/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိုးရိမ်စိတ်-လွန်ကဲခြင်း

စိုးရိမ်စိတ် လွန်ကဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အချို့မှာ အရာရာကို အကောင်းဆုံးမဖြစ်မှာကို စိုးရိမ်စိတ်လွန်ကဲ နေတတ်ကြပါတယ်။ ဒီလို စိုးရိမ်စိတ် လွန်ကဲတဲ့ရောဂါ ရှိတဲ့လူတွေဟာ အောက်ပါလက္ခဏာများနဲ့ လာတတ်ကြပါတယ်။

1.       လုပ်ငန်းခွင်မှာ၊ အိမ်မှာ၊ ပေါငး်သင်းဆက်ဆံရေးမှာ၊ လေ့ကျင့်ခန်းရုံမှာ စတဲ့ လုပ်သမျှ အရာရာတိုင်းမှာ အကောင်းဆုံးသာ ဖြစ်ချင်တတ်ကြပါတယ်။

2.       အရာရာကို ကိုယ်ဖြစ်စေချင်သလို ပုံသွင်း ကြိုးကိုင်ချင်ကြပါတယ်။

3.       အမြဲတမ်း မအားမလပ် ဖြစ်နေတတ်ကြပါတယ်။

4.       ညဘက်တွေ ကောင်းကောင်း အိပ်မပျော်ကြပါဘူး။

5.       နာကျင် ကိုက်ခဲတာ၊ တစ်ခုခုကို ခဏခဏ ပြန်ပြန်လုပ်တတ်တာ၊ အကြောဆွဲတာမျိုး ဖြစ်နေလေ့ ရှိပါတယ်။

6.       ခန်မှန်းမှန်းဆရ ခက်တတ်ပါတယ်။

7.       သူများတွေ စိတ်ပျက်သွားမှာကို သေလောက်အောင် ကြောက်လေ့ ရှိပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းမြင်အတွေးတွေ တွေးလေ့ရှိပါတယ်။

8.       သူတစ်ပါးကို ငြင်းရမှာ ကြောက်တတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)