/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုများတဲ့-အလုပ်တွေကြောင့်-ကိုယ်ရောစိတ်ပါ-ပင်ပန်းနေပြီလား

စိတ်ဖိစီးမှုများတဲ့ အလုပ်တွေကြောင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယနေ့ခေတ်မှာ အဖက်ဖက်က တိုးတက်မှုများပြားလာတာနဲ့အမျှ လုပ်ငန်းခွင်တွင်း ပြိုင်ဆိုင်မှုများလည်း ပြင်းထန်လာပါတယ်။ ဒါကြောင့် အလုပ်ခွင်ကရတဲ့ စိတ်ဖိစီးမှုဟာ လုပ်ငန်းခွင်ဝန်ထမ်းတိုင်းလိုလိုမှာ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ ယာယီစိတ်ဖိစီးမှုတွေက အချိန်တိုအတွင်း သူ့အလိုလို ပျောက်ကွယ်သွားတတ်တာမို့ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ မကြာခဏ စိတ်ဖိစီးမှုဖြစ်နေတာကို ကောင်းစွာမဖြေရှင်းနိုင်ရင်တော့ နာတာရှည်စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ပြီး အဲဒီကတစ်ဆင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကိုသာမက ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသော ကျန်းမာရေးပြဿနာများကိုပါ ပေါ်ပေါက်စေပါလိမ့်မယ်။

>>  အလုပ်ကြောင့် စိတ်ဖိစီးခြင်း မဖြစ်ပေါ်အောင် ဘယ်လိုစီမံမလဲ?
●  ကိုယ့်ကို နေ့စဉ် စိတ်ဖိစီးစေသောအရာများကို လျှော့ချပါ။
နေ့စဉ် လုပ်ငန်းခွင်ဆောင်ရွက်ချက်များကို လိုအပ်လျှင် ပြောင်းလဲပါ။ ဥပမာ - အရင်ကထက် ပိုမိုစည်းစနစ်ကျအောင်နေခြင်း၊ အချိန်ကို သေချာစီမံခန့်ခွဲခြင်း စသော လုပ်ငန်းခွင်ဆိုင်ရာ ပြောင်းလဲခြင်းများကို ပြုလုပ်နိုင်ပါတယ်။

●  အိပ်ရေးဝအောင် အိပ်ပါ။ အာဟာရ လုံလောက်အောင် စားသုံးပါ။
တစ်နေ့လျှင် အိပ်ချိန် ၇-၉ နာရီရှိအောင် အိပ်ပါ။ အစားအသောက်အနေနဲ့ဆိုရင်လည်း အာဟာရပြည့်အောင် အစုံစားပါ။ အခုလို စိတ်ဖိစီးမှုများနေချိန်မှာတော့ ဗီတာမင် ဘီနဲ့စီပါတဲ့ အစားအသောက်တွေကို ပိုပြီးဂရုတစိုက် စားပေးပါ။

●  စိတ်ဖိစီးမှု လျော့နည်းအောင် လေ့ကျင့်ပါ။
စိတ်ဖိစီးမှု လျော့နည်းစေအောင် ကူညီပေးသော activities များအနက် မိမိအတွက် အသင့်တော်ဆုံးဖြစ်မယ့် activity တစ်ခု သို့မဟုတ် နှစ်ခုကို ရွေးချယ်ပြုလုပ်ပါ။ ဥပမာ - သီချင်းနားထောင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း စသည်ဖြင့် တစ်ဦးချင်းစီရဲ့အကြိုက်ပေါ် မူတည်ပြီး ကြိုးစားကြည့်နိုင်ပါတယ်။

Enervon-C Adult 1

●  သကြားပါဝင်မှုများသော အားဖြည့်အချိုရည်များကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
လူအများစုက စိတ်ဖိစီးမှု များလာရင် အားဖြည့်အချိုရည်တွေ သောက်တတ်ကြပါတယ်။ ဒီလိုသောက်သုံးခြင်းက ကြာရှည်လာတာနဲ့အမျှ မိမိရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများလို့ တစ်ခုခု သောက်ချင်တယ်ဆိုရင်တောင် ရေကိုပဲ တစ်နေ့ ၂ လီတာပြည့်အောင် သောက်ပေးဖို့ တိုက်တွန်းလိုပါတယ်။

●  အလုပ်ကပေးသော စိတ်ဖိစီးမှုများကို လျှော့ချဖို့ နည်းလမ်းကို ရှာဖွေပါ။
အလုပ်တွင် ပိုမိုပျော်ရွှင်အောင် ကြိုးစားကြည့်ပါ။
လုပ်ငန်းခွင်မှပေးသော စိတ်ဖိစီးမှုများကို ဖြေဖျောက်နိုင်ခြင်းဖြင့် ကျန်းမာခြင်းနဲ့အတူ အောင်မြင်တိုးတက်သောဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မိမိမှာ နှစ်ရှည်လများ စိတ်ဖိစီးမှုကို ခံစားနေရတယ်ဆိုပါက စိတ်ပိုင်းဆိုင်ရာဆရာဝန်ထံ သွားရောက်ဆွေးနွေးပြီး ကုသမှုခံယူသင့်တယ် ဆိုတာကိုလည်း အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

ယေန႔ေခတ္မွာ အဖက္ဖက္က တိုးတက္မႈမ်ားျပားလာတာနဲ႔အမွ် လုပ္ငန္းခြင္တြင္း ၿပိဳင္ဆိုင္မႈမ်ားလည္း ျပင္းထန္လာပါတယ္။ ဒါေၾကာင့္ အလုပ္ခြင္ကရတဲ့ စိတ္ဖိစီးမႈဟာ လုပ္ငန္းခြင္ဝန္ထမ္းတိုင္းလိုလိုမွာ အနည္းနဲ႔အမ်ားေတာ့ ရွိတတ္ၾကပါတယ္။ ယာယီစိတ္ဖိစီးမႈေတြက အခ်ိန္တိုအတြင္း သူ႔အလိုလို ေပ်ာက္ကြယ္သြားတတ္တာမို႔ စိုးရိမ္စရာမလိုပါဘူး။ ဒါေပမဲ့ မၾကာခဏ စိတ္ဖိစီးမႈျဖစ္ေနတာကို ေကာင္းစြာမေျဖရွင္းႏိုင္ရင္ေတာ့ နာတာရွည္စိတ္ဖိစီးမႈေတြ ျဖစ္ေပၚၿပီး အဲဒီကတစ္ဆင့္ စိတ္ပိုင္းဆိုင္ရာျပႆနာမ်ားကိုသာမက ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါ စေသာ က်န္းမာေရးျပႆနာမ်ားကိုပါ ေပၚေပါက္ေစပါလိမ့္မယ္။

>>  အလုပ္ေၾကာင့္ စိတ္ဖိစီးျခင္း မျဖစ္ေပၚေအာင္ ဘယ္လိုစီမံမလဲ?
●  ကိုယ့္ကို ေန႔စဥ္ စိတ္ဖိစီးေစေသာအရာမ်ားကို ေလွ်ာ့ခ်ပါ။
ေန႔စဥ္ လုပ္ငန္းခြင္ေဆာင္ရြက္ခ်က္မ်ားကို လိုအပ္လွ်င္ ေျပာင္းလဲပါ။ ဥပမာ - အရင္ကထက္ ပိုမိုစည္းစနစ္က်ေအာင္ေနျခင္း၊ အခ်ိန္ကို ေသခ်ာစီမံခန႔္ခြဲျခင္း စေသာ လုပ္ငန္းခြင္ဆိုင္ရာ ေျပာင္းလဲျခင္းမ်ားကို ျပဳလုပ္ႏိုင္ပါတယ္။

●  အိပ္ေရးဝေအာင္ အိပ္ပါ။ အာဟာရ လုံေလာက္ေအာင္ စားသုံးပါ။
တစ္ေန႔လွ်င္ အိပ္ခ်ိန္ ၇-၉ နာရီရွိေအာင္ အိပ္ပါ။ အစားအေသာက္အေနနဲ႔ဆိုရင္လည္း အာဟာရျပည့္ေအာင္ အစုံစားပါ။ အခုလို စိတ္ဖိစီးမႈမ်ားေနခ်ိန္မွာေတာ့ ဗီတာမင္ ဘီနဲ႔စီပါတဲ့ အစားအေသာက္ေတြကို ပိုၿပီးဂ႐ုတစိုက္ စားေပးပါ။

●  စိတ္ဖိစီးမႈ ေလ်ာ့နည္းေအာင္ ေလ့က်င့္ပါ။
စိတ္ဖိစီးမႈ ေလ်ာ့နည္းေစေအာင္ ကူညီေပးေသာ activities မ်ားအနက္ မိမိအတြက္ အသင့္ေတာ္ဆုံးျဖစ္မယ့္ activity တစ္ခု သို႔မဟုတ္ ႏွစ္ခုကို ေရြးခ်ယ္ျပဳလုပ္ပါ။ ဥပမာ - သီခ်င္းနားေထာင္ျခင္း၊ ေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ တရားထိုင္ျခင္း စသည္ျဖင့္ တစ္ဦးခ်င္းစီရဲ႕အႀကိဳက္ေပၚ မူတည္ၿပီး ႀကိဳးစားၾကည့္ႏိုင္ပါတယ္။

●  သၾကားပါဝင္မႈမ်ားေသာ အားျဖည့္အခ်ိဳရည္မ်ားကို တတ္ႏိုင္သေလာက္ ေရွာင္ၾကဥ္ပါ။
လူအမ်ားစုက စိတ္ဖိစီးမႈ မ်ားလာရင္ အားျဖည့္အခ်ိဳရည္ေတြ ေသာက္တတ္ၾကပါတယ္။ ဒီလိုေသာက္သုံးျခင္းက ၾကာရွည္လာတာနဲ႔အမွ် မိမိရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈမ်ားလို႔ တစ္ခုခု ေသာက္ခ်င္တယ္ဆိုရင္ေတာင္ ေရကိုပဲ တစ္ေန႔ ၂ လီတာျပည့္ေအာင္ ေသာက္ေပးဖို႔ တိုက္တြန္းလိုပါတယ္။

●  အလုပ္ကေပးေသာ စိတ္ဖိစီးမႈမ်ားကို ေလွ်ာ့ခ်ဖို႔ နည္းလမ္းကို ရွာေဖြပါ။
အလုပ္တြင္ ပိုမိုေပ်ာ္႐ႊင္ေအာင္ ႀကိဳးစားၾကည့္ပါ။
လုပ္ငန္းခြင္မွေပးေသာ စိတ္ဖိစီးမႈမ်ားကို ေျဖေဖ်ာက္ႏိုင္ျခင္းျဖင့္ က်န္းမာျခင္းနဲ႔အတူ ေအာင္ျမင္တိုးတက္ေသာဘဝကို ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။ တကယ္လို႔ မိမိမွာ ႏွစ္ရွည္လမ်ား စိတ္ဖိစီးမႈကို ခံစားေနရတယ္ဆိုပါက စိတ္ပိုင္းဆိုင္ရာဆရာဝန္ထံ သြားေရာက္ေဆြးေႏြးၿပီး ကုသမႈခံယူသင့္တယ္ ဆိုတာကိုလည္း အႀကံေပး တင္ျပလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)