/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/စိုးရိမ်ပူပန်မှုကို-ပိုမိုဆိုးဝါးစေသည့်-အလေ့အထများ

စိုးရိမ်ပူပန်မှုကို ပိုမိုဆိုးဝါးစေသည့် အလေ့အထများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  စားသောအစားအစာများထဲတွင် ကာဗိုဟိုက်ဒရိတ်ဓါတ်နည်းပါးခြင်း

              စားသောအစားအစာတွေထဲမှာ ကာဗိုဟိုက်ဒရိတ်ဓါတ်နည်းပါးခြင်းက စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဆီရိုတိုနင်ဟော်မုန်း (serotonin) ထွက်ရှိမှုကို အားနည်းစေပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ် ဓါတ်ကြွယ်၀စွာပါ၀င်တဲ့ အစားအစာတွေဖြစ်တဲ့ ကောက်နှံပါ၀င်တဲ့ အစားအစာတွေနဲ့ အုတ်ဂျုံစတာတွေကို စားသုံးပေးပါ။

2.  အရက်အလွန်အကျွံသောက်ခြင်း

              အရက်ဟာစိတ်ဓာတ်ကျစေနိုင်ပြီး စိတ်ကျန်းမာရေးကိုချို့ယွင်းစေပါတယ်။ အရက်အလွန်အကျွံသောက်တာကြောင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ရေးမ၀တာနဲ့အမျှ စိတ်ပူပန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ကို ပိုမိုခံစားရလေ့ရှိပါတယ်။

3.  မနက်စာတွင် အသားဓါတ်မပါခြင်း

              အသားဓါတ်က ခန္ဓာကိုယ်ကိုစွမ်းအင်ပြည့်၀နေစေပြီး သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။  ဒါ့အပြင် အသားဓါတ်ကိုချေဖျက်ရန် ခန္ဓာကိုယ်ကအချိန်ယူရတာကြောင့် အဆာခံစေပြီးသွေးတွင်းရှိ အချိုဓါတ်လျော့နည်းခြင်းမှလည်းကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာအချိုဓါတ်နည်းခြင်းကို ကာကွယ်ပေးခြင်းဖြင့်စိတ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

4.  ကော်ဖီအလွန်အကျွံသောက်သုံးခြင်း

              ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က အန္တရာယ်ကြုံတွေ့ချိန်မှသာ ခံစားရမဲ့ထိတ်လန့်မှုမျိုးဖြစ်အောင် လှု့ံဆော်ပေးတာကြောင့် စိတ်ပူပန်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

5.  ပြည့်၀ဆီအလွန်အကျွံစားသုံးခြင်း

              အာလူးကြော်၊ ပီဇာ၊ ဟမ်ဘာဂါတို့မှာပါ၀င်တဲ့ ပြည့်၀ဆီတွေကို အလွန်အကျွံစားသုံးခြင်းက အဆိပ်အတောက်တစ်မျိုးကိုထုတ်ပေးပြီး အူရောင်ရမ်းခြင်းကိုဖြစ်စေပါတယ်။ ၎င်းအူရောင်ရမ်းခြင်းက စိတ်ပူပန်မှုနဲ့ ဆက်စပ်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါပေမယ့် ပြည့်၀ဆီဟာလည်း ခန္ဓာကိုယ်က အနည်းငယ်သာ လိုအပ်တဲ့ အဆီဖြစ်တာကြောင့် အာလူးကြော်၊ ပီဇာ၊ ဟမ်ဘာဂါတို့အစား ဆော်လမွန်ငါး၊ ထောပတ်သီး၊ သံလွင်ဆီတို့ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။

6.  အစာမှန်မှန် မစားခြင်း

              အစာမှန်မှန်မစားတာကြောင့် သွေးတွင်းရှိ သကြားဓါတ်လည်း မတည်ငြိမ်ဖြစ်လာပါတယ်။ သကြားဓါတ်နည်းပါးလာခြင်းနှင့် စိတ်ပူပန်ခြင်းတို့က ဆက်စပ်မှုရှိပါတယ်။

 

 

Dr.Htet Htet Aung

www.drmyanmar.com