/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိတ်ဖိစီးမှုလျော့ကျစေသော-အစားအစာ-15-မျိုး

စိတ်ဖိစီးမှုလျော့ကျစေသော အစားအစာ (15) မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့နေရာတစ်နေရာကို ခရီးထွက်လိုက်တာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပေမယ့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာလည်း စိတ်တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပေးတာ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အခါ ဘယ်လိုအစားအစာတွေက စားသင့်လဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

 

1. ချောကလက်

        ဉာဏ်ရည်ကိုဖွံ့ဖြိုးစေပြီး နှလုံးသွေးကြောရောဂါအန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ ချောကလက်ဟာ စိတ်ဖိစီးမှုတွေကိုလည်း ကင်းေ၀းစေပါတယ်။

2. အခွံမာသီး

        အခွံမာသီးတွေမှာအိုမီဂါ (3) ဖက်တီးအက်ဆစ် ပါ၀င်တာကြောင့် အယ်ဇိုင်းမားရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာတို့ကို ပျောက်ကင်းစေနိုင်တဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း လျော့ချပေးနိုင် ပါတယ်။

3. ဟင်းနုနွယ်

        ဟင်းနုနွယ်မှာ သံဓာတ်ပါ၀င်မှုမြင့်မားတာကြောင့် အားအင်ကုန်ခန်းခြင်း၊ ခံတွင်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့စိတ်ပင်ပန်းတဲ့ရောဂါလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပြီး စိတ်ခံစားချက်ကိုပိုမိုကောင်းမွန်စေပါတယ်။

4. အီတလီခေါက်ဆွဲခြောက်

        ဂျုံနဲ့ပြုလုပ်ထားသော အီတလီခေါက်ဆွဲခြောက်မှာ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပါတယ်။

5. ပေါင်မုန့်အကြမ်း (အညို)

        ပေါင်မုန့်အညိုမှာလည်း မဂ္ဂနီဆီယမ်ဓာတ်မြင့်မားစွာပါ၀င်တာကြောင့် စိတ်ဖိစီးမှုကင်းေ၀းစေနိုင်ပါတယ်။

6. ဘလူးဘယ်ရီသီး

        အင်တီအောက်ဆီးဒင့်ပြည့်၀တဲ့ ဘလူးဘယ်ရီသီးဟာကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ အသက်အရွယ်လိုက်ဖြစ်တတ်သော ရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အပြင် စိတ်ကိုနိုးကြားတက်ကြွစေပါတယ်။

 7. ဗာဒံစေ့

        ဗာဒံစေ့မှာပါ၀င်တဲ့ သွပ်ဓာတ် (Zinc) နဲ့ Vitamin B12 စတဲ့ အာဟာရဓာတ်တွေဟာ စိတ်ခံစားချက်ကိုကောင်းစေပြီး စိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။

8. လက်ဖက်စိမ်းလက်ဖက်ရည်

        ဦးနှောက်လုပ်ဆောင်ချက်ကောင်းမွန်စေပြီး ကင်ဆာရောဂါအန္တရာယ်မှကင်းေ၀းအောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်ဟာ စိတ်ဖိစီးမှုတွေကိုလည်း တွန်းလှန်ပေးနိုင်ပါတယ်။

9. ငါး

        အိုမီဂါ (3)ဖက်တီးအက်ဆစ်ကြွယ်၀တဲ့ ဆော်လမွန်ငါး၊ ငါးကွမ်းရှပ်ငါးတွေကို စားသုံးခြင်းဖြင့် မှတ်ဉာဏ်စွမ်းအားတိုးတက်ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် စိတ်ပူပင်သောကတွေကို ကင်းေ၀းစေနိုင်ပါတယ်။

10. ဂျုံ (Oats)

        သွေးကြောများကိုကျုံ့စေသော သွေးထဲမှာပါ၀င်တဲ့ ဆီရိုတိုနင်ဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး သွေးတွင်း ကိုလက်စထရောကို လျော့ချပေးကာ စိတ်တည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။

11. နို့

        နို့မှာဆီရိုတိုနင်ဓာတ်ဖြစ်တည်ရာတွင် ကူညီပေးနိုင်တဲ့ ထရစ်ပတိုဖန်ဓာတ်ပါ၀င်တာကြောင့် စိတ်တည်ငြိမ်မှုကိုရရှိစေပါတယ်။

12. ပန်းဂေါ်ဖီစိမ်း

        ပန်းဂေါ်ဖီစိမ်းစားသုံးခြင်းဖြင့် ပိုတက်ဆီယမ်လျော့နည်းခြင်းကြောင့်ဖြစ်စေတဲ့ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပါတယ်။

13. ကီ၀ီသီး

        သွေးဖိအားကိုလျော့ချပေးနိုင်ပြီး ရောဂါများစွာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ကီ၀ီသီးဟာ စွမ်းအင်ကိုမြှင့်တင်ပေးနိုင်ကာ စိတ်ခံစားချက်ကိုတိုးတက်ကောင်းမွန်စေပါတယ်။

14. ငှက်ပျောသီး

        ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်ပါ၀င်တာကြောင့် နေ့စဉ်စားပေးပါက စိတ်ဖိစီးမှုတွေကို ကင်းေ၀းစေပြီး စိတ်ကိုတက်ကြွရွှင်လန်းစေနိုင်ပါတယ်။

 15. ဆန်

        ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကိုပေးစွမ်းနိုင်သော ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်) ရရှိစေတဲ့ အကောင်းဆုံးရင်းမြစ်ဖြစ်ပြီး စိတ်ခံစားချက်ကိုတိုးတက်ကောင်းမွန်စေနိုင်စွမ်းရှိပါတယ်။

 

 

Cho Thet

www.drmyanmar.com