ဆနွင်းက ကျန်းမာရေးအတွက်ကောင်းစေ
ဆနွင်းဟာ အရှေ့တောင်အာရှအစားအစာတွေကြားမှာ ရေပန်းစားတဲ့ ဟင်းခတ်အမွှေးအကြိုင်တခုဖြစ်ရုံသာမက ကင်ဆာမဖြစ်အောင်တားဆီးပေးနိုင်ခြင်း၊ အဆစ်ရောင်ဝေဒနာကို လျှော့ကျစေခြင်း၊ အရောင်ကျစေခြင်း၊ စိတ်ကျေ၀ဒနာကိုသက်သာစေခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးတွေပေးစွမ်းနိုင်တဲ့ သဘာဝရဲ့လက်ဆောင်တခုဖြစ်ပါတယ်။
ဆနွင်းမှာ မတူညီတဲ့ပစ္စည်းအမျိုးပေါင်း 200 ကျော်ပါဝင်ပေမယ့် အဓိကပါဝင်တာကတော့ ceremin ဆိုတာ ဓာတုပစ္စည်းပဲဖြစ်ပါတယ်။ ဝါတောက်နေတဲ့ဆနွင်းအရောင်ကလည်း cureumin ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဆနွင်းရဲ့ အာနိသင်တွေနဲ့ပတ်သက်ပြီး စမ်းသပ်မှုတွေအများကြီးပြုလုပ်ခဲ့ကြပေမယ့် အများစုက ကြွက်များဖြင့်စမ်းသပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် သုတေသီတွေက လူပေါင်း 100 ကျော်ပါ၀င်တဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ကြပါတ်ယ။ လူပေါင်း 100 ကို အုပ်စု 3 စုခွဲပြီး ပထမအုပ်စုကို ဆနွင်းလက်ဖက်စားဇွန်းနှင့် 1 ဇွန်း နေ့စဉ်အစားအစာများတွင် ထည့်သွင်းကျေွးမွေးခြင်း၊ ဒုတိယအုပ်စုကို ပထမအုပ်စုနှင့် ပမာဏတူသောဆနွင်းဖြည့်စွက်ကျေွးမွေးခြင်း၊ တတိယအုပ်စုကိုတော့ ဘာအာနိသင်မှမရှိတဲ့ ဆေးပြားတွေရက်သတ္တပတ် 6 ပတ်ခန့်တိုက်ကျေွးခဲ့ကြပါတယ်။ ဒါ့အပြင်ပါဝင်ပတ်သက်သူ အမျိုးသမီးများထံမှ ရင်သားကင်ဆာရှိသူအမျိုးသမီးနှင့် ရင်သားကင်ဆာမရှိသူ အမျိုးသမီးတွေရဲ့ တစ်သျှူးကိုနှိုင်းယှဉ်ခဲ့ရာ ခန္ဓာကိုယ်ရှိဆဲလ်များ ကင်ဆာဆဲလ်အဖြစ်သို့မကူးပြောင်းမီ ဆဲလ်များရဲ့ ဒီအန်အေမှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကိုတွေ့ခဲ့ရပါတယ်။ အဲဒီ ဒီအန်အေပြောင်းလဲမှုကို အချိန်မီသိရှိပြီး ပြုပြင်နိုင်ပါက ကင်ဆာဆဲလ်အဖြစ်သို့ ကူးပြောင်းခြင်းကို တားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆနွင်းကိုအစားအစာများတွင် ထည့်သွင်းစားသုံးသူတွေမှာ နှင်းခူ၊ ပန်းနာရင်ကြပ်ဝေဒနာနှင့် ကင်ဆာရောဂါတွေနဲ့သက်ဆိုင်တဲ့ မျိုးရိုးဗီဇနှင့်ပတ်သက်ပြီး ထူခြားမှုရှိတာကိုတွေ့ခဲ့ရပါတယ်။ ဆနွင်းဖြည့်စွက်ဆေးစားတဲ့အုပ်စုနဲ့ အာနိသင်မရှိတဲ့ဆေးဝါးတွေကို တိုက်ကျေွးထားတဲ့အုပ်စုမှာတော့ အဲဒီထူးခြားမှုကိုမတွေ့ရဘူးလို့ဆိုပါတယ်။
ဘာကြောင့် ဆနွင်းဖြည့်စွက်ဆေးစားသုံးသူတွေမှာ ဘာကြောင့် အဲဒီထူးခြားမှုကိုမတွေ့ရတာလဲ။ ဖြစ်နိုင်ချေရှိတာကတော့ အဆီစိမ့်နှင့် ဆနွင်းပေါင်းစပ်မိခြင်း ဒါမှမဟုတ် အပူပေးလိုက်မိခြင်းကြောင့် ခန္ဓာကိုယ်က ဆနွင်းကို ပိုမိုစုပ်ယူနိုင်တာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို အတည်ပြုဖို့အတွက် လေ့လာမှုတွေထပ်မံပြုလုပ်ရန်လိုအပ်တယ်လို့ လေ့လာမှုမှာ ပါဝင်ခဲ့သူ Neweastle University မှ Dr.Kirsten Brandt ကဆိုပါတယ်။
Dr. Htet Htet Aung






























