စောစောစီးစီးပြသစစ်ဆေးထားသင့်သော မျက်လုံးပြဿနာ ၈ မျိုး
မျက်လုံးဆိုတာက အရမ်းကိုအရေးကြီးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ သူလည်း ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လူတွေက တစ်ခါတစ်လေမှာ မျက်လုံးပြဿနာတွေကိုအရေးမကြီးဘူးထင်ပြီး လျစ်လျှူရှုထားတတ်ကြပါတယ်။
မျက်စိပြဿနာအချို့က အချိန်မှီကုသမှုမခံယူပါက လျင်မြန်စွာဆိုးရွားသွားနိုင်ပြီး အမြင်အာရုံကို အမြဲတမ်းထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါ့ကြောင့် အရေးကြီးတဲ့မျက်စိပြဿနာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
1. အမြင်အာရုံမရှင်းခြင်း
မျက်လုံးလှုပ်ရှားမှုလုပ်တိုင်းမှာ ရှေ့မှာ အစက်အပြောက်လိုလို၊ ကြိုးလိုလို၊ ပင့်ကူမျှင်လိုလိုကာနေတာတွေက အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အပြောင်းအလဲတွေပါ။ ဒီပြဿနာကအရမ်းမကြီးမားပေမယ့်လည်း မြင်လွှာကွာခြင်းလိုမျိုးကြီးမားတဲ့ပြဿနာတစ်ခုခုများလားဆိုပြီး မျက်စိစစ်ဆေးမှုခံယူတာကတော့ မမှားပါဘူး။ ဒါက ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ဖြစ်နိုင်သလို မိသားစုထဲမှာ မြင်လွှာကွာဖူးတဲ့ရာဇဝင်ရှိလို့လည်းဖြစ်နိုင်ပါတယ်။
Visionace 1
2. မျက်လုံးအမြဲနီနေခြင်း
တစ်ခါတစ်လေမျက်လုံးနီနေတာက ပုံမှန်ပါပဲ။ ဒါပေမယ့်လည်း အမြဲမျက်လုံးနီနေတယ်ဆိုရင်တော့ ဆရာဝန်သွားပြရပါမယ်။ ဆေးဆိုင်မှာဝယ်တဲ့မျက်စဉ်းတွေနဲ့ မျက်လုံးနီတာမသက်သာဘူးဆိုရင် ဒါက မျက်လုံးကစိုစွတ်မှုကို ကောင်းကောင်းထုတ်မပေးနိုင်တဲ့ မျက်လုံးခြောက်တဲ့ရောဂါလက္ခဏာစုကြောင့်ဖြစ်နိုင်သလို အခြားအခြေအနေတွေကြောင့်လည်းဖြစ်နိုင်တဲ့အတွက် စစ်ဆေးမှုခံယူပါ။
3. မျက်လုံးအမြဲခြောက်နေခြင်း
မျက်လုံးခြောက်ခြင်းအတွက်ကတော့ ဆေးဆိုင်တွေကနေ အလွယ်တကူရရှိနိုင်တဲ့မျက်ရည်တုလုပ်ပေးတဲ့ မျက်စဉ်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်စိဆရာဝန်နဲ့အရင်ပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်က omega-3 fatty acid သောက်ဆေးပေးလို့မှ မသက်သာရင်တော့ မျက်ရည်ထွက်စေဖို့အတွက်လိုအပ်တာကိုလုပ်ပေးပြီး မျက်စဉ်းတွေညွှန်ကြားပါလိမ့်မယ်။ ဒါတွေအားလုံးဘာနဲ့မှမသက်သာဘူးဆိုရင်တော့ မျက်ကြည်လွှာမှာအနာဖြစ်နေလို့ဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေနဲ့ကုသနိုင်ပါတယ်။
4. မျက်လုံးထဲကိုဓာတုပစ္စည်းဝင်ခြင်း
မျက်လုံးထဲကို ပန်းကန်ဆေးဆပ်ပြာရည်ဝင်သွားရင်ဘာလုပ်မလဲ။ အရင်ဆုံးတော့ ရေနဲ့ချက်ချင်းဆေးချပါ။ မျက်စိထဲကို အထူးသဖြင့် ပြင်းအားများတဲ့ဓာတုပစ္စည်းတွေ၊ သန့်စင်ဆေးရည်တွေဝင်တဲ့အခါမှာ ရာသက်ပန်ထိခိုက်ပျက်စီးခြင်းတွေနဲ့ အနာရွတ်ထင်ခြင်းတွေကိုဖြစ်စေနိုင်တဲ့အတွက် ချက်ချင်းဂရုစိုက်ဖို့အရေးကြီးပါတယ်။
5. မျက်လုံးကိုက်ခြင်း၊အောင့်ခြင်း
မျက်လုံးကိုက်တာ ဘယ်လိုပဲကိုက်ကိုက် ဆရာဝန်သွားပြဖို့လိုပါတယ်။ မျက်လုံးစူးပြီးအောင့်တာက မျက်လုံးထဲမှာတစ်ခုခုစိုက်နေတာကြောင့် (သို့) ဘက်တီးရီးယားပိုး (သို့) ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ မျက်လုံးကိုက်တာကတော့ မျက်လုံးရောင်ရမ်းခြင်း၊ မျက်လုံးထဲမှာဖိအားများခြင်း (သို့) မျက်မှန်ပါဝင်ပြောင်းဖို့လိုလို့ြဖ်စနိုင်ပါတယ်။
Visionace 2
6. အလင်းပတ်လည်မှာ ဖြာထွက်နေခြင်း
ဒါက မျက်ကြည်လွှာ (သို့) မျက်မှန်က ကိုယ်နဲ့မကိုက်ညီတဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ ocular migraine ကြောင့်လည်းဖြစ်နိုင်ပါတယ်။
7. မျက်စိစွံခြင်း
မျက်ခွံမှာရှိတဲ့ အဆီထုတ်ပေးတဲ့ဂလင်းတွေရောင်ရမ်းတာ (သို့) ရောဂါပိုးဝင်တာဖြစ်ပါတယ်။ ဒါက တစ်ရက်နှစ်ရက်အတွင်းမှာပြန်ပျောက်နိုင်ပေမယ့် မကြာခဏပြန်ပြန်ဖြစ်တယ်ဆိုရင် (သို့) ပြန်မပျောက်သွားဘူးဆိုရင် စစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။
8. ရုတ်တရက် အလင်းရောင်ကိုမခံနိုင်ခြင်း
ရုတ်တရက် မျက်လုံးထဲကိုအလင်းဝင်တဲ့ဒဏ်မခံနိုင်တဲ့အတွက် ပြတင်းပေါက်မှာအကာလိုတာမျိုးက ocular migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့်ဖြစ်နိုင်သလို မျက်လုံးရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆေးခန်းပြပြီးစစ်ဆေးမှုခံယူတာ မမှားပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























