ်​ဖိစီးတာ၊ ​ခေါင်​းကိုက်​တာ​တွေမဖြစ်​​အောင်​ ကာကွယ်​​ပေးနိုင်​မှာပါ။

 

ဒီလိုသိနိုင်​ဖို့ ​နေ့တိုင်​း​ခေါင်​းကိုက်​ဒိုင်​ယာရီ​ရေးထားပါ။ စိတ်​ဖိစီးမှုကိုဖြစ်​​စေနိုင်​တဲ့အ​ခြေအ​နေ​တွေဖြစ်​တဲ့ အစားအ​သောက်​က​စလို့ ကိုယ်​လုပ်​တဲ့အလုပ်​မှန်​သမျှတိ့ုကို ချ​ရေးမှတ်​ပါ။ လပိုင်​း​လောက်​မှာတင်​ ဘာ​ကြောင်​့ ကိုက်တတ်​​တယ်​ဆိုတာကို ရှာ​တွေ့လာမှာပါ။ ဥပမာအားဖြင်​့ တကယ်​လို့ တစ်​ခုခုစားလို့ ​ခေါင်​းကိုက်​တာကို ​တွေ့လာရရင်​ ဒီအစားအစာကို ​ရှောင်​လို့ရတာ​ပေါ့။

 

စိတ်​ဖိစီးမှုကို​ရှောင်​ရှားဖို့လည်​းလိုတယ်​။ နီကိုတင်​း၊ ကဖိန်​း၊ အရက်​​တွေကလည်​း စိတ်​ပူပန်​မှုကို ပိုဆိုး​စေနိုင်​လာလိမ်​့မယ်​။ ဒါ​ကြောင်​့ ​ကော်​ဖီ​တွေ၊ အရက်​​တွေ၊ ​ဆေးလိပ်​​တွေကို ​ရှောင်​ဖို့လိုတယ်​။ လေ့ကျင်​့ခန်​းမှန်​မှန်​လုပ်​တာကလည်​း ​ခေါင်​းကိုက်​တာကို သက်​သာ​စေနိုင်​မှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)



 



 



 










 





 


 




 





 


 


 


 


 


Dr. Mya Phoo Ngon (www.drmyanmar.com)