စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်နေပါသလား?
စိုးရိမ်ပူပန်မှုက နေထိုင်မကောင်းမှုနဲ့ ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲခြင်းတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုဆိုတဲ့ စိတ်ခံစားချက်က မေးရိုးများ တောင့်တင်းခြင်းကနေပြီး ပြင်းထန်တဲ့ ခေါင်းကိုက်မှုတွေအထိ ခန္ဓာကိုယ်အပေါ်မှာ အကျိုးသက်ရောက်မှု အများကြီး ရှိပါတယ်။
မနက်ခင်း အိပ်ရာထတဲ့အခါမှာ ခေါင်းကိုက်တာကို ခံစားရတယ်ဆိုရင် ညဘက်အိပ်ရာမဝင်မီမှာ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်တဲ့ လေ့ကျင့်ခန်း (သို့) တရားထိုင်ခြင်းနဲ့ မနက်ခင်းမှာ 10 မိနစ်လောက် တရားထိုင်တာမျိုး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အတွေးတွေကို ပြန်လည်လန်းဆန်းစေပြီး နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























