စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းကို ဘယ်လိုကုစားမလဲ
ကျွန်မတို့အနေနဲ့ နေ့စဉ်လူမှုဘဝတွေမှာ စိတ်ဖိစီးမှုများစွာကို ရင်ဆိုင်ရတတ်ပါတယ်။ နေ့စဉ် အိမ်က စတင်ထွက်ခွာတာနဲ့ ကားပိတ်ခြင်းက အစပြုပြီး လုပ်ငန်းခွင်အတွင်း၊ မိသားစုအတွင်း ရှောင်လွဲမရသော စိတ်ဖိစီးမှု အမျိုးမျိုးကြောင့် ခေါင်းကိုက်ခြင်းကိုပါ တွဲဖက်ခံစားလာရတတ်ပါတယ်။
စိတ်ဖိစီးမှု အများစုကို ကြိုတင်ရှောင်လွှဲရန် ခက်ခဲတာမို့ စိတ်ဖိစီးပြီး ခေါင်းကိုက်တာတွေပါ ရှိနေရင်တော့ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို အရင်စဉ်းစားကြည့်ရအောင်နော်။
1. မိမိကိုယ်ပိုင်နားချိန်တွင် သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ အားကစားပြုလုပ်ခြင်းစသော မိမိနှစ်သက်ရာ အပန်းဖြေနည်းများကို ပြုလုပ်ကြည့်နိုင်ပါတယ်။
2. တစ်နေ့မှာ နာရီဝက်ခန့် အချိန်ပေးပြီး တရားထိုင်ခြင်း၊ ယောဂကစားခြင်း၊ ထိုက်ကျိကစားခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စသည့် ကြွက်သားများ ပြေလျော့စေမည့် နည်းလမ်းတစ်ခုခုကို ပြုလုပ်ကြည့်ပါ။
အခြားအနေနဲ့ကတော့ -
3. ဘဝကို ရိုးစင်းစွာ နေထိုင်ပါ။
4. လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
5. ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ပါ။
Bio Adult 1

6. အိပ်ရေးဝအောင်အိပ်ပါ။
7. စိတ်ဖိစီးမှုရှိပါက မိသားစုနဲ့ သူငယ်ချင်းများကို ရင်ဖွင့်ပါ။
8. အချိန်ကို အကျိုးရှိစွာ အသုံးချပါ။
9. အလုပ်ကို ကြိုတင်ပြင်ဆင်ပြီး လုပ်ပါ။
10. မပြောင်းလဲနိုင်သော အရာများအတွက် စိုးရိမ်ပူပန်မနေပါနဲ့။ အတတ်နိုင်ဆုံး စိတ်လျှော့ထားပါ။
11. စိတ်နေသဘောထား မှန်ကန်ပါစေ။
12. နားချိန်ယူပါ။ အလုပ်ချည်းပဲ ဆက်တိုက်မလုပ်ပါနဲ့။
13. ရယ်မောစရာ ဟာသကားတွေကြည့်ပါ။
14. ချစ်ရတဲ့သူတွေနဲ့အတူ ခရီးတွေထွက်ပါ။
15. မကောင်းတဲ့ အကျင့်ဆိုးများကို ပြုပြင်ပါ။ (ဥပမာ - ကော်ဖီ အလွန်အကျွံသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း)
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
Bio Adult 2

(Zawgyi)
ကြၽန္မတို႔အေနနဲ႔ ေန႔စဥ္လူမႈဘဝေတြမွာ စိတ္ဖိစီးမႈမ်ားစြာကို ရင္ဆိုင္ရတတ္ပါတယ္။ ေန႔စဥ္ အိမ္က စတင္ထြက္ခြာတာနဲ႔ ကားပိတ္ျခင္းက အစျပဳၿပီး လုပ္ငန္းခြင္အတြင္း၊ မိသားစုအတြင္း ေရွာင္လြဲမရေသာ စိတ္ဖိစီးမႈ အမ်ိဳးမ်ိဳးေၾကာင့္ ေခါင္းကိုက္ျခင္းကိုပါ တြဲဖက္ခံစားလာရတတ္ပါတယ္။
စိတ္ဖိစီးမႈ အမ်ားစုကို ႀကိဳတင္ေရွာင္လႊဲရန္ ခက္ခဲတာမို႔ စိတ္ဖိစီးၿပီး ေခါင္းကိုက္တာေတြပါ ရွိေနရင္ေတာ့ ဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲဆိုတာကို အရင္စဥ္းစားၾကည့္ရေအာင္ေနာ္။
1. မိမိကိုယ္ပိုင္နားခ်ိန္တြင္ သီခ်င္းနားေထာင္ျခင္း၊ စာအုပ္ဖတ္ျခင္း၊ အားကစားျပဳလုပ္ျခင္းစေသာ မိမိႏွစ္သက္ရာ အပန္းေျဖနည္းမ်ားကို ျပဳလုပ္ၾကည့္ႏိုင္ပါတယ္။
2. တစ္ေန႔မွာ နာရီဝက္ခန႔္ အခ်ိန္ေပးၿပီး တရားထိုင္ျခင္း၊ ေယာဂကစားျခင္း၊ ထိုက္က်ိကစားျခင္း၊ အသက္ျပင္းျပင္း႐ွဴျခင္း စသည့္ ႂကြက္သားမ်ား ေျပေလ်ာ့ေစမည့္ နည္းလမ္းတစ္ခုခုကို ျပဳလုပ္ၾကည့္ပါ။
အျခားအေနနဲ႔ကေတာ့ -
3. ဘဝကို ႐ိုးစင္းစြာ ေနထိုင္ပါ။
4. ေလ့က်င့္ခန္း ပုံမွန္ျပဳလုပ္ပါ။
5. က်န္းမာေရးနဲ႔ ညီၫြတ္စြာ စားေသာက္ေနထိုင္ပါ။
6. အိပ္ေရးဝေအာင္အိပ္ပါ။
7. စိတ္ဖိစီးမႈရွိပါက မိသားစုနဲ႔ သူငယ္ခ်င္းမ်ားကို ရင္ဖြင့္ပါ။
8. အခ်ိန္ကို အက်ိဳးရွိစြာ အသုံးခ်ပါ။
9. အလုပ္ကို ႀကိဳတင္ျပင္ဆင္ၿပီး လုပ္ပါ။
10. မေျပာင္းလဲႏိုင္ေသာ အရာမ်ားအတြက္ စိုးရိမ္ပူပန္မေနပါနဲ႔။ အတတ္ႏိုင္ဆုံး စိတ္ေလွ်ာ့ထားပါ။
11. စိတ္ေနသေဘာထား မွန္ကန္ပါေစ။
12. နားခ်ိန္ယူပါ။ အလုပ္ခ်ည္းပဲ ဆက္တိုက္မလုပ္ပါနဲ႔။
13. ရယ္ေမာစရာ ဟာသကားေတြၾကည့္ပါ။
14. ခ်စ္ရတဲ့သူေတြနဲ႔အတူ ခရီးေတြထြက္ပါ။
15. မေကာင္းတဲ့ အက်င့္ဆိုးမ်ားကို ျပဳျပင္ပါ။ (ဥပမာ - ေကာ္ဖီ အလြန္အကြၽံေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း)
ေလေျပႏုေသြး(ေဆး၂) (www.drmyanmar.com)






























