/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဆယ်ကျော်သက်အရွယ်မှာ-ဘယ်အာဟာရတွေ-အဓိက-လိုအပ်တာလဲ

ဆယ်ကျော်သက်အရွယ်မှာ ဘယ်အာဟာရတွေ အဓိက လိုအပ်တာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ဆယ်ကျော်သက်အရွယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ အများဆုံးအရွယ် ဖြစ်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းလေးတွေပေါ့။ ဒီလိုအရေးကြီးတဲ့အရွယ်မှာ ဘာတွေကျွေး ဘယ်လိုဂရုစိုက်ပေးကြမယ်ဆိုတာ စဉ်းစားကြည့်ကြရအောင်။
●    စိတ်ဖိစီးတာအတွက် ဗီတာမင် C ၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B အုပ်စုတွေ လိုအပ်ပါတယ်။
    ဒေါသကြီးတဲ့ စိတ်မရှည်တဲ့ ဆယ်ကျော်သက်အတွက် ထောပတ်သီး၊ အစေ့အဆံတွေ                ဟင်းတွေကို အသီးအရွက်ဆီနဲ့ ချက်ပြုတ်တာအပြင် အဆီများတဲ့ငါးတွေ များများကျွေးပေးခြင်းဖြင့် ဦးနှောက်စွမ်းအား တိုးတက်စေပြီး စိတ်ဖိစီးမှု၊ စိတ်အလိုမကျမှုတို့ကို လျော့နည်းစေနိုင်ပါတယ်။
●    မိန်းကလေးတွေမှာ ရာသီစလာတဲ့အတွက် စိတ်အပြောင်းအလဲ စိတ်လှုပ်ရှားမှု များပါတယ်။ ဗီတာမင် B6 နဲ့ ဇင့်ဓာတ်တွေ အဓိကလိုအပ်ပြီး အရေပြားနဲ့ အရိုးကျန်းမာရေးအတွက် ကယ်လဆီယမ်၊ ဖော့စ်ဖရပ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် D ဓာတ်တွေ လိုအပ်ပါတယ်။ အသားငါး၊ ပင်လယ်စာ၊ အစေ့အဆံ၊ အစိမ်းရင့်ရင့် အသီးအနှံတွေ အများကြီး စားသုံးပေးဖို့ လိုပါတယ်။
●    အပြင်ထွက်ပြီး နေရောင်ခြည်ခံပေးဖို့ လိုပါတယ်။ မနက် 8 နာရီလောက်မှာ နေရောင်ခြည်နုနုလေး ခံယူသင့်ပါတယ်။
●    အသက် 11 နှစ်က စလို့ အိုင်အိုဒင်း လိုအပ်ချက် ရှိလာပါပြီ။ သိုင်းရွိုက်ဂလင်းနဲ့ ဟော်မုန်းအလုပ်လုပ်ဖို့ လိုအပ်တာကြောင့် အိုင်အိုဒင်းဆား စားသုံးပါ။

●    မိန်းကလေးတွေမှာ ရာသီလာလို့ဖြစ်တဲ့ သွေးဆုံးရှုံးမှုကို ထေမိစေဖို့ ပဲအမျိူးမျိုး၊ အသည်းအမြစ်၊ ဟင်းနုနွယ် စတာတွေ ဖြည့်သွင်းစားသုံးပါ။ လိုအပ်ရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သံဓာတ်အားဆေးတွေလည်း သောက်နိုင်ပါတယ်။
●    ကြီးကောင်ဝင်ကာစမှာ ခန္ဓာကိုယ်လေး ကြီးထွားလာဖို့ ပရိုတင်း အသားဓာတ်ကတော့ အဓိကအရေးပါတာပေါ့။ တစ်နေ့ကို အသားလေးတုံးကနေ ခြောက်တုံးထိ စားဖို့လိုပြီး ပဲမျိူးစုံပါ စားဖို့လိုပါတယ်။
●    ဖြစ်နိုင်ရင် သွေးစစ်ဆေးပြီး သွေးတွင်း သံဓာတ်ပမာဏ လျော့နည်းနေရင် ဖြည့်စွက်ဆေးဝါး တိုက်ကျွေးရပါမယ်။ ဆယ်ကျော်သက်အရွယ်ဟာ ကြီးထွားအရပ်ရှည်ဖို့ နောက်ဆုံးအခွင့်အရေးမို့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ကာ ပြည့်ဝကျန်းမာအောင် များများစားကြပါစို့။
●    အချိုရည်တွေ သိပ်သောက်တဲ့ ဆယ်ကျော်သက်တွေဟာ အဝလွန်တာတွေ ဖြစ်လာကြပါတယ်။ အချိုမကဲ အငန်မလွန်ဘဲ သမမျှတတဲ့ သစ်သီးဝလံ ဦးစားပေးတဲ့ အစားအသောက်ပုံစံကို ရွေးစားပါ။ ကော်ဖီ၊ လက်ဖက်ရည်မစွဲတာ ပိုကောင်းပါတယ်။ ဆယ်ကျော်သက်မှာ လက်ဖက်ရည်စွဲရင် တစ်ဘဝလုံး သောက်ဖြစ်နေတော့မှာပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Zawgyi)

          ဆယ္ေက်ာ္သက္အရြယ္ဆိုတာ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ အေျပာင္းအလဲ အမ်ားဆံုးအရြယ္ ျဖစ္ပါတယ္။ ကိုးတန္း၊ ဆယ္တန္းေလးေတြေပါ့။ ဒီလိုအေရးႀကီးတဲ့အရြယ္မွာ ဘာေတြေကြၽး ဘယ္လိုဂ႐ုစိုက္ေပးၾကမယ္ဆိုတာ စဥ္းစားၾကည့္ၾကရေအာင္။

●        စိတ္ဖိစီးတာအတြက္ ဗီတာမင္ C ၊ မဂၢနီဆီယမ္၊ ဗီတာမင္ B အုပ္စုေတြ လိုအပ္ပါတယ္။

          ေဒါသႀကီးတဲ့ စိတ္မ႐ွည္တဲ့ ဆယ္ေက်ာ္သက္အတြက္ ေထာပတ္သီး၊ အေစ့အဆံေတြ                ဟင္းေတြကို အသီးအရြက္ဆီနဲ႔ ခ်က္ျပဳတ္တာအျပင္ အဆီမ်ားတဲ့ငါးေတြ မ်ားမ်ားေကြၽးေပးျခင္းျဖင့္ ဦးေႏွာက္စြမ္းအား တိုးတက္ေစၿပီး စိတ္ဖိစီးမႈ၊ စိတ္အလိုမက်မႈတို႔ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

●        မိန္းကေလးေတြမွာ ရာသီစလာတဲ့အတြက္ စိတ္အေျပာင္းအလဲ စိတ္လႈပ္႐ွားမႈ မ်ားပါတယ္။ ဗီတာမင္ B6 နဲ႔ ဇင့္ဓာတ္ေတြ အဓိကလိုအပ္ၿပီး အေရျပားနဲ႔ အ႐ိုးက်န္းမာေရးအတြက္ ကယ္လဆီယမ္၊ ေဖာ့စ္ဖရပ္၊ မဂၢနီဆီယမ္နဲ႔ ဗီတာမင္ D ဓာတ္ေတြ လိုအပ္ပါတယ္။ အသားငါး၊ ပင္လယ္စာ၊ အေစ့အဆံ၊ အစိမ္းရင့္ရင့္ အသီးအႏွံေတြ အမ်ားႀကီး စားသံုးေပးဖို႔ လိုပါတယ္။

●        အျပင္ထြက္ၿပီး ေနေရာင္ျခည္ခံေပးဖို႔ လိုပါတယ္။ မနက္ 8 နာရီေလာက္မွာ ေနေရာင္ျခည္ႏုႏုေလး ခံယူသင့္ပါတယ္။

●        အသက္ 11 ႏွစ္က စလို႔ အိုင္အိုဒင္း လိုအပ္ခ်က္ ရွိလာပါၿပီ။ သိုင္းရြိဳက္ဂလင္းနဲ႔ ေဟာ္မုန္းအလုပ္လုပ္ဖို႔ လိုအပ္တာေၾကာင့္ အိုင္အိုဒင္းဆား စားသံုးပါ။

●        မိန္းကေလးေတြမွာ ရာသီလာလို႔ျဖစ္တဲ့ ေသြးဆံုး႐ႈံးမႈကို ေထမိေစဖို႔ ပဲအမ်ိဴးမ်ိဳး၊ အသည္းအျမစ္၊ ဟင္းႏုႏြယ္ စတာေတြ ျဖည့္သြင္းစားသံုးပါ။ လိုအပ္ရင္ ဆရာ၀န္ညႊန္ၾကားတဲ့အတိုင္း သံဓာတ္အားေဆးေတြလည္း ေသာက္ႏိုင္ပါတယ္။

●        ႀကီးေကာင္ဝင္ကာစမွာ ခႏၶာကိုယ္ေလး ႀကီးထြားလာဖို႔ ပ႐ိုတင္း အသားဓာတ္ကေတာ့ အဓိကအေရးပါတာေပါ့။ တစ္ေန႔ကို အသားေလးတံုးကေန ေျခာက္တံုးထိ စားဖို႔လိုၿပီး ပဲမ်ိဴးစံုပါ စားဖို႔လိုပါတယ္။

●        ျဖစ္ႏိုင္ရင္ ေသြးစစ္ေဆးၿပီး ေသြးတြင္း သံဓာတ္ပမာဏ ေလ်ာ့နည္းေနရင္ ျဖည့္စြက္ေဆးဝါး တိုက္ေကြၽးရပါမယ္။ ဆယ္ေက်ာ္သက္အရြယ္ဟာ ႀကီးထြားအရပ္႐ွည္ဖို႔ ေနာက္ဆံုးအခြင့္အေရးမို႔ ေနာက္ဆံုးပိတ္ အိတ္နဲ႔လြယ္ကာ ျပည့္ဝက်န္းမာေအာင္ မ်ားမ်ားစားၾကပါစို႔။

●        အခ်ိဳရည္ေတြ သိပ္ေသာက္တဲ့ ဆယ္ေက်ာ္သက္ေတြဟာ အဝလြန္တာေတြ ျဖစ္လာၾကပါတယ္။ အခ်ိဳမကဲ အငန္မလြန္ဘဲ သမမွ်တတဲ့ သစ္သီးဝလံ ဦးစားေပးတဲ့ အစားအေသာက္ပံုစံကို ေရြးစားပါ။ ေကာ္ဖီ၊ လက္ဖက္ရည္မစြဲတာ ပိုေကာင္းပါတယ္။ ဆယ္ေက်ာ္သက္မွာ လက္ဖက္ရည္စြဲရင္ တစ္ဘဝလံုး ေသာက္ျဖစ္ေနေတာ့မွာပါ။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)