ဆယ်ကျော်သက်အရွယ်လေးတွေမှာ ခေါင်းခဏခဏကိုက်နေရင်
• စိတ်ထဲမှာ သက်တောင့်သက်သာရှိပါစေ။ မိသားစု၊ သူငယ်ချင်း၊ ကျောင်းစတဲ့တစ်ခုခုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာရာရအောင် နည်းလမ်းရှာပေးပါ။
• ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးပါ။ အစာပုံမှန်မစားဘဲအစာစားချိန်တွေလွန်သွားတာ၊ အာဟာရပြည့်ဝတဲ့အစားအစာတွေမစားတာကလည်း ခေါင်းကိုက်တာကိုပိုဆိုးစေပါတယ်။
• အိပ်ရေးဝဝအိပ်ပါ။ အိပ်ခါနီးအချိန်တွေမှာ လျှပ်စစ်ပစ္စည်းတွေကို မသုံးဘဲနဲ့ ပြည့်ပြည့်ဝဝနှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။
• အရက်နဲ့ မူးယစ်ဆေးတွေကိုရှောင်ပါ။ အရက်တွေ မူးယစ်ဆေးတွေက ခေါင်းကိုက်စေသလို တခြားပြဿနာမျိုးစုံကိုလည်းဖြစ်စေပါတယ်။
• ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားလုပ်တာက စိတ်ဖိစီးမှုကိုလျော့ကျစေပြီးတော့ ပိုပြီးကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ endorphins ထွက်စေပါတယ်။
• မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးပါ။ မျက်လုံးအားစို်က်ရတာများရင်လည်းခေါင်းကို်က်တတ်ပါတယ်။ အခုခေတ်မှာက ဖန်သားပြင်တွေကိုအကြည့်များလွန်းတော့ မျက်လုံးကိုလည်းအနားပေးပြီးတော့ လေ့ကျင့်ခန်းလေးလုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ဒီတော့ မိနစ် ၂၀ ကြာတိုင်းကြာတိုင်းမှာ မျက်လုံးကိုဖန်သားပြင်ကနေအကြည့်လွှဲပြီးတော့ အနားပေးပေးပါ။
Bio Adult 1

• အပူ (သို့) အအေးကပ်ပေးပါ။ ရေနွေးအိတ် (သို့) ရေခဲအိတ်လေးကို တဘက်လေးပတ်ပြီးတော့ ရောင်နေတဲ့ကြွက်သားတွေကိုကပ်ပေးပါ။ ရေနွေးလေးနဲ့ရေချိုးပေးတာကလည်းကောင်းပါတယ်။
• ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုအမြဲဂရုစိုက်ပါ။ လမ်းလျှောက်ရင်ပဲဖြစ်ဖြစ်၊ ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ် နောက်ကျောနဲ့ပုခုံးတွေကိုမတ်နေအောင်သတိထားပြီးတော့နေပါ။
ဖိအားတွေကြောင့်ဖြစ်တဲ့ခေါငး်ကိုက်တာကို အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး သက်သာစေနိုင်ပါတယ်။ ဒီဆေးတွေသောက်လို့မသက်သာဘူးဆိုရင်တော့ ဆရာဝန်ပြကြည့်ပါ။
အသက် ၁၅ နှစ်အောက်ကလေးတွေကို Aspirin တိုက်လို့မရပါဘူး။ Aspirin က ကလေးတွေမှာ Reye’s Syndrome လို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုးကိုဖြစ်စေနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























