/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆန်လုံးညို-စားခြင်းကြောင့်-ဗိုက်နာစေနိုင်ပါသလား

ဆန်လုံးညို စားခြင်းကြောင့် ဗိုက်နာစေနိုင်ပါသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယေဘုယျအားဖြင့် ဖြူအောင်လုပ်ထားတဲ့ အစေ့အဆံ့တွေထက် သဘာဝအတိုင်းက ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်။ ဆန်လုံးညိုတွေကို ဖြူသွားအောင် ဖွတ်ခြင်း၊ ကြိတ်ခြင်းက ဆန်ဖြူသွားစေရုံတင် မဟုတ်ဘဲ ဆန်လုံးညိုမှာ သဘာဝအတိုင်းပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုပါ ဖယ်ရှားလိုက်ပါတယ်။ ဆန်လုံးညိုက ဖြူနေအောင် လုပ်ထားတဲ့ဆန်တွေထက် အာဟာရဓာတ် ပိုများတာမှန်ပေမယ့် သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် အချို့လူတွေမှာ ဗိုက်နာစေပါတယ်။

 

>>    ဆန်လုံးညိုအကြောင်း

        ဆန်လုံးညိုမှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီဆန်ကို ဖြူသွားအောင် ကြိတ်လိုက်ခြင်းအားဖြင့် ဒီအမျှင်ဓာတ်အများစုကို ဖယ်ရှားလိုက်ပါတယ်။ ဆန်လုံးညိုတစ်ခွက်မှာ အမျှင်ဓာတ် 7.3 g၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နိုအက်ဆစ် များစွာပါဝင်သလို ပရိုတင်း 11.42 g, မဂ္ဂနီဆီယမ် 177 g န့ဲ niacin 10 mg ပါဝင်ပါတယ်။ ဆန်လုံးညိုစားပြီး ဗိုက်နာတယ်ဆိုရင် ဒါက အမျှင်ဓာတ်ကြောင့်ပါပဲ။

 

 

Kremil-S 1

>>    အမျှင်ဓာတ်ဆိုတာ ဘာလဲ?

        အစားအစာတွေထဲမှာ ပါဝင်တဲ့အမျှင်ဓာတ်က ကျွနု်ပ်တို့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ကျွနု်ပ်တို့ စားလိုက်တဲ့အမျှင်ဓာတ်တွေကို အစာမချေနိုင်ပေမယ့် ဝမ်း ပုံမှန်သွားဖို့၊ သွေးတွင်း သကြားဓာတ်နဲ့ ကိုလက်စရောဓာတ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ရာမှာ အရေးကြီးပါတယ်။ ဒါ့အပြင် ဒီအမျှင်ဓာတ်က ဗိုက်ပြည့်စေပြီး ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့အတွက် ကိုယ်အလေးချိန်ကျဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဖြူနေတဲ့ဆန်တွေအစား ဆန်လုံးညိုကို စားသုံးခြင်းဖြင့် အမျှင်ဓာတ်ကို ပိုမိုရရှိစေပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးအတွက် တစ်နေ့ကို အမျှင်ဓာတ် 38 g လိုအပ်ပြီး အသက် 50 အောက် အမျိုးသမီးတစ်ဦးအတွက် 25 g လိုအပ်ပါတယ်။

 

>>    ဗိုက်နာခြင်း

        ဆန်လုံးညိုစားတာ အမျှင်ဓာတ် ပိုမိုရရှိစေပြီး ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုပေမယ့် မြန်မြန်ကြီး အစားထိုးစားပါက ဗိုက်နာစေပါတယ်။ အထူးသဖြင့် ဆန်လုံးညို၊ ပန်းသီး၊ ဘယ်ရီသီး၊ ပဲ၊ မုန်လာဥနီနဲ့ အခြားသဘာဝအတိုင်း အစေ့အဆံ့တွေ ကဲ့သို့သော အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေကို ရုတ်တရက် အများကြီး စားသုံးခြင်းဖြင့် ဗိုက်ရစ်ပြီးနာခြင်း၊ ဗိုက်ကယ်ခြင်း၊ လေထိုးခြင်း စတာတွေကို ခံစားရနို်င်ပါတယ်။

 

 

Kremil-S 2

>>    သတိပြုသင့်သည့် အချက်များ

        ဒီလိုမျိုး ဗိုက်နာသက်သာစေဖို့အတွက် ဆန်လုံးညို ပြောင်းစားမယ်ဆိုပါက ဖြည်းဖြည်းချင်း စ,စားပါ။ ဆန်လုံးညိုစားရင် ဗိုက်နာတတ်တယ် ဆိုပေမယ့် တစ်ခါတလေမှာ အစားအစာ ဓာတ်မ,တည့်ခြင်း၊ အစာအိမ်အတွင်းမှ အက်ဆစ် ပြန်ကန်တက်ခြင်း၊ သည်းခြေအိတ် ကျောက်တည်ခြင်းနဲ့ အခြားအူပြဿနာတွေကြောင့်လည်း ဗိုက်နာတတ်တယ် ဆိုတာကို သတိပြုပါ။ တကယ်လို့ ရင်ဘတ်အောင့်တယ်၊ သွေးအန်တယ်၊ ဗိုက် မခံနိုင်အောင် နာတယ်ဆိုရင်တော့ ချက်ချင်းဆရာဝန်နဲ့ ပြသပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)