/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုနှင့်-အစာအိမ်ရောင်ခြင်း

စိတ်ဖိစီးမှုနှင့် အစာအိမ်ရောင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်ဖိစီးမှုနှင့် အစာအိမ်ရောင်ခြင်းဆိုတာ ခွဲခြားမရတဲ့ စကားလုံးနှစ်ခုဖြစ်သလို လက်တွေ့ဘဝတွင်လည်း အတွေ့ရများသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် စိတ်ဖိစီးမှုနှင့် ရင်ဆိုင်ရသူများအနေနှင့် အစာအိမ်ရောင်ခြင်းကို တွေ့ကြုံရလေ့ရှိပါတယ်။

>>  ရောဂါလက္ခဏာများ
●  ရင်ညွန့်နားတွင် အဆက်မပြတ် ထိုးထိုးပြီးအောင့်ခြင်း
●  ရင်ပူခြင်း
●  ဗိုက်နာခြင်း
●  ဗိုက်တင်းကားလာခြင်း
●  ပျို့ခြင်းနှင့်အတူ

Kremil-S 1

>>  စိတ်ဖိစီးခြင်းရဲ့ လက္ခဏာများဖြစ်တဲ့ -
●  လည်ပင်းနှင့် ပခုံးကြွက်သားများ တင်းမာနေခြင်း
●  ဝက်ခြံများပေါက်ခြင်း
●  ဆံပင်ကျွတ်ခြင်း
●  စိတ်ညစ်ခြင်း
●  ဂဏှာမငြိမ်ဖြစ်ခြင်း
●  အိပ်ရေးမဝခြင်း
●  စိတ်တိုလွယ်ခြင်းတို့ကိုပါ တွဲဖက်ခံစားရမှာ ဖြစ်ပါတယ်။

Kremil-S 2

ဒီလိုမျိုး စိတ်ဖိစီးမှုနှင့် အစာအိမ်ရောင်ခြင်း တွဲဖက်ဖြစ်ပေါ်ခြင်းကို “Nervous Gastritis” လို့ ခေါ်ဆိုပြီး ဆရာဝန်နှင့် သေချာဆွေးနွေးကုသသင့်ပါတယ်။
●  အလွန်စိတ်ဖိစီးနေသောသူများအနေနှင့် စိတ်ရောဂါဆရာဝန်နှင့် ဆွေးနွေးပြသခြင်းကိုလည်း ပြုလုပ်သင့်ပါတယ်။
●  ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် စိတ်ပြေလျော့စေမယ့် ယောဂကစားနည်းတွေကို နေ့စဉ်ကစားခြင်းဖြင့်လည်း ကိုယ်ရောစိတ်ပါ ကျန်းမာစေမှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)