စိတ်ဖိစီးမှုများနေတဲ့ လက္ခဏာတွေ...
အခုခေတ်မှာ အလုပ်အကိုင်တွေ၊ လူမှုဆက်ဆံရေးတွေ၊ ငွေရေးကြေးရေးတွေကြောင့် စိတ်ဖိစီးမှုတွေကို ခံစားရတတ်ပါတယ်။ နေ့စဉ်နေ့တိုင်း စိတ်ဖိစီးမှုတွေခံစားနေရတာပဲဖြစ်ဖြစ်၊ ဖျားနာဝေဒနာတွေ၊ သမီးရည်းစားပြဿနာတွေလိုမျိုး ဘဝရဲ့ထိုးနက်ချက်တွေကြောင့်ပဲဖြစ်ဖြစ် ကိုယ်ရောစိတ်ပါ နွမ်းလျလာတတ်ပါတယ်။
စိတ်ဖိစီးမှုက လူတစ်ယောက်ချင်းစီအပေါ် သက်ရောက်ပုံချင်းမတူညီတာတွေရှိသလို တူညီတဲ့အချက်တွေလည်း ရှိနေနိုင်ပါတယ်။
1. ခေါင်းကိုက်ခြင်း
တစ်ချို့ခေါင်းကိုက်ပုံတွေက စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။ ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်းဟာ ခေါင်းနှစ်ဖက်ကို သားရေကြိုးနဲ့ပတ်ပြီးတော့ ဖြည်းဖြည်းချင်းတင်းစည်းလိုက်သလိုပဲ ခံစားရတတ်ပါတယ်။ ခေါင်းပိုပိုကိုက်လာတယ်ဆိုရင် စိတ်ဖိစီးမှုက တရားခံဖြစ်နေတတ်ပါတယ်။
2. မကြာမကြာအအေးမိ၊ တုပ်ကွေးမိခြင်း
ယေဘုယျပြောရမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအားဆိုတာ ပြောင်းပြန်အချိုးကျပါတယ်။ စိတ်ဖိစီးမှုများလေလေ ကိုယ်ခံအားကျလေလေပါပဲ။ စိတ်ဖိစီးမှုများရင် ဒါမှမဟုတ် တာရှည်လာရင် ပိုဆိုးပါတယ်။ ခုခံအားကျခြင်းကြောင့် အအေးမိတုပ်ကွေးလောက်ကနေ ပိုဆိုးတဲ့ရောဂါတွေအထိကို ဖြစ်နိုင်ပါတယ်။
Enervon-C Adult 1

3. အအိပ်အနေပြဿနာ
စိတ်ဖိစီးမှုက အိပ်ချိန်ကိုထိခိုက်နိုင်ပါတယ်။ အိပ်ပျော်ဖို့ရာခဲယဉ်းပြီး တစ်ညလုံးနိုးနေစေတတ်ပါတယ်။ စိတ်ဖိစီးမှုအရမ်းများတဲ့အခါ အအိပ်အနေနည်းသွားပြီး အိပ်ရင်လည်းကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။
4. စိတ်ပူပန်မှုများခြင်း
စိတ်ပူပန်မှုဆိုတာ ရှင်သန်နေထိုင်နေသရွေ့ တွေ့ကြုံနေရမယ့် အရာတစ်ခုပါပဲ။ ဒါပေမယ့်လည်း တစ်ချိန်လုံးစိတ်ပူပန်နေရတယ်ဆိုရင်တော့ စိတ်ဖိစီးမှုတစ်အားများတာကြောင့်သော်လည်းကောင်း၊ စိတ်ပူပန်များစိတ်ရောဂါခံစားနေရတာသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ပူပန်မှုများနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်ဖို့လိုပါတယ်။
5. အတွေးတွေရှုပ်ထွေးနေခြင်း
စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်ကထွက်လာတဲ့ ဖိစီးမှုဟော်မုန်းတွေက fight or flight response လို့ခေါ်တဲ့ တိုက်ခိုက်မလား၊ ထွက်ပြေးမလား တိုက်ပွဲတုန့်ပြန်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီတုန့်ပြန်မှုမျိုးဟာ ရံဖန်ရံခါစိတ်ဖိစီးမှုမျိုးအတွက်သာဖြစ်ပြီးတော့ ခဏတစ်ဖြုတ်တုန့်ပြန်မှုမျိုးသာဖြစ်ပါတယ်။ အရမ်းများလာတဲ့အခါမျိုးမှာဆိုရင် ဒီတုန့်ပြန်မှုကြောင့် အတွေးအခေါ်တွေ ပုံမမှန်တာမျိုး ဖြစ်လာနိုင်ပါတယ်။
Enervon-C Adult 2

6. စိတ်တိုအလိုမကျခြင်း
တစ်ပြိုင်နက်တည်း တောင်းဆိုချက်တွေများလာတဲ့အခါ လူတစ်ယောက်ရဲ့ပုံမှန်တုန့်ပြန်မှုက စိတ်တိုအလိုမကျဖြစ်လာတာပါပဲ။ ဒီပြဿနာဟာ အချင်းချင်းဆက်သွယ်မှုမှာရော၊ ကိုယ်ပိုင်ပျော်ရွှင်ကျေနပ်မှုကိုပါ ခက်ခဲလာစေပါတယ်။ အဓိကက စိတ်တိုအလိုမကျမှုတွေကို တားဆီးပြီး မြန်မြန်စိတ်တည်ငြိမ်စေဖို့ပါ။
7. စိတ်နှိုးဆွထကြွမှုနည်းလာခြင်း
စိတ်ဖိစီးမှုက အိမ်ထောင်ရေးသာယာမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အိမ်ထောင်ဖက်နဲ့အတူနေဖို့အချိန်မရလောက်အောင် အလုပ်ရှုပ်နေလို့သော်လည်းကောင်း၊ ပင်ပန်းနေလို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ စိတ်ဖိစီးမှုအပေါ် စိတ်ဖိစီးမှုထပ်ပိလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Zawgyi)
အခုေခတ္မွာ အလုပ္အကိုင္ေတြ၊ လူမႈဆက္ဆံေရးေတြ၊ ေငြေရးေၾကးေရးေတြေၾကာင့္ စိတ္ဖိစီးမႈေတြကို ခံစားရတတ္ပါတယ္။ ေန႔စဥ္ေန႔တိုင္း စိတ္ဖိစီးမႈေတြခံစားေနရတာပဲျဖစ္ျဖစ္၊ ဖ်ားနာေဝဒနာေတြ၊ သမီးရည္းစားျပႆနာေတြလိုမ်ိဳး ဘဝရဲ႕ထိုးနက္ခ်က္ေတြေၾကာင့္ပဲျဖစ္ျဖစ္ ကိုယ္ေရာစိတ္ပါ ႏြမ္းလ်လာတတ္ပါတယ္။
စိတ္ဖိစီးမႈက လူတစ္ေယာက္ခ်င္းစီအေပၚ သက္ေရာက္ပံုခ်င္းမတူညီတာေတြရွိသလို တူညီတဲ့အခ်က္ေတြလည္း ရွိေနႏိုင္ပါတယ္။
1. ေခါင္းကိုက္ျခင္း
တစ္ခ်ိဳ႕ေခါင္းကိုက္ပံုေတြက စိတ္ဖိစီးမႈနဲ႔ ဆက္စပ္ေနပါတယ္။ ဖိစီးမႈေၾကာင့္ေခါင္းကိုက္ျခင္းဟာ ေခါင္းႏွစ္ဖက္ကို သားေရႀကိဳးနဲ႔ပတ္ၿပီးေတာ့ ျဖည္းျဖည္းခ်င္းတင္းစည္းလိုက္သလိုပဲ ခံစားရတတ္ပါတယ္။ ေခါင္းပိုပိုကိုက္လာတယ္ဆိုရင္ စိတ္ဖိစီးမႈက တရားခံျဖစ္ေနတတ္ပါတယ္။
2. မၾကာမၾကာအေအးမိ၊ တုပ္ေကြးမိျခင္း
ေယဘုယ်ေျပာရမယ္ဆိုရင္ စိတ္ဖိစီးမႈနဲ႔ ကိုယ္ခံအားဆိုတာ ေျပာင္းျပန္အခ်ိဳးက်ပါတယ္။ စိတ္ဖိစီးမႈမ်ားေလေလ ကိုယ္ခံအားက်ေလေလပါပဲ။ စိတ္ဖိစီးမႈမ်ားရင္ ဒါမွမဟုတ္ တာရွည္လာရင္ ပိုဆိုးပါတယ္။ ခုခံအားက်ျခင္းေၾကာင့္ အေအးမိတုပ္ေကြးေလာက္ကေန ပိုဆိုးတဲ့ေရာဂါေတြအထိကို ျဖစ္နိုင္ပါတယ္။
3. အအိပ္အေနျပႆနာ
စိတ္ဖိစီးမႈက အိပ္ခ်ိန္ကိုထိခိုက္နိုင္ပါတယ္။ အိပ္ေပ်ာ္ဖို႔ရာခဲယဥ္းၿပီး တစ္ညလံုးနိုးေနေစတတ္ပါတယ္။ စိတ္ဖိစီးမႈအရမ္းမ်ားတဲ့အခါ အအိပ္အေနနည္းသြားၿပီး အိပ္ရင္လည္းေကာင္းေကာင္းအိပ္ေပ်ာ္မွာ မဟုတ္ပါဘူး။
4. စိတ္ပူပန္မႈမ်ားျခင္း
စိတ္ပူပန္မႈဆိုတာ ရွင္သန္ေနထိုင္ေနသေ႐ြ႕ ေတြ႕ႀကံဳေနရမယ့္ အရာတစ္ခုပါပဲ။ ဒါေပမယ့္လည္း တစ္ခ်ိန္လံုးစိတ္ပူပန္ေနရတယ္ဆိုရင္ေတာ့ စိတ္ဖိစီးမႈတစ္အားမ်ားတာေၾကာင့္ေသာ္လည္းေကာင္း၊ စိတ္ပူပန္မ်ားစိတ္ေရာဂါခံစားေနရတာေသာ္လည္းေကာင္း ျဖစ္နိုင္ပါတယ္။ ဒီလို စိတ္ပူပန္မႈမ်ားေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ျပၾကည့္ဖို႔လိုပါတယ္။
5. အေတြးေတြရႈပ္ေထြးေနျခင္း
စိတ္ဖိစီးမႈမ်ားတဲ့အခါ ခႏၶာကိုယ္ကထြက္လာတဲ့ ဖိစီးမႈေဟာ္မုန္းေတြက fight or flight response လို႔ေခၚတဲ့ တိုက္ခိုက္မလား၊ ထြက္ေျပးမလား တိုက္ပြဲတုန္႔ျပန္မႈေတြ ျဖစ္ေပၚလာေစပါတယ္။ ဒီတုန္႔ျပန္မႈမ်ဳိးဟာ ရံဖန္ရံခါစိတ္ဖိစီးမႈမ်ဳိးအတြက္သာျဖစ္ၿပီးေတာ့ ခဏတစ္ျဖဳတ္တုန္႔ျပန္မႈမ်ဳိးသာျဖစ္ပါတယ္။ အရမ္းမ်ားလာတဲ့အခါမ်ိဳးမွာဆိုရင္ ဒီတုန္႔ျပန္မႈေၾကာင့္ အေတြးအေခၚေတြ ပံုမမွန္တာမ်ိဳး ျဖစ္လာနိုင္ပါတယ္။
6. စိတ္တိုအလိုမက်ျခင္း
တစ္ၿပိဳင္နက္တည္း ေတာင္းဆိုခ်က္ေတြမ်ားလာတဲ့အခါ လူတစ္ေယာက္ရဲ႕ပံုမွန္တုန္႔ျပန္မႈက စိတ္တိုအလိုမက်ျဖစ္လာတာပါပဲ။ ဒီျပႆနာဟာ အခ်င္းခ်င္းဆက္သြယ္မႈမွာေရာ၊ ကိုယ္ပိုင္ေပ်ာ္႐ႊင္ေက်နပ္မႈကိုပါ ခက္ခဲလာေစပါတယ္။ အဓိကက စိတ္တိုအလိုမက်မႈေတြကို တားဆီးၿပီး ျမန္ျမန္စိတ္တည္ၿငိမ္ေစဖို႔ပါ။
7. စိတ္ႏႈိးဆြထႂကြမႈနည္းလာျခင္း
စိတ္ဖိစီးမႈက အိမ္ေထာင္ေရးသာယာမႈကို အဟန္႔အတားျဖစ္ေစနိုင္ပါတယ္။ အိမ္ေထာင္ဖက္နဲ႔အတူေနဖို႔အခ်ိန္မရေလာက္ေအာင္ အလုပ္ရႈပ္ေနလို႔ေသာ္လည္းေကာင္း၊ ပင္ပန္းေနလို႔ေသာ္လည္းေကာင္း ျဖစ္နိုင္ပါတယ္။ ဒီလိုနဲ႔ စိတ္ဖိစီးမႈအေပၚ စိတ္ဖိစီးမႈထပ္ပိလာတာမ်ိဳးေတြ ျဖစ္လာနိုင္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)





























