ဆီးကျောက်ဖြစ်နေရင် ဘာလုပ်လို့ရမလဲ
ရေများများ သောက်ပါ။ အထူးသဖြင့် လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာပေါ့။
စားတော့မယ်ဆို ဘာတွေပါလဲ အရင်ကြည့်ပါ။ ဆိုဒီယမ်ကလိုရိုက်၊ အချိုမှုန့်၊ ဆိုဒီယမ်နိုက်ထရိတ်များတဲ့ အစားအသောက်တွေကို လျှော့စားပါ။
ကိုယ်စားမယ့် အစားအသောက်ကို သတိထား ရွေးပါ။ ဟင်းနုနွယ်တွေ၊ အစေ့အဆံတွေ များများစားပေးပါ။ ကယ်လ်ဆီယမ်အောက်ဇလိတ် calcium oxalate ကြောင့်ဖြစ်တဲ့ ကျောက်ဆိုရင် အောက်ဇလိတ် oxalate များတဲ့ -
● အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့၊ မြေပဲစတဲ့ အစေ့အဆံတွေ
● ပဲအမျိုးမျိုး
● ချော့ကလက်
● အုတ်ဂျုံ
● ဟင်းနုနွယ်၊ ဆလတ်၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥတွေကို လျှော့စားပေးပါ။
>> အောက်ဇလိတ် Oxalate နည်းတဲ့ ဒီလိုအစားအစာမျိုးတွေကို စားလို့ရတယ်။
● စပျစ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး
● သခွားသီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲ
● ချိစ်၊ နို့၊ ထောပတ်
● အမဲသား၊ ဝက်ပေါင်ခြောက်၊ ကြက်သား၊ ကြက်ပေါင်ခြောက်
ဆစ်ထရစ်အချဉ်ဓာတ်များတဲ့ သံပရာ၊ သံပရိုတွေ စားပေးရင်လည်း ဆီးကျောက်ကို သက်သာစေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























