/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုကြောင့်-နှလုံးနဲ့သွေးကြောကျန်းမာရေး-ထိခိုက်နိုင်သလား

စိတ်ဖိစီးမှုကြောင့် နှလုံးနဲ့သွေးကြောကျန်းမာရေး ထိခိုက်နိုင်သလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်ဖိစီးမှုဆိုတာ ကိုယ်ကြုံတွေ့ရတဲ့ ဖိအားတစ်ခုကို ခန္ဓာကိုယ်ကနေ တုံ့ပြန်လိုက်တဲ့ လုပ်ငန်းစဥ်တစ်ခုပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို သိပြီးကြမှာပါ။ အဲ့ဒီထဲကတစ်ခုကတော့ နှလုံးနဲ့သွေးကြောကျန်းမာရေးကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။

2023 Enervon-C IA 1

စိတ်ဖိစီးမှုကြုံလာတဲ့အခါ လူအများစုဟာ အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ၊ အဆီ၊ အငန်နဲ့ အချိုအဆိမ့်တွေ စားတာ၊ လှုပ်ရှားမှုမရှိတာ စတဲ့အကျင့်ဆိုးတွေနဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်လေ့ရှိကြပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ဒီအကျင့်ဆိုးတွေဟာ စိတ်ဖိစီးမှုကို ယာယီပြေပျောက်စေတယ်လို့ ထင်ရပေမယ့် အချိန်ကြာလာတဲ့အခါ သွေးပေါင်ချိန်တက်တာ၊ သွေးတွင်းသကြားဓာတ်တက်တာ၊ ကိုလက်စထရောတက်တာတွေကြောင့် နှလုံးနဲ့သွေးကြောကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

2023 Enervon-C IA 2

ဒါကြောင့် စိတ်ဖိစီးမှုများလာတဲ့အခါ အခုဖော်ပြပေးမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်တွေနဲ့ပဲ ဖြေဖျောက်ကြဖို့ အကြံပြုလိုပါတယ်။

   •   တရားထိုင်ပါ။
   •   ယောဂကျင့်ပါ။
   •   ဝါသနာပါတဲ့အရာတွေကို အချိန်ပေးပါ။
   •   ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
   •   သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ စကားစမြည်ပြောပါ။
   •   အတွေးတွေကို စုစည်းဖို့ နေ့စဥ်မှတ်တမ်းရေးတဲ့အကျင့်ကို ပြုလုပ်ပါ။
   •   ဆေးလိပ်နဲ့ အရက်သောက်တာကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ပါ။
   •   နှလုံးနဲ့သွေးကြောကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်စီနဲ့ ဗီတာမင်ဘီ ဖြည့်စွက်အားဆေးတွေကို ပုံမှန်မှီဝဲပေးပါ။

www.drmyanmar.com